Monday, June 23, 2008

ပျော်ရွှင်ပါစေ တနင်္လာ....

"ရွှေစေတီ ထံတော်ပါးမှာကွယ်
နှစ်ကိုယ်သစ္စာ ကတိတွေလည်း ထားခဲ့ကြတယ်
ရေမြေခြား နေကြပေမယ့်
မေ့ပါဘူး သက်လယ်
မတတ်သာ ဒီဘ၀မှာ ခပ်ခွာခွာ နေကြရတယ်...."

ကျွန်တော်ငယ်စဉ်က ကြားဖူးနေခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့ဗျာ.

အဖေ့ကိုမေးတယ်. အဲဒါ ဘယ်သူ့အသံလဲလို့

မြန်မာပြည်သိန်းတန်တဲ့...

ကျွန်တော် တော်တော်ငယ်ပါသေးတယ်. ဒါပေမယ့် ကျွန်တော်တစ်ယောက် ကံကောင်းခဲ့တာပဲလားမသိ. မြန်မာသံစဉ်သီချင်းတွေကို စွဲစွဲမြဲမြဲ နှစ်နှစ်ခြိုက်ခြိုက် နားထောင်တတ်တဲ့ လူကြီးတွေကြားထဲမှာ ကြီးပြင်းခဲ့ရတယ်. ဒါကြောင့် မြန်မာသံစဉ် သီချင်းတွေကို ကျွန်တော် နှစ်သက်တယ်. မြတ်နိုးတယ်. တန်ဖိုးထားတယ်.

ဒေါ်မာမာအေးရဲ့ “မောင့်အချစ်မြှားစူး”့ ၊ “ချစ်သူ့နယ်မြေ” ၊ “နှင်းပျောက်တဲ့နွေ” ၊ “ပိတောက်လမ်း” စတာတွေ အပြင် မြန်မာပြည်သိန်းတန်ရဲ့ “စုံတောမြိုင်” တို့၊ စန္ဒယား ချစ်ဆွေရဲ့ “သံသရာ ခရီးသည်” တို့၊ “တိမ်တမန်” တို့၊ “မလွမ်းသော မျက်ရည်” တို့ စတဲ့ သီချင်းလေးတွေဟာလည်း ကျွန်တော့်ရဲ့ ငယ်ဘ၀ကို လွှမ်းမိုးခဲ့ဖူးပါတယ်.

ကြီးပြင်းအရွယ်ရောက်လာတော့လည်း ကိုလေးဖြူ၊ ကိုဇော်ဝင်းထွဋ်၊ ကိုအဲလက်စ်၊ ........ ခုတော့လည်း ရန်ရန်ချမ်းတို့၊ ဂျေမီတို့ထိပေါ့....

ဘယ်လိုပဲဖြစ်ဖြစ်. ကျွန်တော်အကြိုက်နှစ်သက်ဆုံးကတော့ မြန်မာသံစဉ်ဆိုတာကို ၀န်ခံရဲပါတယ်. တစ်ခါတစ်လေ အပြင်မှာ မိုးတွေ ရွာနေရင် ရဲလေးရဲ့ “မိုး” သီချင်းကို နားထောင်ရတာထက် စန္ဒရားချစ်ဆွေရဲ့ “တိမ်တမန်” သီချင်းလေးကို နားထောင်လိုက်ရတာ ပိုပြီးတော့ ခံစားချက်တွေ ရုပ်လုံးကြွလာစေပါတယ်.

နောက်မှပဲ ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေကို mp3 format ပြောင်းပေးပြီး တင်ပေးပါဦးမယ်. အခုတော့ မြန်မာပြည်သိန်းတန်ရဲ့ “မေ့ဘူးသက်လယ်” သီချင်းလေးကို နားဆင်ပြီး တနလာင်္နေ့လေးကို ကြိုဆိုလိုက်ကြတာပေါ့ဗျာ.

ကျွန်တော့်ကို လွမ်းအားပိုသွားစေတာကတော့ နံနက်ခင်း နေခြည်အောက်မှာ သံဃာတော်တွေ ဦးပိန်တံတားပေါ်က ဖြတ်လျှောက်ပြီး ကြွသွားတဲ့ အခန်းလေးပါပဲ....

မန္တလေးကို လွမ်းတယ်........
ဦးပိန်တံတားကိုလည်း လွမ်းတယ်....
ရွှေကြက်ယက်ဘုရားကိုလည်း လွမ်းတယ်....
စစ်ကိုင်းတံတားကြီးကိုလည်း လွမ်းတယ်....
မြွေကြီးနှစ်ကောင်ကိုလည်း လွမ်းတယ်.......
ဈေးချိုကိုလွမ်းတယ်.
ညဈေးတန်းကိုလွမ်းတယ်.
ဂျီတီအိုင်ရှေ့က ကောက်ညှင်းပေါင်းနဲ့ အကြော်စုံဆိုင်ကိုလွမ်းတယ်.
ရွှေနန်းတော်ကြီးနဲ့ ကျုံးမြို့ရိုးကိုလွမ်းတယ်.
မိန်းနားက Unison လက်ဖက်ရည်ဆိုင်ကိုလည်းလွမ်းတယ်.
လွမ်းတယ် အဝေးက ရွှေပြည်မြန်မာရယ်.......

အားးးးးးးးးးးးးးးးးးးး

မနက်ဖြန် တနင်္လာ...

ဘ၀ဆိုတာ ဒီလိုပဲလားကွယ်.......

မတတ်သာ ဒီဘ၀မှာ ခပ်ခွာခွာ နေကြရတယ်.....

စကားမစပ်. မြန်မာသံစဉ်တွေကြိုက်လို့ ကျွန်တော့်အသက်ကို ဘိုးအေကြီးလို့ မထင်လိုက်နဲ့ဦးနော်. ငယ်ငယ်လေးပဲ ရှိသေးတယ်. (ကျွန်တော့်တူလေးကို ပြောတာပါဗျာ. ဟတ်ဟတ်ဟတ်)

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

ချစ်ခင်လေးစားလျက်

ရန်အောင်




5 comments:

Anonymous said...

သီချင်းလေးကောင်းတယ်ကိုရန်ရေ

စိုးထက် - Soe Htet ! said...

မိုက်တယ် ... ဒီသီချင်း ထွက်တဲ့ နှစ် က ကျွန်တော် လေးတန်း ရောက်တာ ဗျ :P

Angel Eyes said...

That’s great, Ko Yan Aung. I like ur new post. Now we can really be friends as u are also a music lover like me. Thank you. I was doing marking for the test scripts just now and can’t fully concentrate on work since there are other thoughts coming into my mind. So I turned to computer and happen to check ur blog for the new post. Now, I have a nice break listening good music through the head set (I am still in office). BTW, I am from Mandalay too (-:
I have also suggested u to try Kevin Kern's creations earlier. He is one of my favourite musicians and his music is simply great .

သစ္စာ | သ​စ်စာ said...

ဒီဇင်ဘာလထဲက ပြောဖို့မေ့ သွားလို့ ထင်တယ်.....နော် .... ဒါမှမဟုတ် .... ချိန်ပါကြီးဖြစ်နေလားမသိ... ချိန် လိုက်တာနဲ့ ၊ သူများနောက် ပါပါသွားသွားလို့ ...

Kyaw said...

MIT ကိုကော မလွမ်းဘူးလားဗျ။ ကျွန်တော်လည်း MITကဆင်းတာမို့ ပါ။ ရန်ကင်းတောင်ကိုလွမ်းတယ်။ ငါးရံ့နှစ်ကောင်ကိုလွမ်းတယ်။ တောင်ပြာပြာကိုတွေကိုလွမ်းလှတယ်ဗျာ.......။