Monday, May 07, 2007

အဇဋာထဲကကြိုးလေးများ…



မဂျစ်တူးရေ..
ဒီတစ်ခါလေယာဉ်စီးတာ အရင်လိုမဟုတ်ဘူးသိလား
ဘာလို့လဲဆိုတော့ ကျွန်တော်ကဘလော့ဂါတစ်ယောက်ဖြစ်နေပြီလေ
မဂျစ်က ဝေဟင်ထဲက ဓာတ်ပုံတွေရိုက်ပြီး
ခရီးသွားမှတ်တမ်းလေးတွေ ရေးထားတယ်နော်.
အဲဒါကို အရမ်းအားကျတယ်.
ကျွန်တော်လည်း ခရီးအရမ်းထွက်ခဲ့ရဖူးတယ်.
ဒါပေမယ့် ဘလော့ဂါမဖြစ်ခင်က အရာရာက မျက်စိထဲမှာ ၀င်လာပျောက်သွား
ဒီလောက်ပဲဖြစ်ခဲ့တယ်ဗျာ.

ခုတော့လေ
ကျွန်တော့်ကိုချစ်တဲ့
ကျွန်တော်ကချစ်တဲ့
စာဖတ်ပရိသတ်ကြီးနဲ့ မိတ်ဆွေအပေါင်းအသင်းတွေအတွက်
အာရုံတွေ နိုးကြားနေခဲ့တယ်
စိတ်ကူးတွေ လန်းဆန်းနေခဲ့တယ်
အမြင်တွေစူးရှနေခဲ့တယ်ဗျာ.
ကျွန်တော့်ရင်ထဲမှာလည်း ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ်ဗျ
ငါဟာရပ်တည်ရာတစ်ခုရှိနေပါလားဆိုတဲ့
ခံစားချက်ပေါ့

ဒီစကားပြောလို့ ကျွန်တော်ဟာ ဆောက်တည်ရာမရဖြစ်နေတဲ့ လူလို့
မဆိုလိုပါဘူးနော်.
ဒီတန်ဖိုးဟာငါ့တန်ဖိုးပဲ.
ဒီအရည်အသွေးဟာ ငါပိုင်ဆိုင်တဲ့အရာပဲ
ဒါငါပဲ. ဆိုတဲ့
ကိုယ့်ကိုယ်ကို ကျေနပ်အားရတဲ့
နှစ်သိမ့်ကြည်နူးတဲ့
ပျော်ရွှင်ဝမ်းမြောက်တဲ့
ပီတိကိုဆိုလိုတာပါဗျာ.

ကျွန်တော့်သူငယ်ချင်းတွေကို သိပ်ချစ်တယ်ဗျာ.
ကျွန်တော့်စာဖတ်ပရိသတ်ကိုလည်း လေးစားတယ်.
ကျွန်တော့်ကို ကူညီအားပေးတဲ့ သင်၊ကြား၊မြင်ဆရာတွေကိုလည်း
အရမ်းကျေးဇူးတင်ပါတယ်.
မဂျစ်က ကျွန်တော့်ကို မောင်လေးရင်းချာတစ်ယောက်လို
ဂရုတစိုက်ပြောဆိုနောက်ပြောင်ခဲ့တာ
ကျွန်တော်ကလည်း အားကျမခံပြန်နောက်တာ
တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးတတ်တာလေးတွေကိုလေ
ကမ္ဘာမြေရဲ့ အမြင့်တစ်နေရာမှာ
လေဟုန်စီးရင်းတွေးတောပျော်ရွှင်နေခဲ့တယ်ဆိုရင်
ကျွန်တော်လွန်သွားမလားဗျာ…



မလေးရေ…
ဒီချိန်ဆို အလုပ်မှာအလုပ်တွေပဲရှုပ်နေမလား
ဘလော့ဂ်တွေပဲ လိုက်ဖတ်နေမလား
အင်တာနက်မရတဲ့ ကျွန်တော့်အတွက်ပဲ တွေးပူနေမလား
အိမ်ကပန်းပင်လေးတွေ အကြောင်းပဲ တွေးနေမလား
နောက်ရေးမယ့် ဇာတ်လမ်းလေးတွေအတွက်ပဲ စဉ်းစားနေမလား



လို့ ကျွန်တော်က မလေးကိုယ်စားစဉ်းစားနေမိတယ်ဗျ
ဟတ်ဟတ်ဟတ်လို့ ခုရီပြန်ရင်
မလေးက ရီဦးမယ်နော်.
ကွိကွိလို့ရီရင်လည်း ဟိုဘာညာပေါက်စက
ကျွန်တော့်ကို ကွိုင်ဦးမှာဗျ.
ဒီကဗျာက အသေအချာကို ဖီးလ်ထည့်ရေးထားတာဆိုတော့
သွပ်သွပ်သွပ်လို့ မရီချင်ပြန်ဘူးဗျာ.

ဩော်….
ရီဖို့စကားလုံးရွေးနေတာနဲ့ မရီရတော့ဘဲ ဖြစ်နေမယ်.
မမေဓာဝီကို ပညာရှိရီနည်းဆိုတာဒီလိုလို့ ကျွန်တော်စခဲ့ဖူးတယ်.
အဲလိုပြောလိုက်ရင် မမေရီနေလောက်ပြီ
ဟင်းဟင်းဟင်း…

မလေးကို လေယာဉ်မစီးခင်ကတည်းက သတိရနေခဲ့တာဗျ

(ကိုတက်စလာ. ဒီကိစ္စမပါပါနဲ့နော်. Plz, ကိုဒေါင်းကြီး. ဟိုဘက်ကဘာဖြစ်နေတာလဲ မသိဘူးဗျ. ကိုဘလာဂေါက်ရေ. ဒီစကားလေးတစ်ခွန်းကိုတော့ ဘေးမဲ့ပေးပါနော်…)

Starbucks မှာ ကျွန်တော်ထိုင်နေခဲ့တယ်လေဗျာ.
ကော်ဖီမကြိုက်တဲ့ မဂျစ်ကို သတိရမိသလို
မနက်ခင်းမိုးလင်းရင်မုန့်ပျားသလက်ကို မစားရ၀ခမန်း
ဆီဗုံးထဲမှာ လာလာဖြည့်သွားတဲ့ ဘာညာပေါက်စကိုလည်း
လွမ်းမိပါရဲ့ဗျာ.
ဒါကြောင့် ကျွန်တော် ကော်ဖီကို မသောက်ဘူးဗျ
Tazo Shaken Tea မွှေးမွှေးလေးသောက်တယ်.
ပွင့်ပွင့်လင်းလင်းပေါ့ဗျာ.
နာမည်လေးကိုက သောက်ချင်စရာလေးဟုတ်
ဟောကြည့်
တံတွေးတစ်ချက်မြိုချတယ်.
ဟင်းဟင်းဟင်း…

ကျွန်တော်လည်း မလေးလို ၀တ္ထုလေးတွေ ရေးတတ်ချင်တယ်ဗျာ.
လေယာဉ်ပေါ်မှာ ဘာမှ မလုပ်ချင်တာနဲ့ ၀တ္ထုဇာတ်လမ်းလေးတစ်ပုဒ်
ပျိုးနေခဲ့တယ်ဗျ
ဘလော့ဂ်စာအုပ်လည်းထုတ်တော့မယ်နော်.
အဲဒီ့အတွက် စဉ်းစားတာလည်းပါတာပေါ့
ဇာတ်လမ်းပြေပြစ်အောင်တော့ မလေးကို အကူအညီတောင်းရမယ်လို့
တစ်ခါတည်း ဒုက္ခပေးရမယ့် စာရင်းထဲတို့ထားတယ်ဗျ.
ကြောက်သွားလား..
ဟတ်ဟတ်ဟတ်…

မှတ်မိသေးတယ်.
မလေးနဲ့ ဘလော့ဂ်စာအုပ်ကိစ္စစကားပြောတုန်းကပေါ့
ကျွန်တော့်ကိုမလေးကပဲ ဖုန်းဆက်မယ်
ကျွန်တော်က ပြန်ဆက်ဖို့ ဖုန်းနံပါတ် မပေးပါရစေနဲ့တဲ့

သိလားမလေး
လေယာဉ်ပျံပေါ်ကနေ ကနေဒါနိုင်ငံရှိတဲ့နေရာကိုကြည့်ပြီးတော့
စကားတွေ အများကြီးပြောပစ်လိုက်တယ်
ဟော
ပန်းသီးလေးတစ်လုံးတောင် ကြွေကျသွားတယ်
အဲဒါဘာလို့လဲဟင်
..
..
ပန်းသီးငါးပိချက်ချက်စားဖို့ မလေးခူးလိုက်လို့လား
ကမ္ဘာမြေရဲ့ ဆွဲငင်အားကို မကျော်လွန်နိုင်လို့လား
ကဗျာဆန်ဆန်လေးပြောလို့ရမလား
(ကိုတက်ကြီး ပြောခွင့်ပေးပါနော်)
တကယ်မနောက်ဘဲ ပြောမယ်နော်
..
ပန်းသီးလေးကြွေသွားတာက
ဧ၀စားဖို့အတွက် အာဒမ်က တယုတယလေးများ
ခူးပေးလိုက်တာလားလို့
အဟွတ်အဟွတ်
(ချောင်းဆိုးကုန်ပြီဗျာ. )
တော်ပြီတော်ပြီ
တော်ကြာ မလေးမျက်နှာမှာ ကြက်ဥကြော်လို့ရနေပါလိမ့်မယ်…
ဆားတော့မထည့်တော့ဘူးနော်
မလေးရဲ့ မျက်နှာလေး ပေါက်သွားမှာစိုးလို့
ဟတ်ဟတ်ဟတ်…




ဟိုကောင်ဘာညာပေါက်စ…
အဆွေးသီချင်းကြီးခုချိန်ထိ မဖြုတ်သေးဘူးနော်.
မုန့်ပျားသလက်လည်း ခုချိန်ထိပေါ်မလာဘူး
မဂျိုင်လူနဲ့ ရန်ဖြစ်နေလို့လားလို့တောင် တွေးမိနေသေးတယ်
မုန့်ပျားသလက် အဝေမတည့်လို့လေ
ကွိကွိကွိလို့ အော်မနေနဲ့ဦး

တကယ်ပါကွာ.
အဲဒီ့ရီသံကို မြင်ကတည်းက ဘာညာဆိုတာကို
အရမ်းခင်သွားခဲ့တာ
ဘယ်လိုပုံစံလေးမှန်းကို မသိဘူး
ဘလော့ဂ်ကိုလည်းလုပ်ထားတာကြည့်ဦး
ဝင်လိုက်တာနဲ့ လက်ဝါးထောင်ပြထားတယ်.
နောက်မှပဲ စဉ်းစားမိတယ်.
အင်း.ဒါက မဟောသဓာဇာတ်လမ်းထဲက
အမရာဒေ၀ီလို လက်ဝါးထောင်ပြပြီး
Single ဖြစ်ကြောင်း ပညာရှိနည်းနဲ့ပြောထားလားလို့
ရွှေဥာဏ်တော် စူးရောက်ကြည့်လိုက်မိသေးတယ်
မဂျစ်နဲ့မလေးတို့အကြောင်းရေးရင်းနဲ့ ဘာညာတစ်ယောက်
တကွိကွိနဲ့ လိုက်ရီနေမှာကို မြင်ယောင်လိုက်သေးတယ်

တကယ်တော့ သွပ်သွပ်သွပ်ဆိုတာကို လုပ်ရီဖို့
စိတ်ကူးတကယ်မရှိပါဘူး
အဲဒါကလည်း ဘာညာက တကွိကွိလုပ်လို့ ပြန်ပြောင်ရင်း
ငယ်ငယ်တုန်းက ကြိုက်ခဲ့ရတဲ့ သမိန်ပေါသွပ်ရဲ့
လက်သုံးရီသံကို အဌားချရီရင်းကနေ
ရီဖြစ်သွားတာ
ခုတော့လည်း ဘလော့ဂါလောကမှာ ခုလိုဖြစ်နေပြီ
ကွိကွိဆို ဘာညာ
ခွိခွိဆို ညလေး
သွပ်သွပ်ဆို ရန်အောင်တဲ့
မလေးနဲ့ မဂျစ်တို့ကတော့ ပါးစပ်လေးတွေ အုပ်ရီကြတယ်ဗျ
သွားတက်လေးတွေ ပေါ်သွားရင် တက်စလာနဲ့ ဘလာဂေါက်ကြီးက
သူမရဲ့ကဗျာဆရာကို ကဗျာတွေ သွားရေးခိုင်းနေမှာစိုးလို့တဲ့
အင်းပြောရင်းနဲ့
ကိုတက်စလာကြီးတို့ ကိုဒေါင်းကြီးတို့ကိုပါ သတိရလာပြီ
ခုချိန်အင်တာနက်သာရလို့ကတော့ သူတို့ရဲ့ ဆီဗုံးတွေကို ဖောက်ခွဲပစ်မှာသေချာတယ်.

ဘာညာရော ညညညဉ့်နက်အောင် ဘလော့ဂ်တွေ ထိုင်ရေးနေတုန်းလား
ခင်လို့ပြောတာဘာညာရေ.
Gtalk မှာ ‘Back off’ ဆိုတဲ့ Msg ကြီး လုံးဝမတင်နဲ့တော့နော်.
သီချင်းကြီးလည်း ဖြုတ်ပစ်လိုက်
ဆီဗုံးလည်း ကျဉ်းနေတယ် ချဲ့ပစ်လိုက်
စိတ်အလိုမလိုက်နဲ့
ညမှန်မှန်အိပ်
ဒါတွေဒီလိုပြောမယ်လို့စဉ်းစားရင်း ဒီစာကို ဆက်ရေးနေမိတယ်.

အင်း..
ဒီစာကြောင်းတွေကိုသာ ဘလော့ဂ်ပေါ်တင်လိုက်လို့
ကိုတက်ကြီးတို့၊ ကိုဘလာဂေါက်ကြီးတို့တွေ့ရင်တော့
ကျွန်တော်တော့ ကားပြီထင်တယ်ဗျ
ပြောတတ်ရေးတတ်ရွဲ့တတ်ဖဲ့တတ်တဲ့နေရာမှာ
ဩချရတဲ့ နှစ်ယောက်ပါပဲဗျာ.
ဟိုတစ်ယောက်လည်းကျန်ပါသေးတယ်
ကွပ်ဒေါင်းကြီးလေ
အတည်ပေါက်နဲ့စာတွေရေးပြီး
သူများဆီဗုံးတွေမှာဆိုရင်တော့
Comedian အရှုံးပေးရလောက်တယ်.
ချွဲတတ်တဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူး
ဟွန့်၊ဟင့်တွေကို သူ့ရဲ့ Msg တွေမှာ ခဏခဏ တွေ့ရတယ်
ရင်ခုန်လိုက်ရတာ ကိုဒေါင်းရယ်
ဟတ်ဟတ်ဟတ်

ကဲကဲဘာညာရေ
ရေးရရင်တော့ ဘလော့ဂါတွေကုန်မှာကို မဟုတ်တော့ဘူး
ဒါကြောင့်နားမှဖြစ်ဦးမယ်ကွ
မကြာခင် ဘာညာတို့ မလေးတို့ မဂျစ်တို့ရဲ့ ရင်ခွင်ကို…
….
….


အပြေးလေး


..
..
ဆီးကြိုနော်
..
..
..
..
ဟတ်ဟတ်ဟတ်



..


9 comments:

Anonymous said...

မောင်ရန်.. တော်ပါပေတယ် ။ အားလုံးစုံအောင် ထည့်ထားပြီး ဟာသလေးကလည်းနှော... ပြီးတော့ မင်းရဲ့ ခင်မင်မှု သံယောဇဉ်အတိုင်းအတာကိုလည်း ခံစားရတယ် ။

အလုပ်မှာ သူများတွေရှိတာတောင် မျက်နှာကြီးပြုံးပြီး ဖတ်နေတဲ့ မဂျစ်ကို မြင်လိုက်လား ... သူများတွေမြင်ရင်တော့ ဘာတွေရူးနေလဲထင်မှာ ။ တတ်နိုင်ဘူး မောင်ရန့်ရဲ့ ဝေဟင်ကကဗျာက ရင်ကို ထိလွန်းလို့ ဟေ့...

ခုလို ဘလောဂ့်မောင်နှမတွေကို ဖန်တီးပေးတဲ့ blogger.com လေးကို ကျေးဇူးတင်မဆုံး ။

pandora said...

နာမပါဘူးပေါ့.. တို့က ဘေးလူပါလေ.. (ခွစ်ခွစ်)

Anonymous said...

မပန်ဒိုရာလည်း ရီသံအသစ်ထွင်နေတယ် :)

Anonymous said...

ကိုရန်ကြီး..
ကိုရန်ကြီးက ဝေဟင်မှာ ကဗျာတွေစပ်နေသလိုအနော်တို့ကလည်း မြေပြင်မှာ ယွမ်းနေရတာပါဂျို့။

Oeewwee..you make me ink!! (the catch line frm Finding Nemo) =P

ကွိကွိ

Anonymous said...

ကိုရန်လေးစာဖတ်ပြီး မမေ တကယ်ကို ရယ်နေမိတယ် … ဟင်းဟင်းဟင်း ...
ရေးလဲ ရေးတတ်ပါပေ့နော်… ။
ဒါနဲ့ စကားမစပ်မဟုတ်ဘူး .. တမင်စကားစပ်ပြီး ပြောပါရစေ …
မမေကို ကူညီမှုအတွက် ကျေးဇူးအထူးပါ။
ကိုရန်လေးတယောက် ရယ်နည်းပေါင်းစုံနဲ့ အမြဲတမ်း ပျော်ရွှင်စွာ ရယ်မောနိုင်ပါစေ …. လို့ ဆုတောင်းလိုက်ပါရဲ့ရှင်။

Anonymous said...

ကိုရန်.. စီဘောက်စ်ကြီးပျက်နေပြီ.. ရေးလို့ရ၀ူး။ ဒီမှာပဲဝင်ရေးလိုက်ပြီ ဂျို့.. ဂွဒ်နိုက်

Anonymous said...

သူငယ်ချင်းတွေအားလုံးအပေါ်မှာထားရှိတဲ့ ကိုရန့်သံယောဇဉ်ကို နွေးထွေးစွာခံစားရပါတယ်..

Anonymous said...

:)
Nice post.

-moeyae

Anonymous said...

ဦးရန် ညလေးဘယ်တုန်းက ခွိခွိ ဖြစ်သွားတာလဲ ခွိခွိ :)