
ဝမ်းနည်းတုန်လှုပ်နေလား
မင်းရဲ့ခံစားချက်ကို တို့်နားလည်ပါတယ်.
ဒီအချိန်မှာ မင်းတစ်ယောက်တည်းနေချင်နေတဲ့စိတ်ကိုလည်း
တို့မကန့်ကွက်ပါဘူး…
ဒါပေမယ့်သူငယ်ချင်းရယ်..
တို့တွေကမ်းလိုက်တဲ့လက်လေးတွေကိုတော့
မင်းမပုတ်ချသင့်ဘူးလေ..
တို့နဲ့မင်းရဲ့ ခင်မင်မှုသံယောဇဉ်ဟာ
ရောင်စဉ်ခုနစ်သွယ်ပေါင်းစပ်ပြီးဖြစ်လာတဲ့ အဖြူရောင်ဒြပ်စင်တစ်ခုပါ.
မင်းစိတ်ညစ်ရင် တို့လည်းစိတ်ညစ်တယ်.
အဲဒီ့အခါကျရင်တော့တို့ရဲ့စိတ်မှာ အမည်းရောင်ဖြစ်နေတယ်ကွာ.
မင်းပျော်ရွှင်ရင် တို့လည်းကြည်နူးတယ်.
အ၀ါရောင်လေးတွေဖုံးလွှမ်းတဲ့နေ့တစ်နေ့ပေါ့
တို့ကို မင်းပစ်ထားရင် တို့စိတ်မကောင်းဖြစ်ရတယ်.
ပတ်ဝန်းကျင်တစ်ခွင်လုံး အစိမ်းရောင်ဖုံးလွှမ်းတဲ့ နေ့တစ်နေ့ပါပဲလေ…
ဒီလိုဖြစ်ရတာကို တို့ဝမ်းတော့မနည်းပါဘူး
အနည်းဆုံးတို့စိတ်ထဲမှာ ဘာအရောင်ရှိတယ်ဆိုတာသိခွင့်ရနေလို့
တို့အသက်ရှင်နေတယ်ဆိုတာ ပိုသေချာနေတယ်လေ.

ခုတော့ကွာ.
မင်းကဘာမှအသိမပေးဘဲပျောက်ကွယ်သွားတယ်
တို့ဘာကို နားလည်ရမှာလဲ.
တို့ပတ်ဝန်းကျင်မှာ အရောင်တွေခန်းခြောက်သွားတာကြာပြီ.
ပြန်လာပါသူငယ်ချင်းရယ်..
မြက်ခင်းစိမ်းလေး နွမ်းမကြွေသွားခင်ပေါ့
ငြိမ်းချမ်းတဲ့အပြာရောင်လေးတွေ ဟိုတစ်ခွင်မှာ မကြာခင်တောက်ပလာတော့မယ်
ငိုကြွေးနေတဲ့ မင်းရဲ့နှလုံးသားကို ချွေးသိပ်လိုက်ပါတော့ကွာ.
ဘ၀ဆိုတာရပ်နေလို့မရဘူးလေ.
မင်းကို တို့တွေစောင့်နေကြတယ်.
ခေါင်းလောင်းသံတွေ မဆူညံခင်မှာ
တို့တွေဒီတောအုပ်ထဲက အမြန်ရုန်းထွက်ကြမယ်နော်.
လာ.သူငယ်ချင်း
သွားကြစို့……

5 comments:
ဒါလေး တို့လည်း ခံစားရတယ် ။ သူလည်း မင်းကဗျာလေးကို ခံစား မြင်နိုင်ပါစေလို့ ... ။
good poem
အနုသယနယ်မှာ
သမုဒယ တကယ်မကင်းတာကြောင့်
အချစ်ရယ်..
အခုဘ၀မှာတော့ သူငယ်ချင်း ...
လို့သာပြောလိုက်ပါတော့လား ကိုရန်ုအောင်ရယ်...
မှတ်ချက်၊ ၊ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာဖြစ်ပါသည်။
အိပ်မက်ထဲက ချစ်သူ
နှင်းဖြူဇာလွှာ ပိုးပုဝါကြား
မျက်နှာငွေလ ရွှန်းမြမြကို
ပြပြရေးရေး မြင်မက်သေးလည်း
ဝေးခဲ့ကြသည့် ချစ်ပုံပြင်...
ဘယ်သူ့ကဗျာလဲ မမှတ်မိတော့ပါ။ ကဗျာပါစာသားများ လွဲနေရင်လည်း ခွင့်လွှတ်ပါ။ :P
မင်္ဂလာပါ
ရွှေသူငယ်ချင်းများ website မှနှုတ်ခွန်ဆက်သလိုက်ပါတယ်။ Internet ပေါ်မှာတကွဲတပြားဖြစ်နေတဲ့သူငယ်ချင်းတွေအတွက် ရွှေသူငယ်ချင်းများ website ကိုတည်ထောက်လိုက်ပါပြီ။
ရွှေသူငယ်ချင်းများ website မှာ
- ဓါတ်ပုံများကိုလွှင့်တင်ခြင်း
- youtube, google နှင့် အခြားသော website များမှ မိမိနှစ်သက်သော video များကို ဝေမျှခံစားခြင်း
- web log (blog) များကို ရေးသားခြင်း
- အဖွဲ့ဝင်များ online ဆွေးနွေးကြခြင်း (online chat function)
- offline နှီးနှောဖလည်ပွဲများပြုလုပ်ခြင်း (forum function)
- ၀ါသနာတူအဖွဲ့ငယ်များဖွဲ့စည်းတည်ထောင်ကြခြင်း
တို့ကို ယခုပင်စတင်ဆောင်ရွက်နိုင်ပါပြီ။ အခြားသော function များကိုလည်း သင့်တော်သလို ထပ်မံထည့်သွင်းသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြိုဆိုလျှက်
ရွှေသူငယ်ချင်းများ
www.ShweFriends.com
Post a Comment