Saturday, September 29, 2007
လက်ရှိအခြေအနေများကို သုံးသပ်ချက်
၁. နအဖဟာ အင်တာနက်၊ မိုဘိုင်းလ်ဖုန်းစတဲ့ သတင်းစီးဆင်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ source တွေကို ရအောင်လိုက်ပိတ်ဦးမယ်. တစ်ချိန်တည်းမှာပဲ တရုတ်၊ ရုရှတို့ရဲ့ ထောက်ခံမှုကို စဉ်ဆက်မပြတ်ရနေအောင် ကြိုးစားနေလိမ့်မယ်. KNU, ABSDF, နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ မ၀င်လာနိုင်အောင်လည်း တစ်ပြိုင်တည်းမှာ ပြင်ဆင်နေလိမ့်မယ်. ဒါ့အပြင် တပ်တွင်း ပြိုကွဲမှု မဖြစ်အောင် တန်ပြန်ထောက်လှမ်းရေးတွေလည်း ထားရှိလိမ့်မယ်. ဒါက နအဖရဲ့ Plan A ပါ.
၂. ဆန္ဒပြသပိတ်မှောက်တဲ့ ပြည်သူတွေကို မထွက်ရဲအောင် လမ်းဆုံလမ်းခွတိုင်းမှာ စစ်ကားတွေ၊ အရပ်ဝတ်ရဲတွေ ထားရှိလိမ့်မယ်. ကုလကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ရောက်ရှိနေစဉ်အတောအတွင်းမှာ နအဖကို ထောက်ခံတဲ့ ပြည်သူ့ဆန္ဒပြပွဲ အတုအယောင်တွေကို အင်အားသုံးပြီး ဖန်တီးလိမ့်မယ်. အစစ်အမှန်ဆန္ဒပြသူတွေနဲ့ ရောထွေးခြင်း မရှိအောင် အမှတ်အသားတွေ လုပ်ထားလိမ့်မယ်. ပြည်သူချင်း ရန်တိုက်ပေးလိမ့်မယ်.
၃. ရဟန်းသံဃာတော်တွေရဲ့ အဓိကအင်အားက စာသင်တိုက်တွေပါ. ဒါကြောင့် သံဃာတော်တွေကို နေရပ်ကို အတင်းအကြပ်ပြန်ခိုင်းခြင်း၊ သံဃာ့နာယက ဆရာတော်များကို အပြောင်းအလဲလုပ်ခြင်း၊ ညဖက်တွေမှာ အငိုက်ဖမ်းပြီး ဘုန်းကြီးကျောင်းတွေကို ၀င်စီးခြင်းတွေ လုပ်ပါလိမ့်မယ်.
၎. စစ်တပ်အကြီးအကဲပိုင်းတွေမှာ ရာထူးအပြောင်းအလဲတွေ ရှိလိမ့်မယ်. တပ်မတော်ပြိုကွဲမှာတော့ မဟုတ်သေးဘူး. ဒါပေမယ့် တပ်ထဲက ခပ်ကြီးကြီး အရာရှိတစ်ချို့ ဖြုတ်ထုတ်ရှင်းခံရလိမ့်မယ်. သစ္စာစောင့်သိနိုင်ခြေရှိမယ့် စစ်တပ်အရာရှိတွေကို ပြောင်းလဲ အစားထိုး ခန့်ထားလိမ့်မယ်.
၆. အမျိုးသားညီလာခံက ထောက်ခံပွဲတွေကို လောလောဆယ် သူတို့လုပ်ဝံ့မှာ မဟုတ်သေးဘူး. ဘာလို့လဲဆိုတော့ လူထုက အရမ်းကို ပေါက်ကွဲဒေါသထွက်နေပြီ ဆိုတာကို သူတို့သိတယ်. ဒါကြောင့် ကြံ့ဖွံ့အင်အားများများသုံးပြီး လူထုအနည်းငယ်ရောကာ ပြည်သူ့ဆန္ဒခံယူပွဲတွေကို အရပ်ဝတ်စုံထောက်တွေ၊ ရဲတွေ အများကြီးထည့်ပြီး လုပ်လိမ့်မယ်. မလိုက်ရင်ခြိမ်းခြောက်ပြီး အတင်းအကြပ်လိုက်ခိုင်းလိမ့်မယ်.
ဒါတွေက အကြမ်းဖျင်းပါ.
ကျွန်တော်တို့ ပြည်သူလူထုဖက်က ဘာတွေပြင်ဆင်ဖို့လိုမလဲ. Strategy တွေကို ဆွေးနွေးပေးပါ. ဒါတွေကို ကျွန်တော်တို့ နောက်လုပ်မယ့် အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားပါမယ်.
ရန်အောင်
အသည်းနာကမ္ဘာမကြေ…
အသည်းနာကမ္ဘာမကြေ…(မာမာအေး)
သံဃာတော်တွေ သွေးမြေကျရပြီတဲ့
တကြော်ကြော် ဟစ်ကြွေးကြသော်ငြား
မကြားချင်ပေါင် ပူလောင်ခံစား
ပင်လယ်ဖြစ်သွားမျက်ရည်များ
တစ်နေ့တစ်နေ့နဲ့အသက်တွေ
ပေးဆပ်ခဲ့ရ ကြာရှည်
ဗမာပြည်သူအဆွေ
မဆုတ်ထိတိုက်မယ့်ခိုက်မယ့်ဇွဲထက်နေ…
Credits:
ဒီသီချင်းစာသားတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သားတော် ရဟန်းသံဃာတော်တွေ သွေးမြေကျခဲ့ရတာကို မြင်ရကြားရပြီးနောက် ရင်ထဲကနေ ပဲ့တင်ထပ်လာတဲ့ ၀မ်းနည်းပူဆွေးသံတွေပါ.
ရေးစပ်သူကတော့ မေမြန်မာဖြစ်ပြီး ရွှေပြည်အေးက တီးခတ်ပါတယ်ခင်ဗျာ. ပိုင်နိုင်စွာနဲ့ ရင်ထဲထိစွဲငြိအောင် သီဆိုပေးသူကတော့ ဒေါ်မာမာအေးပဲ ဖြစ်ပါတယ်ခင်ဗျာ.
ဒီသီချင်းကို ဘလော့ဂ်မှာတင်ပြီး အားလုံးကို ဖြန့်ဝေပေးဖို့ အကြံပြုပေးပို့ပေးခဲ့တဲ့ Burma Point မှ မမေစိုးညွှန့်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.
Right Click ခေါက်ပြီး Download လုပ်ယူနိုင်ပါတယ်. အဆင်မပြေရင် ဒီမှာရယူနိုင်ပါသေးတယ်. အားလုံး ဆက်လက်ဖြန့်ဝေပေးကြပါခင်ဗျာ….
မြန်မာပြည်တွင်းက ဆန္ဒပြသူများအားလုံး…
ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ခွဲခြားမရဘူး. အတူတကွရှိနေမယ်. စိတ်ဓာတ်တွေကို ဆက်လက်ထိန်းသိမ်းပေးထားကြပါ..
(ရန်အောင်)
သံဃာတော်တွေ သွေးမြေကျရပြီတဲ့
တကြော်ကြော် ဟစ်ကြွေးကြသော်ငြား
မကြားချင်ပေါင် ပူလောင်ခံစား
ပင်လယ်ဖြစ်သွားမျက်ရည်များ
တစ်နေ့တစ်နေ့နဲ့အသက်တွေ
ပေးဆပ်ခဲ့ရ ကြာရှည်
ဗမာပြည်သူအဆွေ
မဆုတ်ထိတိုက်မယ့်ခိုက်မယ့်ဇွဲထက်နေ…
Credits:
ဒီသီချင်းစာသားတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သားတော် ရဟန်းသံဃာတော်တွေ သွေးမြေကျခဲ့ရတာကို မြင်ရကြားရပြီးနောက် ရင်ထဲကနေ ပဲ့တင်ထပ်လာတဲ့ ၀မ်းနည်းပူဆွေးသံတွေပါ.
ရေးစပ်သူကတော့ မေမြန်မာဖြစ်ပြီး ရွှေပြည်အေးက တီးခတ်ပါတယ်ခင်ဗျာ. ပိုင်နိုင်စွာနဲ့ ရင်ထဲထိစွဲငြိအောင် သီဆိုပေးသူကတော့ ဒေါ်မာမာအေးပဲ ဖြစ်ပါတယ်ခင်ဗျာ.
ဒီသီချင်းကို ဘလော့ဂ်မှာတင်ပြီး အားလုံးကို ဖြန့်ဝေပေးဖို့ အကြံပြုပေးပို့ပေးခဲ့တဲ့ Burma Point မှ မမေစိုးညွှန့်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.
Right Click ခေါက်ပြီး Download လုပ်ယူနိုင်ပါတယ်. အဆင်မပြေရင် ဒီမှာရယူနိုင်ပါသေးတယ်. အားလုံး ဆက်လက်ဖြန့်ဝေပေးကြပါခင်ဗျာ….
မြန်မာပြည်တွင်းက ဆန္ဒပြသူများအားလုံး…
ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ခွဲခြားမရဘူး. အတူတကွရှိနေမယ်. စိတ်ဓာတ်တွေကို ဆက်လက်ထိန်းသိမ်းပေးထားကြပါ..
(ရန်အောင်)
Friday, September 28, 2007
ဂျပန်အစိုးရက နအဖကို ဖြေရှင်းချက်တောင်းပြီ...
Japan to demand full explanation of death of journalist in Myanmar
TOKYO (AP): Japan will press Myanmar for a full explanation of the death of a Japanese journalist during a violent crackdown on anti-government protests, officials said Friday.
Kenji Nagai was among nine people killed Thursday when soldiers fired automatic weapons into a crowd of pro-democracy demonstrators. Nagai, 50, a video-journalist, was working for Japanese news agency APF News.
Officials have said Nagai was believed to have been shot in the chest. There were conflicting reports that he was struck by stray bullets fired by Myanmar soldiers or shot from the front.
"We offer our prayers and condolences for him," Chief Cabinet Secretary Nobutaka Machimura said. "I think what's most important at the moment is to demand a full accounting of what happened."
Prime Minister Yasuo Fukuda said Nagai's death was "extremely unfortunate."
"We hope the Myanmar government will give us a full explanation," Fukuda said.
He said, however, that Japan needs to take the whole situation into account before considering the possibility of sanctions.
Deputy Foreign Minister Mitoji Yabunaka was scheduled to visit Myanmar this weekend to express Japan's anger to the ruling military junta, according to officials.
"I don't want Myanmar authorities and the government to resort to such measures," Nagai's father, Hideo, told reporters. "I want them to prevent something like this from happening again." (**)
Source: www.thejakartapost.com
နယူးယောက်မြို့့ကုလရုံးရှေ့မှ ဒုတိယအကြိမ်မြောက်ဆန္ဒပြပွဲ


အမေရိကန်ပြည်ထောင်စုရှိ မြန်မာနှင့် အခြားဗုဒ္ဓဘာသာ သံဃာတော်အပါး ၃၀ ခန့် ဦးဆောင်၍ ကုလသမဂ္ဂ ရုံးချုပ်ရှေ့တွင် စက်တင်ဘာ ၂၇ ရက်နေ့၌ ဆန္ဒပြပွဲ တစ်ရပ် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင်း ဖိနှိပ်သတ်ဖြတ်နေမှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြနေစဉ် နယူးယောက် အခြေစိုက် သတင်းဌာနများနှင့် ကုလသမဂ္ဂဆိုင်ရာ သတင်းဌာနများက သတင်းများစွာ ယူခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသော အခြေအနေများကိုလည်း ဆန္ဒပြနေသော သံဃာတော်များအား မေးမြန်းစုံစမ်းကြသည်။

တက်ရောက်လာသော မြန်မာများကလည်း ဗုဒ္ဓမြတ်စွာဘုရားပုံတော်၊ နိုင်ငံတွင်းဖြစ်ပျက်နေသော ဓာတ်ပုံများနှင့် “China, Russia, UN! Take Action on Burma!!!” စသော အလံများကိုင်ဆောင်၍ အပြင်းအထန် ဆန္ဒပြကြသည်။
ဆက်လက်၍လည်း မြန်မာနိုင်ငံတွင်း သံဃာတော်များနှင့် အခြားကျောင်းသားပြည်သူများ ခံစားနေရသော ဖိနှိပ်ချုပ်ချယ်မှုများကို ပြင်းပြင်းထန်ထန် ဆန္ဒများ ထုတ်ဖော်ပြသသွားမည် ဖြစ်သည်။
Burma Point
P.O. Box 770401, Woodside, NY 11377-0401
Ph: 718-396-1464
www.burmapoint.com
ဓာတ်ပုံများကို DNY မှ ရိုက်ကူးမှတ်တမ်းတင်ပါသည်...
Media Campaign ကိုဒီလိုလုပ်မယ်...
Media Campaign အတွက် ဒီလိုစီစဉ်ထားပါတယ်.
1. Blogspot ကို ပြည်တွင်းကလူတွေ ဖတ်လို့ရအောင် စီစဉ်မယ်. (Blogger Network ကို ပီပီပြင်ပြင်တည်ဆောက်မယ်. Proxy Server တွေကို အားလုံးသိအောင် ကြေငြာလိုက်ရင် နအဖက ဘန်းပစ်လိမ့်မယ်. ဒါကြောင့် Blogger Network ထဲမှာပဲ လက်သိပ်ထိုးပြောမယ်. နီးစပ်ရာကို ဆက်လက်ဖြန့်ဝေပေးသွားဖို့ပါပဲ.)
2. Wordpress Platform ကို သုံးပြီး ဘလော့ဂ်တွေကို ဆက်ရေးသွားမယ် (ဒီ့အတွက် ကျွန်တော် အချိန်အနည်းငယ်ယူပြီး ကြိုးစားသွားပါမယ်)
3. Youtube Website မှာ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက သွေးထွက်သံယိုမှုတွေအကြောင်းကို တစ်ကမ္ဘာလုံးက သိလာအောင် တင်ဆက်သွားမယ်
4. သတင်းဓာတ်ပုံတွေကို ရသလောက်ယူပြီး New York Times, Asahi Shinbon, Washington Post စတဲ့ အင်အားကြီးမားတဲ့ နိုင်ငံခြားသတင်းစာတွေဆီကို ပို့ပြီး သတင်းအနေနဲ့ ပါဝင်နိုင်အောင် ကြိုးစားမယ်. (လောလောဆယ် ဂျပန်သတင်းထောက် အသတ်ခံလိုက်ရတာက ဂျပန်နိုင်ငံမှာ ရှိတဲ့ သတင်းစာတွေနဲ့ ဂျပန်လူမျိုးတွေကို စည်းရုံးဖို့အတွက် အခွင့်အခါကောင်းတစ်ခုပဲ. ဒါကို ဂျပန်စကားတတ်ကျွမ်းတဲ့ ဘလော့ဂါများ (၀ါ) ခေတ်ပညာတတ်လူငယ်များက ကူညီရေးသားပေးကြပါလို့ တောင်းဆိုချင်ပါတယ်)
ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားနေသူတွေအတွက် Funding ကိစ္စကိုလည်း ပိရိသေသပ်စွာ အကောင်အထည်ဖော်သွားရုံသာမက နိုင်ငံတကာရဲ့ အကူအညီကိုလည်း ရယူနိုင်အောင် ဘလော့ဂ်တွေထဲက ပို့စ်ကောင်းကောင်းတစ်ချို့ကို အင်္ဂလိပ်ဘာသာနဲ့ စုစည်းတင်ပြထားမယ်. ကျွန်တော်တို့ ဘလော့ဂါတွေ တော်တော်များများက မြန်မာလိုပဲ ရေးနေကြပါတယ်. နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရယူနိုင်ဖို့ အင်္ဂလိပ်လိုတင်ပြဆွေးနွေးနိုင်ဖို့လည်း အရေးကြီးပါတယ်. ဒီ့အတွက် ဘာသာစကားနှစ်မျိုးလုံး နိုင်နင်းတဲ့ ဘလော့ဂါကောင်းများ၊ စာရေးဆရာများ အလိုရှိပါတယ်.
ဒါကျွန်တော်ခုချက်ချင်း စဉ်းစားလို့ရသမျှပါ. အသေးစိတ်ကို ဖြည်းဖြည်းချင်း ဆက်ပြောသွားပါမယ်.
ရန်အောင်
aungyan@gmail.com
Media Campaign!!!
ကျွန်တော်တို့ နယူးယောက်မှာ အရင်တစ်ပတ်က ဆန္ဒပြပွဲလုပ်ခဲ့ပါတယ်. အမေရိကန်တစ်နိုင်ငံလုံးမှာ ရှိတဲ့ မျိုးချစ်မြန်မာတွေ လာရောက်ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်. ဓာတ်ပုံတွေကို တင်ပြီးပါပြီ. အခုဆက်ပြောလိုတာကတော့ ကျွန်တော်တို့ ပြည်ပက နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်တွင်းကဆန္ဒပြသူတွေအကြား ပူးပေါင်းဆောင်ရွက်မှုပါပဲ.
ပြောစရာတွေ အများကြီးပဲဗျာ. ဘာကို စပြောရမလဲဆိုတာကို ကျွန်တော့်ခေါင်းထဲမှာ သေချာစီစဉ်နေရတယ်. ပြောချင်တာတွေ သိပ်များပြီး ဘာကိုမှ ပြောမထွက်တော့တာတွေ ခဏခဏ ဖြစ်နေခဲ့ရတယ်. နောက်ဆုံးတော့ ကိုယ် အပြောချင်ဆုံးအရာကိုပဲ ရှေ့တန်းတင်ပြီး ကျန်တာတွေကို supporting factors တွေ အနေနဲ့ ဖြည့်ပြီး ပြောသွားတာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်. ဒါကြောင့်လည်း ဒီပို့စ်ကို ရေးဖြစ်ပါတယ်.
စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ အချိန်ဟာ အခုအချိန်ပါပဲ. ဒီလိုမျိုး လူထုလှုပ်ရှားမှုကြီး တစ်ခဲနက်ဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်လှပါဘူး. ဒီအချိန်ကိုမှ အသုံးမချနိုင်ရင်၊ မှန်ကန်တဲ့ လှုပ်ရှားမှုတွေနဲ့ တင်ကြိုပြင်ဆင်မှုတွေ မရှိခဲ့ရင် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကြီး အရေးနိမ့်သွားနိုင်ပါတယ်. သူတို့က လက်နက်နဲ့ပါ. ကျွန်တော်တို့တွေက လက်နက်မဲ့ပါ.
လက်နက်ကိုကိုင်စွဲထားတဲ့သူက လက်နက်ကိုပဲအားကိုးတယ်. လက်နက်ကလွဲလို့သူမသိဘူး. ဒါက သူ့အတွက် အားသာချက်ဖြစ်သလို အားနည်းချက်လည်း ဖြစ်တယ်. အားသာချက်က ဘာလဲဆိုတော့ သူတို့ဟာ လူအင်အားနည်းပေမယ့် ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို အကြမ်းဖက်ဖြိုခွဲနိုင်တယ်. အားနည်းချက်ကတော့ လက်နက်ကို ယုံကြည်အားထားနေရတဲ့အတွက် စိတ်ဓာတ်ပျော့ညံ့တယ်. လက်နက်နဲ့ဖြိုခွင်းမရနိုင်တဲ့ စိတ်ဓာတ်အင်အားကို မကျော်လွှားနိုင်ဘူး…
ကျွန်တော်တို့ပြည်သူလူထုတွေက လက်နက်မဲ့ဖြစ်တယ်. ဒါကြောင့် အလွယ်တကူနှိမ်နင်းခံရတယ်. အားနည်းချက်ဖြစ်တယ်. သို့သော် လက်နက်မရှိပါလျက်နဲ့ မိမိတို့ရဲ့ တောင်းဆိုချက်တွေကို ရဲဝံ့စွာ ဆန္ဒပြတောင်းဆိုတာဟာ နည်းနည်းနောနော သတ္တိမဟုတ်ဘူး. စိတ်ဓာတ်အင်အားသိပ်ကို ပြင်းထန်တယ်ဆိုတာ သိသာထင်ရှားတယ်..
ဒါဟာ ကျွန်တော်တို့ရဲ့ အားသာချက်ဖြစ်တယ်.
ကျွန်တော်ဒီလိုပြောလို်က်တော့ ခင်ဗျားတို့က ထင်လိမ့်မယ်.
ဟ. မင်းပြောမှလားကွ… ပေါ့
ဟုတ်တယ်ဗျာ. အဲဒါကစပြောရမှာပဲ.
ဘာလို့လဲဆိုတော့ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စရပ်တွေကို လက်နက်နဲ့ တည်ဆောက် အကောင်အထည်ဖော်ခဲ့တာမဟုတ်ဘူး. စိတ်ဓာတ်နဲ့ တည်ဆောက်ခဲ့တာ…
အခုလည်း ကျွန်တော်တို့ စိတ်ဓာတ်နဲ့ပဲ ဒီသပိတ်ကို နိုင်အောင် တိုက်ပွဲဝင်သွားမယ်
နအဖဟာ ဘာကို အကြောက်ဆုံးလဲ..
သူတို့အာဏာ ဆုံးရှုံးမှာကို ကြောက်တယ်. ပြည်သူလူထုကြီးတစ်ရပ်လုံး ဆန္ဒပြသပိတ်မှောက်တဲ့အထဲမှာ ပါဝင်လာမှာကို ကြောက်တယ်. စစ်သားတွေ အာဏာဖီဆန်မှာကို ကြောက်တယ်.
နအဖရဲ့ အားသာချက်တွေက ဘာလဲ.
သူတို့မှာ ဘာကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းတဲ့ ညဉ်ရှိတယ်. သူတို့ကို ကျောထောက်နောက်ခံပေးထားတာက တရုတ်နဲ့ ရုရှ. အဲဒီ့နှစ်နိုင်ငံလုံးက UN Security Council မှာ Veto အာဏာသုံးပိုင်ခွင့်ရှိနေတယ်. မြန်မာပြည်အရေးကို Security Council မှာ တင်ပြတိုင်း ဒီနှစ်နိုင်ငံက ပယ်ချခဲ့တာချည်းပဲ. အခုလည်း အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးတွေက မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေ၊ လူမဆန်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြဆွေးနွေးပေမယ့် တရုတ်နဲ့ ရုရှက မသိကျိုးကျွံပြုနေပါတယ်. This is not an international threat! ဆိုပြီး ဘူးခံငြင်းနေပါတယ်.
ဒီတော့ နအဖက လုပ်ချင်ရာဆက်လုပ်နေနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်.
နအဖရဲ့ အားနည်းချက်က ဘာလဲ.
ပြည်သူလူထုကို သူတို့ ဆက်မညာနိုင်တော့ဘူး. ရဟန်းသံဃာတော်တွေ ငြိမ်းချမ်းစွာဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွဲတာ၊ သတ်ဖြတ်တာ၊ ရိုက်နှက်တာတွေက နအဖရဲ့ အာဏာရှင်စစ်ဘီလူးမျက်နှာဖုံးကို အတိအလင်း ဖော်ပြလိုက်ပြီ. ပိုဆိုးသွားစေတာက ဗုဒ္ဓဘာသာထွန်းကားတဲ့ တိုင်းပြည်မှာ ဘုရားသားတော်တွေဖြစ်တဲ့ ရဟန်းသံဃာများကို စော်ကားရက်စက်မှုပဲ. သိပ်ကို အရုပ်ဆိုးအကျည်းတန်သွားပြီ.
ကုန်ကုန်ပြောရရင် စစ်သားတွေကိုယ်တိုင်ကကို နအဖဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်ကို စောဒကတက်လာပြီ. မန္တလေးမှာ ဖြစ်သွားခဲ့တဲ့ တပ်မ ၃၃ ကိစ္စက အထင်အရှားပဲလေ. စစ်သားတွေက ပစ်မိန့်ကို ငြင်းဆန်ပြီး ဘုန်းကြီးတွေကို ထိုင်ကန်တော့တယ်.
ဒါကို ကြည့်ခြင်းအားဖြင့် ဒီသပိတ်ဟာ စိတ်ပိုင်းဆိုင်ရာကို တော်တော်ထိုးဖောက်ဝင်သွားပြီ.
မကြာခင်က တောင်ဥက္ကလာပ ငွေကြာယံဘုန်းကြီးကျောင်းမှာ ဖြစ်သွားခဲ့တဲ့ ဘုန်းကြီးတွေကို ၀င်ဖမ်းပြီး ရက်စက်စွာ ပစ်သတ်ခဲ့တဲ့ ကိစ္စဟာလည်း ပြည်သူလူထုကို အမျက်ထွက်စေခဲ့တယ်.
သေချာတယ်. ဒီသပိတ်ဟာ Climax ကိုရောက်သွားပြီ.
နအဖ သတ်ချင်သလောက်သတ်. ပစ်ချင်သလောက်ပစ်.
ပြည်သူတွေ ဆက်ပြီး ဆန္ဒပြနေမှာပဲ. သံဃာတော်တွေ ဆက်လက်ပြီး ကံဆောင်မြဲကံဆောင်နေမှာပဲ.
ဒါက နအဖရဲ့ အားနည်းချက်ပဲ…
နအဖဘာကို စိုးရိမ်လဲ.
သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေ ပြည်ပမီဒီယာတွေကို ပျံ့နှံ့သွားမှာကိုပဲ. ဒါကြောင့်ဓာတ်ပုံရိုက်တဲ့ဘလော့ဂါတွေ အဖမ်းခံရတယ်. ဆာကူယာနဲ့ ထရိတ်ဒါးဟိုတယ်ကိုလည်း ၀င်စီးခံရတယ်. (ဓာတ်ပုံတစ်ချို့က အဲဒီ့ဟိုတယ်တွေပေါ်က ရိုက်ထားတာကိုး) မကြာခင်က APF Tsushin Media Company က ဂျပန်သတင်းထောက် Kenji Nagai ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်မှတ်တမ်းတင်နေရင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်.
ဒါတွေကို ကြည့်ခြင်းအားဖြင့် နအဖဟာ Media Flow ကို အရမ်းကြောက်တယ်. ဒါကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်. သူတို့တစ်ချက်လျှော့တွက်သွားခဲ့မိတာက ဘလော့ဂါတွေကိုပဲ. ဘလော့ဂ်တွေကြောင့် ဆန္ဒပြပွဲသတင်းတွေ၊ ဓာတ်ပုံတွေဟာ ပြည်ပမီဒီယာသတင်းဌာနတွေကို တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့တယ်.
ဒါကို နအဖက သိလည်းသိရော Blogspot ကို ဘန်းတယ်. Attached File လုပ်တာတွေ အဆင်မပြေအောင် Internet Speed ကို နှေးပစ်တယ်. Cyber Café တွေကို သေချာစောင့်ကြည့်ခိုင်းတယ်. ဘလော့ဂါတစ်ချို့ကို ခြိမ်းခြောက်တယ်၊ တစ်ချို့ကို ဖမ်းဆီးတယ်.
ကဲ. ကျွန်တော်ခုပြောခဲ့တာတွေကို Conclusion ပြန်ဆွဲမယ်ဗျာ..
ပြည်တွင်းက ဘလော့ဂါတွေ အနေနဲ့ ငါတို့ဘာမှ မလုပ်နိုင်ဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့. ခင်ဗျားတို့တိုင်းပြည်အတွက်အများကြီး လုပ်နိုင်ပါတယ်. ဘာမှမလိုဘူး. သတင်းပေးပါ၊ ဓာတ်ပုံတွေကို တစ်နည်းတစ်ဖုံနဲ့ရအောင် ပြည်ပကိုပို့ပေးပါ. ကျွန်တော်တို့က နိုင်ငံခြားသတင်းဌာနတွေကို သတင်းအနေနဲ့ ရေးပို့ပေးပါမယ်. ဓာတ်ပုံရိုက်တဲ့သူတွေကိုလည်း Credit ပေးပါမယ်. ဒီလိုမျိုး ဓာတ်ပုံရိုက်သူတွေကိုယ်တိုင်က ခွင့်ပြုချက်ပေးမှသာ နိုင်ငံခြားသတင်းဌာနတွေက ဒီသတင်းဓာတ်ပုံတွေကို ယူသုံးနိုင်ပါတယ်. ဒါကို အလေးအနက်ထားပြီး စဉ်းစားပေးကြပါ.
အခုနယူးယောက်တိုင်းမ်စ်သတင်းစာ ခေါင်းကြီးပိုင်းမှာ မြန်မာနိုင်ငံသတင်း ဆက်တိုက်ဆိုသလိုပါနေတာ ၃ ရက်ရှိပြီ. BBC World News၊ CNN စတဲ့ သတင်းဌာနတွေမှာလည်း မြန်မာနိုင်ငံသတင်းက Headline News ဖြစ်နေတာပဲ. နအဖရဲ့ စစ်ဘီလူးရုပ်ကို နိုင်ငံတကာက သိလာပြီး အခုကျင်းပနေတဲ့ UN Assembly မှာ Agenda အနေနဲ့ ပါဝင်ဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့တွေ ကြိုးစားရမယ်.
ဆန္ဒပြသူတွေက ဆက်ပြနေသလို ခေတ်ပညာတတ်လူငယ်များကလည်း မိမိတို့ တတ်ကျွမ်းနားလည်တဲ့ ပညာစွမ်းနဲ့ ဒီသပိတ်တိုက်ပွဲကြီးကို ဆက်လက်ဆင်နွှဲသွားနိုင်ဖို့လိုပါတယ်.
ဥပမာ. ဘန်းထားတဲ့ Website တွေ၊ Blog တွေကို ရအောင်ဖတ်နည်းတွေကို ဝေမျှပေးဖို့လိုပါတယ်. သတင်းဓာတ်ပုံတွေကို နအဖရဲ့ စောင့်ကြည့်မှုကို ရှောင်ကွင်းပြီး ပို့ပေးနိုင်အောင် By Pass Server နည်းမျိုးတွေ သုံးဖို့ လိုပါတယ်. ဒါတွေက အကြမ်းဖျင်းပြောတာပါ.
အဓိကအချက်က ပြည်တွင်းကလူတွေရဲ့ စိတ်ဓာတ်တက်ကြွနေနိုင်အောင် လှုံ့ဆော်အားပေးနေနိုင်ဖို့ပဲ.
ဒါကြောင့် Media Campaign ကို ကျွန်တော်အတိအလင်း ကြေငြာလိုက်ပါပြီ.
လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးသွားပါမယ်.
နောက်ဆုံးအင်တာနက်လုံးဝသုံးမရတော့ရင် ဂြိုဟ်တုဖုန်းတွေကို သုံးပြီး Media Campaign ကို ဆက်လက်လှုပ်ရှားသွားပါမယ်.
ဒီတော့ ပြည်တွင်းက ဘလော့ဂါများနဲ့ နိုင်ငံရေးအသိစိတ်ဓာတ်နိုးကြားတက်ကြွတဲ့ လူငယ်လူရွယ်လူကြီးများက ကျွန်တော်တို့ရဲ့ Media Campaign ကို တတ်နိုင်သလောက် ကူညီပေးကြပါလို့ ဒီပို့စ်လေးရေးပြီး မေတ္တာရပ်ခံလိုက်ပါတယ်.
မြန်မာပြည်တစ်နှစ်အတွင်း လွတ်လပ်စေရမည်…
ရန်အောင်
aungyan@gmail.com
ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့နိုင်ငံတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် သစ္စာဓိဋ္ဌာန်ပြုသည်...
ကျွန်တော် ပျောက်နေခဲ့တာ ကြာပါပြီ. ဒီကိစ္စအတွက် ကျွန်တော်အားလုံးကို တောင်းပန်ပါတယ်. ပြန့်ကြဲနေတဲ့ စိတ်ဓာတ်တွေကို ကြိုးစားထိန်းချုပ်နေခဲ့ရင်း ကျွန်တော့်ရဲ့ တန်ဖိုးတွေကို ရှာဖွေနေခဲ့လို့ပါ
ကျွန်တော်ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာ တင်းကြပ်မှုတွေ ဖြစ်ပေါ်လာရတာက တစ်ချို့သော လူမှုရေးကိစ္စလေးတွေကြောင့်ပါ. အခုတော့ ကျွန်တော် ကြိုးစားဖြေရှင်းလိုက်နိုင်ပါပြီ. ဘယ်လိုကိစ္စကြောင့်ပဲ ဖြစ်ဖြစ် စာပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပါပြီ.
လောလောဆယ် မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အားလုံး အသိပဲ ဖြစ်မှာပါ. ဒါတွေကို ထပ်မံပြီး မပြောပြလိုပါဘူး. အမှန်တော့ ပြန်မပြောပြနိုင်အောင်ကို ရင်နင့်ကြေကွဲခံစားရလို့ပါ.
ကျွန်တော့်တိုင်းပြည်၊ ကျွန်တော်တို့ရဲ့ ပြည်သူလူထုအတွက် ကျွန်တော့်ရဲ့ ပညာနဲ့ စိတ်ဓာတ်အင်အားကို အစွမ်းကုန် အသုံးချသွားဖို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်နိုင်ပါပြီ.
အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့ရတဲ့ ကျွန်တော့်ကို အားလုံးပဲ နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ.
အားလုံးကို ချစ်ခင်လေးစားလျက်
ရန်အောင်
Subscribe to:
Posts (Atom)