Wednesday, May 02, 2007

ဘလော့ဂါကျွတ်တမ်းဝင်ခြင်း


ဟာ မဖြစ်သေးပါဘူး…
အမြဲတမ်းပေါ့ပါးသွက်လက်နေတဲ့ စိတ်တွေ အချစ်ကြောင့်လေးကုန်ပြီ. မမိုက် တော့ဘူး..ကိုယ်ချစ်တာလည်း သူကဘယ်တော့မှ သိမှာမဟုတ်. သိပြန်ရင်လည်း အဖြေက မကောင်း..ဒီတော့ မင်းဘာလုပ်မလဲ…

ပျော်သလိုသာနေပါကွာ.
ဘ၀ကြီးကတကယ်တိုတောင်းပါတယ်. ခံစားချက်တွေလည်း အထိုက်အလျောက် ရှိခဲ့ပြီ. ခုကိစ္စမှာသူကလည်း မင်းလိုမျိုးဖြစ်ချင်ဖြစ်မယ်. မဖြစ်ချင်မဖြစ်ဘူး. မင်းမှာက လုပ်စရာတွေ ကျန်နေသေးတယ်. (ဘလော့ဂ်စာအုပ်ထုတ်ရမယ်. စာအုပ်အတွက် ပိုက်ဆံတွေလည်းကောက်ရဦးမယ်. ဘလော့ဂါလောကကြီး အတွက် ဘလော့တွေ အများကြီးလုပ်ဖို့ရယ်၊ ပို့စ်တွေရေးဖို့ရယ်လည်း ရှိသေး တယ်. ဟင်း…. အများကြီးမှ အများကြီး…)

ဒီတော့ကွာ ဒါတွေကို ခဏလောက်ခံစားပြီးရင် ထားခဲ့လိုက်ပါတော့. ရင်ဘတ်ကိုကော့ ခေါင်းကိုမော့ပြီး ထုံးစံအတိုင်း ပျော်ရွှင်တက်ကြွစွာနဲ့ မင်းရဲ့ဘ၀အတွက် ဆက်လက်ကြိုးစားပါတော့ကွာ.

ဘာပဲဖြစ်ဖြစ်ပါ.ကဗျာနှစ်ပုဒ်တော့ အဖတ်တင်သွားတယ်.
ဟဲဟဲဟဲ…




4 comments:

Anonymous said...

ဗိုက်ပူလေးတွေ ကတာကြည့်လို့ကောင်းတယ်
သူတို့က တကယ်ကြီးကတတ်လို့လားဟင်

Tagger said...

တကယ်ြီ့းတော့ ဘယ်ကတတ်ပါ့မလဲ Thunder ရယ်. ချစ်ဖို့တော့ တော်တော်ကောင်းတယ်နော်. Rap သီချင်းလေးနဲ့ ကနေတာ. တော်တော်လည်း ထွင်တတ်တဲ့ ပညာရှင်တွေပဲ. ချီးကျူးဖို့ကောင်းတယ်..

chitsanm said...

ဟုတ်တာပေါ့ ကိုရန်ရေ... အချစ်က ဒီလိုပါပဲ ကြည်နူးမှုတွေ အများကြီးပေးစွမ်းသလို နာကြီးမုန်းတီးစရာတွေနဲ့အတူ လွမ်းဆွတ်တမ်းတမှုတွေလည်း အများကြီးပေးစွမ်းတတ်တာကြောင့် တစ်ခါတရံမှာ စိတ်ကို လေးလံပြီးမရွှင်မလန်းဖြစ်စေတယ်လေ...
အဟိ... အခုတော့ ကိုရန်ရဲ့ သီချင်းလေးကို ကြည့်လိုက်ရမှပဲ စိတ်ရဲ့ တစ်ထောင့်တစ်နေရာမှာ ပေါ့သွားသလိုပဲ....
တစ်ခုပြောရအုံးမယ် အချစ်က ကျွန်တော်တို့ ဘလော့ဂါတွေအတွက်တော့ ကုန်ကြမ်းလည်း ဖြစ်တယ်ဗျ အဟိ...

Yan said...

ဟုတ်ပ ကိုချစ်ကြီးရေ... အဲဒါကုန်ကြမ်းပဲ. လာလည်တာကျေးဇူးဗျာ. ပင်ဂွင်းလေးတွေလို ကတတ်အောင် လုပ်လိုက်ဦးမယ် ဟားဟား