Sunday, April 22, 2007

ဘာတွေလဲဗျို့…


အိုးမိုင်ဂေါ့ဒ်

ကျွန်တော်ပဲ နားကြားလွဲတာလား တကယ်ပဲလားမသိဘူးဗျာ. နားထဲမှာ သေနတ်သံ ၅ ချက် ကြားလိုက်ရတယ်. အိပ်ချင်နေတဲ့ မျက်စိတွေတောင် ပြူးသွားတယ်. ဆဲတဲ့ အသံတွေလည်း ကြားလိုက်ရတယ်. ဘာတွေလဲဗျာ. စာမေးပွဲနီးလို့ တစ်ယောက်ယောက်တော့ ဖောက်ပြီနဲ့ တူတယ်. မေတ္တာလေးဘာလေး ပို့ပေးကြပါဦးဗျို့…. မီးကို ကမန်းကတန်းထပိတ်ပြီး လမ်းဘက်ကို လှမ်းရှိုးလိုက်တော့ အားလုံးကလည်း ငြိမ်သက်နေတာပဲဗျ. ခု မနက်ခင်း ၄း၁၀ မိနစ် ရှိပြီ...

ဩော်. မနှစ်က ကျွန်တော်တို့ နေတဲ့ အဆောင်ကို အပြင်ကနေ သေနတ်နဲ့ ၃ ချက်ပစ်သွားတယ်ဗျ. မှန်ကွဲသွားတယ်. မှန်က ၂ ထပ်လေ. မှန်မရှိရင်တော့ တစ်ယောက်ယောက်တော့ ကြွပြီဗျ. စကားစပ်မိလို့ ပြောပြတာပါ. ခုတော့ ကျွန်တော်က အပြင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ တိုက်ခန်းဌားနေတယ်လေ….

မနက်ဖြန်ကျရင်တော့ သိရမှာပါ. သေချာတာကတော့ ဒီမှာ ဗျောက်ဖောက်တဲ့ အလေ့အထ သိပ်မရှိဘူးဗျ. ကားဘီးပေါက်တဲ့ အသံနဲ့လည်း မတူဘူး. မသိဘူးဗျာ. ခေါင်းကိုနောက်သွားတာပဲ. ကျည်ကာ အင်္ကျီတောင်ဝယ်ဖို့ လိုပြီနဲ့တူတယ်….

အမေရိကားကို လာချင်တဲ့ ဘော်ဘော်ဘလော့ဂါများ အကူအညီလိုရင် ကျွန်တော့်ကို ပြောနော်. အသက်အာမခံ company မှာ အသိတွေ ရှိတယ်ဗျ.
lol

တစ်ယောက်တည်း ရည်းစားမရှိဘာမရှိနေရတာ ခုလို အသံဗလံတွေ ကြားရင် ရင်ခုန်သံတွေ မြန်လာတယ်ဗျာ. (ကြော်ငြာဝင်တာပါ…)

3 comments:

Hay Mar said...

"ကြောက်တတ်ရင်လွဲလို့၊ရဲတဲ့လူမင်းဖြစ်" ကိုင်ဇာ

ကလိုစေးထူး said...

အဲဒီအတွက် လွယ်ပါတယ်ဗျ။ ကိုရန်အောင်လဲ သေနတ်တလက်သာ ၀ယ်ထားလိုက်. :D ရည်းစားမရှိလို့ သေနတ်သံကြားရင် အထီးကျန်စိတ်နဲ့ ထိတ်လန့်နေတာလား။ ဒါလဲ လွယ်ပါတယ်။ လမ်းပေါ်မှာ အမည်းမတွေ တပုံကြီး :P စတာပါဗျာ။ :)

Yan said...

ဘာအမည်းတွေ ပုံနေတာလဲ ကိုကြီးစေးထူးရေ.. ရှင်းအောင် ပြောမှပေါ့. သေနတ်လည်း ၀ယ်မလို့ပဲဗျ. ကိုမင်းမောင်ဆီက ၀ယ်ရင်ကောင်းမလား စဉ်းစားနေတာ. သူက အခွန်တွေ ပြန်အမ်းမယ် ပြောနေတယ်လေ. ဟားဟားဟား