Wednesday, May 23, 2007

Cbox အကြောင်း သိကောင်းစရာလေးများ...


ဒီတစ်ခါတော့ ဆီဗုံးလို့ အများစုက ချစ်စနိုးပြောင်ခေါ်နေကြတဲ့ Cbox နဲ့ ပတ်သက်တာ လေးတွေ ကျွန်တော်သိသလောက် ရေးပေးပါမယ်.

Cbox ဆိုတာကတော့ ဘလော့ဂ်တွေ တော်တော်များများမှာ တွေ့နေရတဲ့ ဘလော့ဂ်ရေးသူနဲ့ လာလည်သူတွေကြားက communication tool လေးတစ်ခု ပါပဲ. လာလည်သူတွေ ကလည်း သူတို့ပြောချင်တဲ့ Message တွေကို Cbox မှာ ထားခဲ့တယ်။ ဘလော့ဂ်ပိုင်ရှင်ကလည်း ပြန်ပြောမယ်။ မှန်တာကို ပြောစတမ်းဆိုရင် ကိုယ့်ရဲ့ Cbox မှာ လာလည်သူတွေ များတာကို ဘလော့ဂ်ပိုင်ရှင်တိုင်း ၀မ်းသာအားရ ဖြစ်မိကြပါတယ်။

ခုနောက်ပိုင်းဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နောက်ပြောင်တာ လေးတွေကို ဆီဗုံးမှာ ရေးခဲ့ကြတယ်။ အပြင်က မောမောနဲ့ ပြန်လာပြီးနောက် ကျွန်တော်ပထမဆုံး လုပ်တာကတော့ Email စစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆီဗုံးမှာ ဘယ်သူတွေ ၀င်ရေးသွားလဲ၊ ဘယ်သူတွေ ၀င်ဖွသွားလဲ ဆိုတာကို အရင်ကြည့်တာပါပဲ။

ကဲ. စလိုက်ကြရအောင်လားဗျာ.

ပထမဆုံး http://www.cbox.ws/ ကိုသွားပါ။ Account တစ်ခု Sign Up လုပ်ပါ။ See all styles မှာ ကိုယ်ကြိုက်တဲ့ Color လေးတွေ ရွေးယူလို့ ရပါတယ်။



ပြီးရင် ကိုယ့် Account ထဲကို ၀င်ပါ။ Admin Tab ကိုသွားပါ။ အဲဒီ့နေရာကနေ ကိုယ့်ရဲ့ Cbox ကို အမျိုးမျိုး manage လုပ်လို့ ရပါတယ်။

Width တွေ Height တွေလည်း ပြောင်းလို့ရပါတယ်။ Default ပေးထားတဲ့ Width က တော်တော်ကျဉ်းပါတယ်။ ၁၆၀ ပဲ ပေးထားပါတယ်။ ၂၀၀ (သို့) ၂၂၀ လောက် ပြောင်း ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ စာတွေ ကောင်းကောင်းမြင်ရတဲ့ အဆင့်ထိ ရောက်သွားပါလိမ့်မယ်။ စိတ်ကြိုက်ပြောင်းယူပါ။ ကိုယ့်ရဲ့ Template က ပေးထားတဲ့ Column Width နဲ့ ကိုက်ညီအောင် ပြောင်းယူပါ။



Form Layout မှာတော့ Cbox ရဲ့ Design ကို ပြောင်းယူလို့ရပါတယ်။ Message ရေးတာကို အပေါ်မှာ ထားလို့ရသလို အောက်မှာလည်း ထားလို့ရပါတယ်။ ကိုယ့် စိတ်ကြိုက် ပြောင်းကြည့်ပါခင်ဗျာ။

Messages တို့၊ Message Length တို့မှာလည်း ကိုယ်လိုသလို Setting ကိုထားနိုင် ပါတယ်။

Cbox ကို မိတ်ဆက်တဲ့ အပိုင်းကတော့ ပြီးပါပြီ။ ခုပြောမှာကတော့ အရေးကြီးတဲ့ အပိုင်းပါ။ Cbox မှာ မြန်မာလို စာကောင်းကောင်းပေါ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ပြဿနာပါ။

Colors & Fonts ကို သွားပါ။ Fonts ဆိုတာကို သွားပါ။ သူ့ရဲ့ Default က Arial Font ကို ပေးထားပါတယ်။ အဲဒီ့ Box လေးနေရာမှာ Zawgyi-One လို့ ပြောင်းရိုက်ပေးလိုက်ပါ။ ပြီးရင် Apply Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ မြန်မာလို စာကောင်းကောင်း ပေါ်ပါပြီ။



နောက်တစ်ခုကတော့ Smilies Tab ပါ။ အပေါ်ခပ်ကျကျနေရာလေးက Preset Smilies ဆိုတာလေးကို နှိပ်လိုက်ရင် ခုလို ပုံမှာ မြင်ရပါလိမ့်မယ်။



အဲဒီ့နေရာမှာ ကိုယ့် Cbox ထဲမှာ ပေါ်စေချင်တဲ့ Smilies Color လေးတွေကို ပြောင်းလို့ရပါတယ်။ Default Blue, Default Orange, Default Yellow လို့ ပေးထားပါတယ်။ ကြိုက်ရာပြောင်းယူနိုင်ပါတယ်။

Customize Smilies ကို ပြန်သွားပါ။ ခုပြောမှာကတော့ ကိုယ်ကြိုက်တဲ့ Smilies ပုံလေးတွေကို ဘယ်လိုထည့်လို့ ရနိုင်မလဲ ဆိုတာပါပဲ။



New Row ကို ယူလိုက်ပါ။ URL Address နေရာမှာ ကိုယ်ထည့်ချင်တဲ့ Smilies ပုံလေးရဲ့ URL ကို ရိုက်ထည့်ပေးလိုက်ပါ။ Code နေရာမှာတော့ ကိုယ့်ရဲ့ Smilies လေးအတွက် သီးသန့် သင်္ကေတလေးတစ်ခု ကိုယ့်ဖာသာကိုယ် လုပ်ပေးလိုက်ပါ။ ဥပမာ ဟားတိုက်ရီနေတဲ့ ပုံလေးထည့်ထားမိရင် :)) လို့ ရိုက်ထည့်ပြီး မှတ်ခိုင်းထားတဲ့ ပုံစံမျိုးပေါ့။

My Users Tab ကတော့ Diabled ဖြစ်နေပါတယ်။ သူကတော့ ပိုက်ဆံသွင်းထားတဲ့ Registered Users တွေအတွက်ပဲ ရပါတယ်။ Blocked Users ကတော့ ကိုယ့်ဘက်က Block လုပ်ထားတဲ့ User တွေနဲ့ ပတ်သက်တဲ့ Information တွေ ပြထားတာပါ။

Messages မှာကတော့ ကိုယ့် Cbox မှာ ရေးထားတဲ့ Messages တွေကို Manage လုပ်လို့ရပါတယ်။



ကိုယ်ဖျက်ချင်တဲ့ Message ကို Tick လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ ကိုယ် Ban လုပ်ချင်တဲ့ User ကိုလည်း Tick လုပ်ပြီး Ban ဆိုတာကို နှိပ်လိုက်လို့ရပါတယ်။ ဒါဆိုရင် အဲဒီ့ user ကိုယ့် Cbox မှာ စာလာရေးလို့ မရတော့ပါဘူး။ IP Address ကိုလည်း Tracking လိုက်လို့ ရပါတယ်။ ဘယ်နေရာကနေ စာလာရိုက်တယ်ဆိုတာကို သိနိုင်တာပေါ့။ ကျွန်တော်သုံးတဲ့ IP Tracking Tool ကတော့ IP Hacker ပါ။

Cbox အကြောင်းကတော့ ဒီမှာ ပြီးပါပြီ။

ကိုယ့်ရဲ့ဘလော့ဂ်မှာ Cbox တင်ဖို့အတွက် Quick Setup ကို ပြန်သွားပါ။ သူပေးထားတဲ့ Codes တွေကို ကူးယူပါ။



ပြီးရင် Blogger ထဲကို Sign in ၀င်ပြီးတော့ Template>Add Page Element မှာ HTML/JavaScript ကို ရွေးလိုက်ပါ။ ပြီးရင် ကူးယူလာတဲ့ Code လေးတွေ ကို ထည့်ပေးလိုက်ရုံပါပဲ။



Add a Page Element ကိုနှိပ်လိုက်လျှင် မြင်ရမည့်ပုံ



အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ခင်ဗျာ။ မရှင်းတာရှိရင်လည်း Comments ထဲမှာ ၀င်ရောက် မေးမြန်းနိုင်ပါတယ်။

မှတ်ချက်။

၁. Cbox တွင် အကောင်းအဆိုးရောနေသည်။ Cbox ထည့်ထားခြင်းကြောင့် မိတ်ဆွေများတိုးပွားလာနိုင်သကဲ့သို့ အမည်မဖော်ဘဲ ၀င်ရောက်နှောင့်ယှက် တတ်သူများကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည်။

၂. Blogger အသစ်များအနေဖြင့် Cbox ရှိထားခြင်းသည် မိမိဘလော့ဂ်အတွက် လာလည်သူများထံမှ အကြံဥာဏ်ကောင်းများ ပိုမို၍ ရလာစေနိုင်ပါသည်။ မိတ်ဆွေ များလည်း ပိုမိုတိုးပွားလာစေနိုင်ပါသည်။

၃. Cbox မရှိသော ဘလော့ဂ်သို့ ၀င်လျှင် မရင်းနှီးသေးသော သူစိမ်းအိမ်သို့ အလည်သွား ရသည်နှင့် တူပါသည်။ ထို့ပြင် မိမိအား အေးစက်စက်နှင့် ဆက်ဆံနေသကဲ့သို့ ခံစားရပါသည်။

(ဤကား စာရေးသူ၏ အာဘော်ပင် ဖြစ်၏…)


15 comments:

YeeMon said...

ကိုရန်ရေ..အခုတလော ရည်မွန် blog တွေကို သွားတိုင်း တော်တော်များများမှာ cbox က မမြင်ရဘူး။ကိုရန့် ဘလော့ခ်မှာရောပဲ။ကိုစိုးဇေယျဆီမှာ လဲ ဖတ်မရဘူး။ problem page ပဲ ၀င်လာတယ်။ ရည်မွန် ဘလော့ခ်မှာလဲ မမြင်ရဘူး။တစ်ခါတစ်လေတော့ရတယ်။ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။cbox webpage ကိုလဲ သွားလဲသွားမရဘူး။ဘာဖြစ်လို့ လဲ ပြောပြပါဦး။
ရည်မွန်

Yan said...

Refresh လုပ်လိုက်ရတယ် ရည်မွန်လေး.
Cbox က ခဏခဏ ဒေါင်းတတ်တယ်. အဲဒါကို ဖြေရှင်းချင်ရင် Browser ကို Refresh ပြန်လုပ်ပေးလိုက်ပါ. တစ်ခါမရရင် နောက်တစ်ခါပေါ့. ဟုတ်ပြီလား..
အဲလိုလုပ်လို့မှ မရရင်တော့ အဲဒီ့ဘလော့ဂ်မှာ Cbox မရှိဘူးလို့သာ သဘောထားလိုက်ပါ. ဟတ်ဟတ်ဟတ်

Thet Htoo@Myat Lone said...

ကိုရန်အောင်ရေ။ အစ်ကို့ဆီက ဘလော့ဂ်လုပ်နည်း လမ်းညွှန်လေးတွေ မြန်မာတီးရှော့မှာ တင်လိုက်ပြီနော်။ ခွင့်မတောင်းပဲ တင်လိုက်တာ ဆောရီးနော်။

Yan said...

ရပါတယ်ကိုမျက်လုံးရာ. ခုလိုတင်ပေးတဲ့အတွက် ကိုမျက်လုံးကိုတောင် ကျေးဇူးတင်ရဦးမှာပါ..

YeeMon said...

အစ်ကိုရေ...
ဆီဗုံးဝက်ဆိုဒ်ကိုလသြွားမရဘူး။ရည်မွန့် ဆီမှာ ရော ဆီဗုံးကို မြင်ရလားအစ်ကို..ရည်မွန်တော့ သူများ ဘလော့ခ်တွေကို အကြာကြီးသွားပြီး ကိုယ့် ဘလော့ခ်ကို ပြန်သွားတာတောင် တော်တော်ကြိုးစားမှ ရတယ်အစ်ကိုရေ...အခုမှ ဖြစ်တာ..အရင်က အကောင်းကြီးပဲ။
ရည်မွန်

Moesat said...

ကိုရန်အောင်ရေ…ကျွန်တော်က အခုမှဘလော့ကိုစလုပ်ဖြစ်တာပါ။ cbox လုပ်နည်းကိုအကို့ ဆီကကြည့်ပြီးလုပ်လိုက်တာ အားလုံးအဆင်ပြေသွာတယ်။ ကျေဇူးကမ္ဘာပါဗျာ။

Anonymous said...

I lost my cbox and i can't log in to www.cbox.ws....
What should I do??
pls help me...
thz!!

sawphonelu2010@hotmail.com said...

ကိုရန်အောင် ခင်ဗျား

သူငယ်ချင်းတစ်ယောက် က ညွှန်လို့ အစ်ကို့ဆီ က ဆီဗုံး လုပ်နည်း ကို ယူလိုက်ပါတယ်။ font မမြင်ရလို့ နည်း နည်း ရွာလည် လိုက် သေးတယ်။ ဒါ ပေမယ့် အောက်မှာ ကြော်ငြာတစ်ခု ဝင်နေ တယ်။ ကျေးဇူး ပါ ပဲ ခင်ဗျား ။

လူသား said...

ကိုရန်အောင် ခင်ဗျား..
cbox information အတွက်ကျေးဇူးပါ...
နောက်လိုအပ်တာရှိရင်လည်းလာယူပါအုံးမယ်ခင်ဗျား..

ထွဋ်ခေါင် said...

ဗျို့.. အစ်ကိုရန်အောင် အစ်ကိုပြောတဲ့အတိုင်း ကလိလိုက်တာ အကုန်လုံးအဆင်ပြေသွာပီ..
ကျေးဇူအ၇မ်းတင်တယ်သိလား.. နောက်ထပ်နည်းပညာ အသစ်တွေတင်ပေးဦးနော.. အစ်ကိုအစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးနေမယ်...

ကတုံး said...

ကိုရန်အောင်ရေ . . . အကိုပြောတဲ့အတိုင်း Cbox လုပ်တာပဲ။ ဒါပေမဲ့ ကျွန်တော် blog မှာ Add a Page Element မပေါ်ဘူးဖြစ်နေတယ်။ ဘယ်လိုဆက် လုပ်ရမလဲ? ပြောပြပေးပါအုံး ခင်ဗျာ။

waiphyo said...

အကို ကျွန်တော့ ဘလော့ မှာ Add Page Element ကို အကိုပြထားတဲ့ နေရာ မှာ မတွေဘူး။တခြားနေရာမှာ လည်းရှာမတွေဘူးဘယ်နေ၇ာမှလဲ ပြောပြပါဦးဗျာ။

Anonymous said...

ကိုရန်ရှင့်...ကျေးဇူး
cbox အပိုင်းတော့ အိုကေသွားပြီ။ ကျေးဇူး ကျေဇူး...ကိုရန် ဒီ့ထက်မက အောင်မြင်ပါစေနော်...

Anonymous said...

အကိုရေ ကျနော်လည်းဘလော့ရေးထားတယ်
လုပ်ပုံလုပ်နည်းတွေကတော့အကို့ ဆီကရောသူများရေး
တာတွေရောလေ့လာပြီးလုပ်တာပါ
ပို့ တင်တာကတော့ သူမျာျးှကcopy လုံးလုံး
ကြီးမယူပါဘူး ဒေါင်းလုပ်ယူလိုက်တယ်ကိုသုံးကြည့်တယ်အဆင်ပြေပြီဆိုမှ
ကို့ အမြင်နဲ့ ကိုပြန်ရေးတာပါ လင့်တွေကလည်း
hosting ဆိုဒ်မှာတင်ပြီးမှထည့်တာပါ
အဲ့ဆိုအဆင်ပြေမယ်ထင်ပါတယ်နော် အရင်လူတွေလုပ်ပြီး
ကို့ ကလေ့လာရတာပါ လေ့လာပြီးမှပြန်တင်ပေးတာပါ
အကို့ျှကလည်းချက်ဘောက်လုပ်နည်းတွေ
တခြားအစုံပါပဲလာလေ့လာသွားတယ်နော် ကျနော့ ဘလော့က www.zwmnna.co.cc ပါ

8Yar said...

အစ်ကိုခင်ဗျာ စီပုံးလေးလာယူသွားပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။