Friday, April 06, 2007

မီးအိမ်ရှင်နှင့် မြန်မာဘလော့ဂ်ဂါဖောင်ဒေးရှင်း

မင်္ဂလာညနေချမ်းလေးပါပဲ ခင်ဗျာ.

စာမူဘလော့ဂ်အတွက် PayPal Donation Button လေးတစ်ခုကို လုပ်ဖို့ ကျွန်တော် ကြိုးစားနေခဲ့ပါတယ်. လက်ခံမယ့်သူရဲ့ PayPal Email Address က မသေချာသေးတာမို့ ကျွန်တော့်ရဲ့ Email နဲ့ ကျွန်တော့်ရဲ့ PayPal Account ကိုပဲ အစမ်းသုံးခဲ့ပါတယ်.


လုံခြုံမှုရှိမရှိ၊ နိုင်ငံပေါင်းစုံက လှူလို့ရမရ အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် အောင်မြင်စွာ PayPal Donation Button လေးတစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်. အဲဒီ့ Button လေးရဲ့ Code ကို Encrypted လုပ်ထားပါတယ်။ ပြီးတော့ Spam Mails တွေကို ရှောင်နိုင်ဖို့ ကျွန်တော့်ရဲ့ သိပ်အရေးမကြီးတဲ့ Free Email တစ်ခုကို Secondary Email အနေနဲ့ ကောက်ထည့်ထားပြီး Primary Email ကို Hide လုပ်ထားပါတယ်။

ကျွန်တော့်ရဲ့ Donation Button ကတော့ မဲဆောက်မြို့က Dr. Cynthia Maung ရဲ့ မယ်တော်ဆေးခန်းလေး အတွက်ပါ။ နည်းသည်များသည်မဟူဘဲ ဒီနေ့ဒီရက်က စပြီး ပရဟိတ မြန်မာဘလော့ဂ်ဂါ ဖောင်ဒေးရှင်းလေးတစ်ခုကို ဖြူစင်တဲ့ စေတနာ အရင်းခံနဲ့ စတင်တည်ထောင်လိုက်ပါတယ်လို့ အားလုံးကို ကြေငြာအပ်ပါတယ် ခင်ဗျာ…

ဒီဖောင်ဒေးရှင်းလေးကို ဖြည်းဖြည်းချင်းနဲ့ ရှင်သန်ကြီးထွားလာအောင် ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်. အများအကျိုးအတွက် နည်းများမဟူ ဆောင်ရွက်ရာမှာ ၀ါသနာပါတဲ့ စိတ်တူကိုယ်တူ ဘလော့ဂ်ဂါ မောင်နှမများကို ၀မ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုပါတယ် ခင်ဗျာ. ကျွန်တော်တို့တတ်တဲ့ ပညာအစွမ်းနဲ့ လူငယ့်အားမာန်တို့ကို ပေါင်းစပ်ပြီး မရှိဆင်းရဲသား ပြည်သူပြည်သားများကို အပြောမဟုတ်၊ တကယ်လက်တွေ့ ကူညီနိုင်ဖို့ ကျွန်တော်တို့ MBF က ကြိုးစားသွားပါမယ်. စေတနာမှန်ရင် ဆင်းရဲသားပြည်သူတွေ ကျန်းမာချမ်းသာကြပါစေဗျာ...

ကျွန်တော့်ကို ချစ်ခင်အားပေးတဲ့ စာဖတ်ပရိသတ်ကြီးနဲ့ သူငယ်ချင်းများကလည်း ၀ိုင်းဝန်းပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ…

ဓာတ်ပုံတစ်ချို့








No comments: