
ငါက မင်းအတွက် လှေလေးတစ်စင်းပါ
မင်းရဲ့ ဘ၀မြစ်ပြင်ကျယ်ကြီးကို ကူးဖြတ်ရာမှာ အဆင်ပြေစေဖို့
ငါ့ကို လိုသလို အသုံးချပါ
တစ်ဖက်ကမ်းကို ရောက်ရင်တော့ မင်းငါ့ကိုလှည့်မကြည့်နဲ့တော့နော်

ငါက မင်းအတွက် မီးပြတိုက်လေးတစ်ခုပါ
မင်းရဲ့ဘ၀အမောတွေထဲမှာ အမိုက်မှောင်တွေကို ဖယ်ရှားပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ပန်းတိုင်ကို မြင်သွားရင်တော့ မင်းငါ့ကိုမျက်ကွယ်ပြုခဲ့ပါတော့နော်

ငါက မင်းအတွက် တံတားလေးတစ်စင်းပါ
မင်းရဲ့ဟာကွက်တွေကို တေ့ဆက်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ ပြည့်စုံခြင်းတွေကို ရရှိသွားတဲ့တစ်နေ့ကျရင်တော့ မင်းငါ့ကို နင်းကန်ထွက်ခွာသွားပါတော့နော်

ငါက မင်းအတွက် အိမ်လေးတစ်လုံးပါ
မင်းရဲ့ မလုံခြုံမှုတွေကို ကာကွယ်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်ရှာတွေ့သွားရင်တော့ မင်းငါ့ရဲ့ရိပ်မြုံလေးကို
စွန့်ခွာသွားပါတော့နော်.

ငါက မင်းရင်ဘတ်ထဲက နှလုံးသားတစ်စုံ မဟုတ်ပေမယ့်
မင်းကတော့ ငါ့ရင်ဘတ်ထဲက အသက်ငွေ့နွေးနွေးလေးပါ
ငါမရှိလို့ မင်းဘာမှ မဖြစ်ပေမယ့်
မင်းမရှိရင်တော့ ငါ့ဘ၀ဟာ
နေမရှိတဲ့ကမ္ဘာ
ရေမရှိတဲ့မြစ်
ပန်းမပွင့်တဲ့ရဂုံပမာ ဖြစ်နေမှာမို့
ချစ်သူရယ်
အကြင်နာအလင်းတန်းလေးတွေ ဖြာဝေပေးပါ
ကြည်နူးမျက်ရည်များ သွန်းဖြိုးပေးပါ
လှိုက်ဖိုအနမ်းပန်းလေးများ မျှခြွေပေးပါ
ငံ့လင့်စောင့်မျှော်နေသူရဲ့
မမွှေးပျံ့တဲ့ အမိုက်မှောင်ကမ္ဘာကြီးထဲက
မြစ်ငယ်လေးတစ်စင်းအတွက်ပေါ့…

8 comments:
မောင်ရန်ရေ.. လွမ်းလို့ မပြီးသေးဘူးလားကွ ။ ထွက်တော့လေ ။ သိပ်လွမ်းလွန်းရင် လွမ်းနာကျပြီး နာလန်မထူနိုင်ပဲ နေမယ်း)
ကဗျာလေးက ကောင်းတယ် ။ ပုံလေးတွေလည်း မိုက်တယ် ။
မဂျစ်လွမ်းနေဒါကို တော့မမှီသေးပါဝူး.. ကွိကွိ..
ကဗျာလေးတွေကိုဖတ်လိုက်တာနဲ့ ရင်ထဲမှာ ဘာတွေခံစားနေလဲ ချက်ချင်းသိသာစေတယ်ဗျာ :) နောင်လည်း များများရေးပါဗျာ။ အားပေးနေပါတယ် :)
ဟိုက် ရှားဘား တကယ်ခိုက်သွားပြီ
များများချစ်ရင်..များများ hot တယ်...
အဲ့တော့ နည်းနည်း လျှော့ရိက်ပါလား..
burn သွားမှာဆိုးရို့ပြောတာ...ဟီး.
အလွမ်းတွေဝေလားဗျာ။ ကောင်မလေးတော့ မသိဘူး။ ကျွန်တော်တော့ ကြွေနေပြီ :P
အလွမ်းတစ်ခုအရင်းပြု၍ှနုရွစာလှ သီကုံးပြချင် ကြင်သူသက်ထား သိစေသားလော့.....
ကျွန်တော်နဲ့အတူ လာပြီး လွမ်းနာကျပေးကြတဲ့ ဘော်ဘော်ရောင်းရင်းများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ.
ဟတ်ဟတ်ဟတ်...
အရမ်းလှတဲ့ ကဗျာလေးပါပဲ ကိုရန်
ကိုရန်တော်ပါပေတယ်
Post a Comment