Sunday, March 09, 2008

အားဆေးတစ်ခွက်



ကဲ ငိုမနေနဲ့တော့
အရေးမကြီးသလို ထားလိုက်

အခက်အခဲတွေ မေ့လိုက်
ကြာလာရင် ရူးမယ် မတွေးနဲ့



Vocalist: ဟန်ထွန်း
Song: ရှိနေမယ်

အို ပျော်ရွှင်ခြင်းများ တကယ် နီးနီးလေး ရှိလျက်နဲ့
ဝင်လာမယ် ၀မ်းနည်းမှုတွေ မျှော်မနေလည်း ကြုံမယ်

ဒီလိုပဲပေါ့ အလွမ်းအဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ ပျော်စရာတွေ ခိုးယူသွား

ကဲ ငိုမနေနဲ့တော့ အရေးမကြီးသလို ထားလိုက်
အခက်အခဲတွေ မေ့လိုက်ကြာလာရင် ရူးမယ် မတွေးနဲ့

အရှုံ့းတွေကို သတိရ နေမလား
အရှုံးတွေကို ခံစားနေမလား
တစ်ခါ ငိုချင်တိုင်း ငါ မင်းရဲ့ အနားမှာ
ငါမင်းရဲ့ အနားမှာ အတူတူ ရှိနေမှာ
ငါမင်းလေးရဲ့အနား အတူတူရှိချင်တာ

လူဟာ လိုအပ်ခြင်းနဲ့ အမြဲတမ်း ရှိနေမယ်
ကိုယ်သဘောတစ်ခုတည်းနဲ့ ညီချင်လည်း ညီမယ်

ဒီလိုပဲပေါ့ အလွမ်းအဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ ပျော်စရာတွေ ခိုးယူသွား
အရှုံးတွေကို သတိရ နေမလား
အရှုံးတွေကို ခံစားနေမလား
တစ်ခါ ငိုချင်တိုင်း ငါ မင်းရဲ့ အနားမှာ
ငါမင်းရဲ့ အနားမှာ အတူတူ ရှိနေမှာ
ငါမင်းလေးရဲ့အနား အတူတူရှိချင်တာ

Special Credits goes to Winkabar for this song and lyrics.

No comments: