Saturday, May 12, 2007

အကြွေနလုံးသားရဲ့မာန




ငါ….
ဒီနေရာကို ငါပြန်မလာချင်ဘူး
ဒီပတ်ဝန်းကျင်ကို ငါပြန်မတွေ့ချင်ဘူး
ဒီမျက်နှာတစ်ချို့ကို ငါပြန်မမြင်ချင်ဘူး

ငါ..
ဒီနေရာကို ပြန်လာခဲ့တယ်.
ငါ့ရဲ့ပကတိမာကျောတဲ့ စိတ်ဓာတ်ကို မင်းသိအောင်လို့
ဒီပတ်ဝန်းကျင်ကို ပြန်လည်ပျော်ဝင်ခဲ့တယ်.
ငါ့ရဲ့ထီမထင်တဲ့ အပြုံးတွေကို မင်းခံစားသက်ဝင်အောင်လို့
ဒီမျက်နှာတွေကို ပြန်လည်နှုတ်ဆက်ခဲ့တယ်.
ငါ့ရဲ့မလဲပြိုတဲ့ နှလုံးသားကို မင်းသိအောင်လို့



မင်း
ငါ့ကိုဖြိုလှဲတယ်
ငါမလဲဘူး

မင်း
ငါ့ကိုအမှည့်ခြွေချွေတယ်
ငါမကြွေဘူး

မင်း
ငါ့ကို ချိုးနှိမ်ဖို့ကြိုးစားတယ်
ငါဦးမကျိုးဘူး

အချစ်ရဲတစ်ဖက်မှာ အမုန်းရှိတယ်တဲ့.
အမုန်းထက်ပိုပြီးအားပြင်းတဲ့ တွန်းအားတစ်ခုရှိနေသေးတယ်
အဲဒါဘာလဲ သိလား
မာနပဲ…





9 comments:

pandora said...

ဟယ် အဲလိုတွေ မဖြစ်ကြနဲ့လေ ဒွတ်ခပါပဲ

pandora said...

ဟယ် အဲလိုတွေ မဖြစ်ကြနဲ့လေ ဒွတ်ခပါပဲ

Anonymous said...

မောင်ရန်.. ကဗျာလေးအနေနဲ့ အရမ်းဖတ်လို့ ကောင်းတယ် ။ ဒါပေမယ့်မင်းရဲ့ အတွေ့ အကြုံဖြစ်နေရင်တော့ ၊ အားလုံးကို ခ၀ါချလို့ မေ့ပျောက်ဖို့ ကြိုးစားပါလို့ပဲ တိုက်တွန်းချင်တယ် ။ အဲလိုလုပ်ဖို့ တို့လည်း ကြိုးစားနေတယ် ။ မမေရဲ့ ခုတင်လိုက်တဲ့ ပို့စ်တခုထဲကလို ခွင့်လွှတ်ခြင်းသည် အောင်နိုင်ခြင်းတဲ့ ။

Anonymous said...

မဂျစ်ကြီးတို့ မမေတို့လိုခွင့်လွှတ်ဖို့ပြောဖို့အထိတော့ ဘာညာ မရင့်ကျတ်သေးဘူးလို့အဲ့လိုတော့ မပြောလိုက်နိုင်သေးဘူးကိုရန်။
ဒါပေမဲ့ကိုရန်overcome လုပ်လိုက်နိုင်တာကိုဝမ်းသာပါတယ်။ aza aza fighting bro!!!!!

Yan said...

ဟုတ်... ပန်ဒိုရာ
ဟုတ်... မဂျစ်
ဟုတ်... ဘာညာ
ဟုတ်...
ဟုတ်...
ဟုတ်...

Thelay said...

ကိုရန်အောင်….
တကယ်တော့…အသဲကွဲတယ်ဆိုတာ…တခဏ ခံစားမှု တခုပါပဲ…ဖြစ်တုန်းခဏမှာ…နာကျင်ပေမယ့်…အချိန်ကြာလာတာနဲ့ အမျှ ဒါဟာဘာမှ မဟုတ်တော့ဘူးလို့ ထင်လာမှာပါပဲ…အချိန်က ကိုရန်ကို.. အမြန်ကုစားနိုင်ပါစေ…
မေ့ဖို့လဲ မကြိုးစားပါနဲ…မုန်းဖို့လဲ.. မကြိုးစားပါနဲ..ကိုရန်ပဲ..ပင်ပန်းရမှာပဲ…သူနဲ့ ကိုယ်နဲ့ ရေစက်ကုန်သွားတယ်လို့..တွေးပြီး… ဥပက္ခ ပြုနိုင်အောင် ကြိုးစားပါ…သူ့ကိုလဲ..အပြစ်မတင်ပါနဲ့…တကယ်တော့…ကိုယ့်စိတ်ကိုယ်တောင်မနိုင်တဲ့..လောကကြီးမှာ..သူများ စိတ်ကို ဘယ်နိုင်ပါ့မလဲနော်…သံသရာခရီး တယောက်မှာ..ကိုရန်သူ့အပေါ် တခုခုလုပ်ခဲ့လို့ နေမှာပေါ့နော်…ကျေအေးလိုက်ပါ…တကယ်လို့ နောင်မှာ..ကိုရန်က ပြန်…ပြုဖို့ အခွင့်အရေးရခဲ့ရင်တောင်…ပြန်မပြုမိဖို့..ဆုတောင်းပါနော်…အားလုံးဟာ…အကြောင်းနဲ့..အကျိုးကြီးပါပဲ…သူလဲ..သူ့အကြောင်းနဲ့ သူရှိမှာပေါ့နော်….

ကိုရန်တယောက်အရင်လိုပဲ..မြန်မြန် ပျော်ပျော်ရွှင်ရွှင်နေ နိုင်ပါစေ….မေတ္တာစစ်နဲ့ ချစ်ရမယ့်သူနဲ့လဲ…အမြန်ဆုံးတွေ့ပါစေ..

(ဟဲဟဲ..ကြူံတုန်းဆရာလုပ်ကြည့်တာ…)

Anonymous said...

ညလေး ကော်မက်ဝင်ရေးထားတာ ပေါ်ဘူးလား။
နောက်တခေါက်ထပ်ရေးမယ် ဥပေက္ခာပြုလိုက်ပါ။
ညလေးဆို ဘာမှ စိတ်ထဲ ထည့်မထားဘူး။

စိုးဇေယျထွန်း said...

ကျွန်တော်ကတော့ မာနတွေခ၀ါချလိုက်ပြီ။ အချစ်ကြောင့်လေ . . ။
ကိုရန်အောင် ဒီကဗျာ အရဆိုရင် ကျွန်တော်ရထားတဲ့ သတင်းက ခိုင်လုံနေပြီနော် :D

YeeMon said...

ကိုရန်
မာနဆိုတာ တန်ဖိုးကြီးပေမဲ့ အချစ်ဆိုတာလဲ မသေး ငယ်ပါဘူး။မာနကို မေ့ပစ်ထားလို့ ရော မရတော့ဘူးလား ကိုရန်.......မာနကိုရောကောင်မလေးကိုရော အခုမေ့
လိုက်ပါ။ချစ်သူအသစ်ရရင်တော့ မာနလေးကို မေ့လိုက်ပါ
တော့နော်။