Tuesday, May 01, 2007

စာမေးပွဲပထမနေ့


ဒီနေ့ မြန်မာစာ စဖြေရတယ်. Multiple Choice လေးတွေပါ. သိပ်တော့မခက်ပါဘူး. ဒါပေမယ့် နည်းနည်းလေးတော့ ဖတ်ထားလေ့လာ ထားရတာပေါ့ဗျာ. ဖြေခဲ့ရတဲ့အထဲက မေးခွန်းတစ်ချို့ ရေးပြမယ်နော်.

ကုန်းဘောင်ကိုလှန်၍

၁. ရုပ်သေးမင်းသမီးကြီးဦးဖူးညိုသည် အောက်ပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် ရုပ်သေးပညာကို ဇောက်ချလိုက်စားရန် ဆုံးဖြတ်ခဲ့သည်။

(၁) ၀က်သက်ပေါက်ပြီးနောက် သူ၏အသံမှာ ယောင်္ကျားမဆန်ဘဲ ညှောင်နာနာ ဖြစ်သွားခြင်း
(၂) စလေဦးပုည၏ ပြီတီတီစိန်ခေါ်မှုကို မခံမရပ်နိုင်ဖြစ်ခြင်း
(၃) တရုတ်ပြည်မှ ကူဗလိုင်ခန်ဘုရင်ပုဂံကိုဝင်သိမ်းစဉ်က သူ၏တူမနှင့် ညက်သွား ခဲ့ခြင်း
(၄) ဟိုလျှောက်လုပ်ဒီလျှောက်လုပ်ရာမှ ၀ါသနာပါသွားခြင်း

၂. ကုန်းဘောင်မှန်နန်းရာဇ၀င်ကို ပြုစုသော ဦးကုလား၏ နာမည်ရင်းမှာ

(၁) အမီတာ့ဂ်ျ
(၂) ရှရွတ်ခန်
(၃) အုံရှရီရှရီ
(၄) ဟွတ်သဟဲ

၃. အင်းဝနှင့် ဟံသာဝတီ အနှစ်လေးဆယ် ဖြစ်ပွားရသော အဓိက အကြောင်းရင်းမှာ

(၁) နှစ်တိုင်းပြည်လုံးတွင် ယောင်္ကျားဦးရေများပြားလွန်းနေခြင်း
(၂) ဘုရင်နှစ်ပါး ချက်တင်းမထိုင်ဖြစ်၍ တစ်ယောက်အကြောင်းတစ်ယောက် သိပ်မသိဖြစ်ခဲ့ခြင်း
(၃) သမိုင်းရေးဆရာများ ပျင်းနေ၍ ရေးစရာပေါ်အောင် ဘုရင်နှစ်ပါးအား ချွန်တွန်းပင့်လုပ်ကြခြင်း
(၄) အကုသိုလ်စက်ကွင်းမိကြခြင်း

ရတနာပုံကိုလှန်၍(သတိ။ မော်ဒယ်လ်ဂဲမဟုတ်ပါ…)

၎. ပါတော်မူစဉ်က အင်္ဂလိပ်တို့သည် ရွှေနန်းတော်ကြီးကို စစ်ကြောင်းကြီး သုံးကြောင်းဖြင့် ၀င်ရောက်သိမ်းပိုက်ရခြင်းမှာ

(၁) မြန်မာရာဇ၀င်လေ့လာစဉ် သုံးဂဏန်း၏ အရှိန်အ၀ါကြီးပုံကို မေဂျာစမစ် သတိထားမိခြင်း
(ရတနာသုံးပါး၊ အရိပ်သုံးပါး၊ သုံးနှစ်သုံးမိုးပိုးရတယ်၊ သုံးရာသီ တို့ကိုလည်းရှု…)
(၂) စစ်သားအရေအတွက်မှာနည်း၍ လူရှိန်အောင် သုံးကြောင်းခွဲပြီး ချီတက်ခြင်း
(၃) တစ်နေရာတည်း စုချီတက်လျှင် ၀ိုင်း၍ညှပ်တိုက်ခံရမည် စိုးသောကြောင့် လူဖြန့်ပြီး ချီတက်ခြင်း
(၄) ဂျော့ဘုရင်သည် ၀ိတိုရိယဘုရင်မကြီး၏ တတိယမြောက် အသည်းနှလုံးဖြစ်သည်ကို ဂုဏ်ပြုသောအားဖြင့် စစ်ကြောင်းသုံးကြောင်း ဖြန့်ကျက်ချီတက်ခြင်း

၅. နန်းတော်ရှေ့ဆရာတင်နှင့် အချုပ်တန်းဆရာဖေတို့၏ တူညီသောအချက်မှာ

(၁) နာမည်များတွင် အက္ခရာခြောက်လုံးစီပါဝင်နေခြင်း
(၂) နန်းရှေ့တွင် နေထိုင်ကြခြင်း
(၃) ချမ်းအေးလျှင် နှစ်ယောက်လုံး မီးထွက်လှုံ၍ ကဗျာသီချင်း စပ်တတ်ကြခြင်း
(၄) မန္တလေးရမ်ကို ဂျော်နီဝါကားထက် ပိုနှစ်သက်တတ်ကြခြင်း

၆. မဟာဗန္ဓုလ လောင်းလျာ မောင်ရစ်သည် ညီလာခံတွင် သူ့ရှေ့တွင် ထိုင်နေသောသူတစ်ယောက်အား ထ၍ တံတောင်နှင့်ထောင်းခြင်းမှာ

(၁) ကြည့်မရ၍
(၂) သူ့ထက် အရပ်ရှည်ကာ ထိုင်လျှင် သူ့အားကွယ်နေသောကြောင့် ဘ၀ရှင် မင်းတရားကြီး သတိမထားနိုင်အောင် ဖြစ်နေ၍
(၃) သူနိုင်လောက်မည့်သူ ဖြစ်သည်ဟု ထင်၍
(၄) သူပိုးပန်းနေသော ယဉ်စစမိန်းမပျိုလေးအား ရိသဲ့သဲ့လုပ်၍

မြန်မာဘလော့ဂါတို့ကိုလှန်၍

၇. မကြာမီ ဘလော့ဂါလောကကို စွန့်ခွာ၍ တရားအားထုတ်တော့မည်ဟု လေသံ ပစ်နေသူမှာ

(၁) မေဓာဝီ
(၂) နတ္ထိ
(၃) ကလိုစေးထူး
(၄) ဂျစ်တူး

၈. ဘလော့ဂါတို့ထဲတွင် ကုဒ်ဒင်းပိုင်းနှင့်ပတ်သက်၍ အမေးအမြန်းအထူဆုံးသော ဘလော့ဂါအသစ်ကလေးမှာ

(၁) ချစ်လား
(၂) ရဲဇေယျရှိန်
(၃) အိမွန်စိုး
(၄) ရည်မွန်

၉. ဘလော့ဂါတို့အား နာမည်ဖျက်ရာတွင် အားမနာတတ်သော ဘလော့ဂါမှာ

(၁) ကျော်ဇေယျ
(၂) စိုးဇေယျ
(၃) ဘလာဂေါက်
(၄) ဂျူလိုင်

၁၀. မြန်မာဘလော့ဂါတို့ထဲတွင် ဆီဗုံးနှင့်ပတ်သက်၍ ပြဿနာအတက်ဆုံး ဘလော့ဂါမှာ

(၁) သဉ္ဇာ
(၂) ဂျစ်တူး
(၃) လင်းလက်ကြယ်စင်
(၄) ကိုမောင်လှ

၁၁. တန်းပလိတ်ကိုဖွင့်လိုက်သည်နှင့် သီချင်းတက်လာအောင် လုပ်ထားသော ဘလော့ဂါများထဲတွင် uploading အကြာဆုံးဘလော့ဂ်ပိုင်ရှင်မှာ

(၁) ဂျူလိုင်
(၂) လင်းလက်ကြယ်စင်
(၃) အိမ့်ချမ်းမြေ့
(၄) သဲလေး

၁၂. မြန်မာဘလော့ဂါလောကတွင် အရေးအသားအပြောင်မြောက်ဆုံးသော ဟာသ ဘလော့ဂါမှာ

(၁) ကဒေါင်းညင်သာ (ကွပ်ဒေါင်းကြီး)
(၂) တက်စလာ (တက်ဂါကြီး)
(၃) ဘာညာ (ကွိကွိကွိ)
(၄) ရန်အောင် (သွပ်သွပ်သွပ်)

၁၃. ပို့စ်အတင်ဆုံး မြန်မာဘလော့ဂါမှာ

(၁) နိုင်းနိုင်းစနေ
(၂) Michael Sync
(၃) မေဓာဝီ
(၄) ဂျစ်တူး

၁၄. ပို့စ်တင်အကျဲဆုံး မြန်မာဘလော့ဂါမှာ

(၁) စစ်အိမ်
(၂) အရှင်ကုမာရ
(၃) ညီလင်းဆက်
(၄) ဟေမာ

၁၅. မျက်စိလည်လောက်အောင် တန်းပလိတ်ခဏခဏပြောင်းသော မြန်မာ ဘလော့ဂါမှာ

(၁) ဝေယံလင်း
(၂) ရန်အောင်
(၃) ချမ်းမြစိုး
(၄) မျိုးကျော်ထွန်း

၁၆. တန်းပလိတ်ကို စုံလင်အောင်တန်ဆာအဆင်ဆုံး မြန်မာဘလော့ဂါမှာ

(၁) မျက်လုံး
(၂) ညလေး
(၃) အောင်မော်ဟိန်း
(၄) စေတန်ဂေါ့ဒ်

Bonus Points(or) Extra Credits

၁၇. မကြာမီ အိမ်ထောင်ရက်သားကျရန် အနီးစပ်ဆုံး မြန်မာဘလော့ဂါမှာ

(၁) တက်စလာ
(၂) ညီညီသံလွင်
(၃) နေဘုန်းလတ်
(၄) လင်းလက်ကြယ်စင်

၁၈. အိမ်ထောင်ရေးနှင့် ဝေးရာကိုပြေးတော့မည်ဟု ပို့စ်များထဲတွင် မသိမသာ လှစ်ဟ ပြောဆိုရေးသားနေသော မြန်မာဘလော့ဂါမှာ

(၁) နတ္ထိ
(၂) မေဓာဝီ
(၃) ဂျစ်တူး
(၄) နိုင်းနိုင်းစနေ


အဲဒါ ကျွန်တော်မှတ်မိသလောက် ဒီနေ့ ဖြေခဲ့ရတဲ့ မြန်မာစာ Multiple Choice ပါ. မနက်ဖြန် ပထ၀ီဖြေရမယ်. မြန်မာပြည်မြေပုံကို C++ နဲ့ဆွဲခိုင်းပြီး ကမ္ဘာမကြေသီချင်းကို Looping ပတ်ခိုင်းမယ်လို့ပြောတယ်.


11 comments:

Myo Kyaw Htun said...

>> မြန်မာဘလော့ဂါတို့ကိုလှန်၍ <<
Oh my god !!! :O
What ya gonna do ?

Anonymous said...

အဟင့်.. မဖြေနိုင်တာတွေ အများကြီး ။ D မထွက်တော့ဘူး ။

Yan said...

>ဘာမှမလုပ်ပါဘူးဗျ. အရှေ့မှာက ရာဇ၀င်တွေကို လှန်ခဲ့တော့ ကာရန်နဘေထပ်အောင် ယူလိုက်တာပါ. မျက်ခုံးမလှုပ်ပါနဲ့. လုပ်ဖြစ်ခဲ့ရင်တောင်မှ ကိုမျိုါ်ကြီးကို ဘေးမဲ့ပေးပါမယ်. သွပ်သွပ်သွပ်...

>မဂျစ်... တောထွက်မယ့်သူက ဂုဏ်ပကာသနတွေ၊ D တွေလိုတော့ဝူးလေဗျာ... စိတ်ကိုလျှော့....

Anonymous said...

မြန်မာစာမေးခွန်းတွေက ရယ်ရတယ်နော် .. ဟင်းဟင်းဟင်း။
ကိုရန်လေး ဘယ်လိုတွေဖြေခဲ့တုန်း .. ။ အဖြေမှန်က ဘာတွေလဲ သိချင်စမ်းပါဘိ။

Thinzar said...

၁) ၄.
၂) ၃.
၃) ၂.
၎) ၁.
၅) ၁.
၆) ၃.
၇) ၂.
ဂ) ၄.
၉) ၃.
၁၀) ၂.
၁၁) ၄.
၁၂) ၁.
၁၃) ၃.
၁၄) ၃.
၁၅) ၂.
၁၆) ၂.
၁၇) ၁.
၁၈) ၄.
ကျောင်းမှာ ဖြေနေကြအတိုင်း အံစာတုံးလိမ့်ပြီးဖြေထားတာ။ အမှတ်က သုညတော့ ကျော်မယ်ထင်တယ်။ :D

Anonymous said...

၇. မကြာမီ ဘလော့ဂါလောကကို စွန့်ခွာ၍ တရားအားထုတ်တော့မည်ဟု လေသံ ပစ်နေသူမှာ

(၄) ဂျစ်တူး (နောက်ဆုံးပိုစ်တွင်ကြည်နိုင်ပါသည်.. အရှင်ကောဝိဒ အားခဏခဏ သွားရစ်တတ်၍ ဘုန်းဘုန်းက အိုင်ပီဘန်းလိုက်ပါသည်)

၈. ဘလော့ဂါတို့ထဲတွင် ကုဒ်ဒင်းပိုင်းနှင့်ပတ်သက်၍ အမေးအမြန်းအထူဆုံးသော ဘလော့ဂါအသစ်ကလေးမှာ


(၂) ရဲဇေယျရှိန် (စီဘောက်စ်မှ Msg များကိုခန့်မှန်း၍ ဖြေထားခြင်းဖြစ်ပါသည်။)

၉. ဘလော့ဂါတို့အား နာမည်ဖျက်ရာတွင် အားမနာတတ်သော ဘလော့ဂါမှာ

(၃) ဘလာဂေါက် (မအိမ့်ချမ်းမြေ့အား အိမ်ခြံမြေဟု လည်းကောင်း ကိုစိုးဇေယျအား ကိုစိုးဇီယျဟုလည်းကောင်း မဂျစ်တူး အားမဂျစ်သရီးဟုလည်းကောင်း နိုင်းနိုင်းစနေအား နိုင်းနိုင်းတနင်္ဂနွေ ဟုလည်းကောင်း သဉ္ဇာအား သချာင်္ဟုလည်းကောင်း Mr Pooh အား မောင်ပုဟုလည်းကောင်း)

၁၀. မြန်မာဘလော့ဂါတို့ထဲတွင် ဆီဗုံးနှင့်ပတ်သက်၍ ပြဿနာအတက်ဆုံး ဘလော့ဂါမှာ

(၂) ဂျစ်တူး(အခုလတ်တလော ဗိုလ်စွဲသူပါ... Etc..မောင်၊ ရတနာ)

၁၁. တန်းပလိတ်ကိုဖွင့်လိုက်သည်နှင့် သီချင်းတက်လာအောင် လုပ်ထားသော ဘလော့ဂါများထဲတွင် uploading အကြာဆုံးဘလော့ဂ်ပိုင်ရှင်မှာ

(၂) လင်းလက်ကြယ်စင် (လင်းလင်း နှင့်သူ၏ odeo များ)



၁၂. မြန်မာဘလော့ဂါလောကတွင် အရေးအသားအပြောင်မြောက်ဆုံးသော ဟာသ ဘလော့ဂါမှာ

(၁)ကဒေါင်းညင်သာ (သူ့ဘလောက်တွင်များသောအားဖြင့်စာတည်များတင်၍ သူများစီဘောက်စ်တွင် ခွိခွိခွိခွိ လုပ်တတ်ခြင်းကြောင့်မခန့်မှန်းနိုင်သေးပါ)
(၂) တက်စလာ (တက်ဂါကြီး) (အန်ဖက်များ.. ဝေါ့ဝေါ့)

(၄) ရန်အောင် (သွပ်သွပ်သွပ်) (သမိန်ပေါသွပ် အလား...)

(မှတ်ချက်-နောက်တစ်ပြေးနေသူတစ်ယောက်ကတော့ Mr.Pooh (ခ) မောင်ပု (ခ) မောင်ပွတ် တစ်ဖြစ်လည်း Myanmaroa6 လိုလို မြန်မာအယ်လပိုင်းလိုလို လူငယ်ခြေတတ်လေးတစ်ယောက်)

၁၃. ပို့စ်အတင်ဆုံး မြန်မာဘလော့ဂါမှာ

(၁) နိုင်းနိုင်းစနေ (ပိုစ့်မတင်ရရင် မနေနိုင်ဘူးဆိုဘဲ..ဆိုဘဲ..)


၁၄. ပို့စ်တင်အကျဲဆုံး မြန်မာဘလော့ဂါမှာ

(၂) အရှင်ကုမာရ (ဘုန်းဘုန်း က မ Tag လိုက်လို့ အတင်အကျဲဆုံးဖြစ်သွားပါကြောင်း)



၁၅. မျက်စိလည်လောက်အောင် တန်းပလိတ်ခဏခဏပြောင်းသော မြန်မာ ဘလော့ဂါမှာ

(၃) ချမ်းမြစိုး (လန်ဒန်တွင်အေးသောကြောင့်အပြင်မတွက်ကြေး တန်းပလိပ်ထိုင်ပြင်နေသည်ဟု သတင်းရပ်ကွက်တစ်ခုမှ သတင်းရ)

၁၆. တန်းပလိတ်ကို စုံလင်အောင်တန်ဆာအဆင်ဆုံး မြန်မာဘလော့ဂါမှာ

(၁) မျက်လုံး (Myth's News Bar,Counter, Online users, Links you may like, Favicon,Mozilla download,Paypal,e-gold, Alertpay,web design library,feeds,c-box,bookmark link, mp3player,google adsense, blogger search box,online-radio,recent visitors,poll daddy votes)... Whewwww...




Bonus Points(or) Extra Credits

၁၇. မကြာမီ အိမ်ထောင်ရက်သားကျရန် အနီးစပ်ဆုံး မြန်မာဘလော့ဂါမှာ

(၁) တက်စလာ (လုံးဝမဖြစ်နိုင်ပါ..ပယ်လိုက်ပါသည်)
(၂) ညီညီသံလွင်(သူမ နှင့်သူမ၏ကဗျာဆရာ...)
(၄) လင်းလက်ကြယ်စင် (လင်းလင်းနှင့်ကိုကို....)

၁၈. အိမ်ထောင်ရေးနှင့် ဝေးရာကိုပြေးတော့မည်ဟု ပို့စ်များထဲတွင် မသိမသာ လှစ်ဟ ပြောဆိုရေးသားနေသော မြန်မာဘလော့ဂါမှာ

(၂) မေဓာဝီ (မေဓာဒက်ရှ်ဝီဒေါ့ဘလောက့်စပေါ့ဒေါ့ကွန်း တွင်ကြည့်ရန်......)

ကဲဖြေပြီးပါပြီ... with reasons ကိုအပိုဖြစ် D ရလို့ရညား ဖြေပေးလိုက်ပါ၏။

Anonymous said...

ဟာ.. ဘာညာ.. ပိုင်တယ်ကွာ ။ တကယ် ဒီ ထွက်တော့မယ် ။

Chan Mya Soe said...

ဟားဟား ... ကြံကြံဖန်ဖန် အကြံရပါပေ့ဗျာ :)

စကားမစပ် ... ဘယ်သူ နာ့သတင်းကို ဖြန့်တာလဲတွ ... တေမယ် :P

Yan said...

ကိုချမ်းမြစိုးကြီးရဲ့ သတင်းကို ဆောင်ကြဉ်းပေးလာသူကတော့ ဘာညာနဲ့ မဂျစ်တူးပဲ ဖြစ်ပါတယ်ခင်ဗျာ...

လောလောဆယ်မှာ ဘာညာက 95 မှတ်၊ မသဉ္ဇာက 94.5 မှတ် အသီးသီးရထားကြပါတယ်. ကျန်တဲ့သူတွေ ဆက်ကြိုးစားကြပါ. D မထွက်ရင်လည်း အောင်ပါတယ်. Moderation ရှိပါတယ်. :D

သစ္စာ | သ​စ်စာ said...

မြင်တဲ့အတိုင်းဖြေထားတာနော်။ မှားယွင်းမှားမှာပေါ့
၁) ၄.
၂) ၄.
၃) ၂.
၎) ၂.
၅) ၁.
၆) ၂.
၇) ၁.
ဂ) ၄.
၉) ၃.
၁၀) ၂.
၁၁) ၄.
၁၂) ၄.
၁၃) ၁.
၁၄) ၃.
၁၅) ၃.
၁၆) ၂.
၁၇) ၁.
၁၈) ၄.
ဖြေကြည့်ပြီးပြီနော်။ စိတ်တော့မဆိုးနဲ့ :)

နတ္ထိ said...

တရားအားထုတ်(တရုတ်အားထား)တော့မည်ဟု နိမိတ်ပေးသဖြင့် တစ်မျိုးတစ်ဖုံ တွေးမိပါကြောင်း။