Tuesday, May 08, 2007

ပန်းသခင်သို့…



လရောင်ကအဆန်း၊ သခင်ကအနမ်းမှာမှ
ပွင့်လန်းခွင့်ရမယ့် ပန်းငယ်လေးရဲ့ဖြစ်အင်ကို
သခင်နားမလည်ခဲ့တာ သခင်ရဲ့ အမှားပေပေါ့.
ပန်းပွင့်ငယ်လေးက သခင့်အတွက်သီးသန့်ပွင့်ပေးစေချင်သူပါ.
နေ့အခါပွင့်ရင် တစ်ပါးသူတွေ ခူးဆွတ်မှာ စိုးရွံ့လို့
သခင်ဆင်းအလာ ဒီလသာတဲ့ညကို
စောင့်စားနေခဲ့ရတာ ကြာပါပြီသခင်

ဒါပေမယ့်သခင်ရယ်…
ဖွင့်ဟစကားဆိုခွင့်မရှိတဲ့ အကျွန်ရဲ့ဖြစ်အင်ကို
သခင်သိအောင် ဘယ်လိုပြောရပါ့…



သခင့်အတွက် မပွင့်တဲပန်းဟာ အကျွန်မဟုတ်ပါဘူး
သခင့်အတွက် သီးသန့်ပွင့်လန်းစေချင်လွန်းလို့
သခင့်အနမ်းအောက်မှာပွင့်လန်းရစေသားလို့
တောင်းဆုပြုခဲ့တဲ့ အကျွန့်ရဲ့ဖြစ်အင်ပါ…

ဒါပေမယ့်သခင်ရယ်…
ခွန်းတုံ့ပြန်ဆိုခွင့်မရှိတဲ့ အကျွန်ရဲ့ဖြစ်အင်ကို
သခင်သိအောင် ဘယ်လိုပြောရပါ့…



သခင့်ရဲ့လက်ကလေးအကမ်းမှာ အကျွန် လန်းဆန်းဝမ်းမြောက်ခဲ့ရပေမယ့်
သခင့်ရဲ့လက်ကလေးအရုပ်မှာ အကျွန်ကြေကွဲနှုတ်ဆိတ်နေခဲ့ရတယ်
သခင့်ရဲ့အငေးမှာ အကျွန်ဆွေးမြည့်ပျော်ဝင်နေချင်ပေမယ့်
သခင့်ရဲ့အတွေးမှာတော့ အကျွန်က အပြစ်သင့်နေခဲ့ရသူပါ…

ဒါပေမယ့်သခင်ရယ်…
လှစ်ဟဖွင့်ဆိုခွင့်မရှိတဲ့ အကျွန်ရဲ့ဖြစ်အင်ကို
သခင်သိအောင် ဘယ်လိုပြောရပါ့…





10 comments:

pandora said...

သခင်ဆိုတာ မျက်နှာဖြူ အင်စပက်တော်ကြီး ကလိုစေးထူးကို ပြောတာလား ဟင်။

Anonymous said...

ဟုတ်မယ်၊ အဲလေ ဟုတ်ကိုဟုတ်ပါတယ် ၀၀၉ ရေ :P

Yan said...

တိန်...
ဒီကတော့ ခံစားပြလိုက်ရတာ. ကြွေပြလိုက်ရတာ.
ခုတော့ သခင်ဆိုတာ အင်စပက်တော်ကြီး ကိုစေးထူးဖြစ်နေရပါလား ပန်းသခင်ရေ.... ဟတ်ဟတ်ဟတ်

Anonymous said...

ဒီကဗျာရဲ့လျှို့ဝှက်ချက်ကို ခုမှသိတော့တယ် ... ဟင်းဟင်းဟင်း

ညီညီ(သံလွင်) said...

ပန်းသခင်ဆိုတော့ Flower Master .. ဖလားကို ၀ါးတဲ့ သခင်ကြီးပါဗျာ.. :)

Anonymous said...

မောင်ရန်ရေ… “လူတွေသိလေ ပိုကောင်းလေ…” :)) မမေဒါဝီတောင် ရိပ်မိနေပြီ ကိုကိုရန်ရေ…

Yan said...

အဲလိုတော့မထင်ကြပါနဲ့ဗျာ. ရင်ခုန်လွန်းလို့ပါ. ရင်ခုန်ရင် ကဗျာတွေပိုထွက်ကုန်ပြီး ကဗျာတွေပိုထွက်ရင် ပိုပြီးရင်ခုန်စရာတွေ ဖြစ်ကုန်တော့မှာပဲ.

စိတ်ညစ်တယ် တအား...

Anonymous said...

ကွိကွိ.. အနော်လည်းသိနေတယ်.. ဟတ်ဟတ်

ကလိုစေးထူး said...

ဟိုဘက်မှာ ခေါင်းမဖော်နိုင်အောင် အလုပ်များမိတာ.. မောင်ရန်က အပီကို ခံစားနေတာ မသိလိုက်ဘူး။ နေရင်းထိုင်ရင်းနဲ့ အလကားရလိုက်တဲ့ အင်စပက်တော်ရာထူးနဲ့ အကုန်လုံးဆီမှာ အကောက်လိုက်ကောက်မှပဲ.. :Dဒါနဲ့ သမင်တွေရယ်ရင် ဟင်းဟင်းဟင်းလို့ ရယ်သလား.. :P

စိုးဇေယျထွန်း said...

မာမီအသဲတွေ ဘယ်သူခွဲလိုက်သလဲ။ မာမီမာ ဒီလိုခံစားချက်ရှိတာ ကြိုမသိခဲ့ဘူး