Monday, November 19, 2007

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း…

၂၀၀၇ ခု၊ နိုဝင်ဘာ (၁၀) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ UN Plaza ၌ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနား၌ မစိုးရိမ်ဆရာတော်ဘုရားကြီး၊ ပီနန်ဆရာတော်ဘုရားကြီးတို့မှ ပြည်တွင်းပြည်ပ ရဟန်းသံဃာတော်များ စည်းလုံးမှုရှိစေရေးရှေးရှုပြီး ဩ၀ါဒမိန့်ခွန်းများ ပြောကြားခဲ့ပါသည်. ထို့နောက် စာရေးဆရာ မောင်စွမ်းရည်၊ စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းတို့မှ မိန့်ခွန်းများဆက်လက်ပြောကြားခဲ့ပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်…















ဓာတ်ပုံများကို ပေးပို့ခဲ့သော မိတ်ဆွေဘလော့ဂါ အောင်ပင်လယ်အား အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ…

ဌာနေသို့ အပြန်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်လည်း Blogcation ကို အားရပါးရ ခံစားခဲ့ပြီးပါပြီ. ခုတော့ ကိုယ့်အိမ်ကိုယ်ယာကို ပြန်ရောက်လို့ ဘလော့ဂ်ခရီးကို ဆက်နှင်လိုက်ပါဦးမယ်…

ကျွန်တော့်ကို ချစ်ခင်ရင်းနှီးစွာနဲ့ အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် ဘလော့ဂါများကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.

ကျွန်တော့်စိတ်တွေကို ကောင်းမွန်စွာ စုစည်းလို့ ကျွန်တော်ချစ်ခင်ရတဲ့ ဘလော့ဂါများနဲ့အတူ ဆက်လက်ပြီး ပျော်ရွှင်စွာ နေသွားချင်ပါတယ်. ဒါကြောင့် ကျွန်တော့်စိတ်ကို ဒုက္ခပေးနေတဲ့ တစ်ချို့ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကို ဗင်းနစ်မြို့ကို ယူသွားပြီး ရေထဲကို ပစ်ချခဲ့တာပါ.

ပြန်ပေါ်မလာအောင် တစ်ခါတည်း ကျောက်တုံးမှာချည်ပြီး ပစ်ချခဲ့တယ်. ပြန်ပေါ်လာရင် မြင်နေရမှာစိုးလို့ ပစ်ချခဲ့ပြီးတာနဲ့ မြန်မြန်ပြန်လာခဲ့တယ်ဗျ. ဟတ်ဟတ်ဟတ်.

အားလုံးကို သတိရလို့ ပြန်လာတာ. ဗင်းနစ်မြို့ကြီး ဘယ်လောက်ပဲ လှလှ အချစ်မရှိတဲ့မြို့တော်ကြီးမှာ တစ်ယောက်တည်း အကြာကြီးမနေနိုင်ပါဘူးဗျာ. ဒါကြောင့် အရည်ခါးခါးတွေကိုသာ တွင်တွင်ဖိသောက်နေခဲ့ရတယ်. (ဆေးခါးကြီးကို ပြောတာပါဗျာ.)

ဒီကြားထဲ ရေခဲငှက်ကလည်း ကဗျာရေးချင်လို့ဆိုပြီး ပူဆာနေတယ်. သျှင်နေမင်းကလည်း ရေးချင်လိုက်တာ လက်ကိုယားနေတာပဲတဲ့. မင်းရန်အောင်ကလည်း သူ့ကာရန်တွေ လျစ်လျူရှုခံထားရလို့ မကြေမချမ်းဖြစ်နေလေရဲ့ဗျာ.

ကဲပါလေ. ပြောနေရင် စကားရှည်ပါတယ်. အလုပ်နဲ့ပဲ သက်သေပြကြတာပေါ့….

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

ကမ္ဘာ့အကောင်းဆုံးဘလော့ဂ်ဆု ရရှိသူတစ်ယောက်အကြောင်း...


ဘလော့ဂ်တစ်ချို့ကို လိုက်ဖတ်ကြည့်ရင်းနဲ့ ဒီသတင်းလေးကို တွေ့လို့ ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်.

မြန်မာနိုင်ငံရဲ့ စက်တင်ဘာ ၂၀၀၇ သံဃာတော်များ ကံဆောင်ပွဲနဲ့ နောက်ဆက်တွဲ ဆန္ဒပြပွဲသတင်းများကို ရေးသားတင်ပြခဲ့သူ Mr. Jotman ရဲ့ ဘလော့ဂ်ကို ကမ္ဘာ့အကောင်းဆုံး ဘလော့ဂ်အဖြစ် ရွေးချယ်လိုက်ပါတယ်. ဒီဆုရွေးချယ်ချီးမြှင့်ပွဲကြီးကို Germany နိုင်ငံ Berlin မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်.

သူ့ဘလော့ဂ်ကို ဒီနေရာမှာ သွားပြီး လေ့လာနိုင်ပါတယ်ခင်ဗျာ.

အရင်းအနှီး...



ဒီမြို့ထဲကို ငါပြန်လာခဲ့ပြီ
မီးတိုင်တွေ လင်းလက်နေဆဲပဲလေ
သေရည်တစ်ခွက်နဲ့ ဆဲဆိုနေသူတွေလည်းတွေ့မိပါရဲ့
တစ်ချို့က တံခါးပေါက်မှာ ထိုင်ပြီး လက်မှိုင်ချ
တစ်ချို့က ပြတင်းပေါက်ရဲ့ စည်းတစ်ဖက်ကနေ လက်ခါပြ
တစ်ချို့က ယုံကြည်ချက်နဲ့ တေးသီချင်းဆို
တစ်ချို့က စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်နေကြ
ဒီတစ်ချို့တစ်ချို့တွေထဲမှာ
ငါလည်း တစ်ချိန်က တစ်ချို့ဖြစ်ခဲ့ဖူးတယ်…

ငါ့ခြေလှမ်းတွေကို ဘုရားကျောင်းဖက်ကို လှည့်ခဲ့မိတယ်
ေ၀၀ါးနေတဲ့ နှင်းမြူတွေကြားထဲမှာ
အားယူနေတဲ့ ဆည်းလည်းသံတစ်ချို့ ထုံကျဉ်နေခဲ့ပေါ့
ပုံရိပ်တစ်ခုကို ဖျတ်ခနဲတွေ့ခိုက်
အားကိုးရာတစ်ခုလို အမောတကော လိုက်ရှာမိတော့
ပင့်ကုတစ်ကောင်ဖြတ်ပြေးသွားတဲ့
ဘုရားစင်တစ်ခုနဲ့ ကွဲအက်နေတဲ့ ကြေးစည်လေးကိုပဲ တွေ့ရတယ်
ဒီမြို့ထဲမှာ ကောင်းမှုတွေ ဆေးရောင်ပြယ်ကုန်ပြီလား…
ဘုရားကျောင်းထဲကအထွက်
ငါ့ရဲ့လက်ဖ၀ါးကို သစ်ရွက်လေးတစ်ရွက် လာရှိုက်နမ်းတယ်.
ပြီးတော့ ညင်သာစွာနဲ့ သူပြောခဲ့တယ်…

“တပေါစ ဗြဟ္မစရိယဉ္ဇ၊ အရိယသစ္စာန ဒဿနံ
နိဗ္ဗာန သစ္ဆိကိရိယာစ၊ ဧတံမင်္ဂလ မုတ္တမံ” တဲ့…

တုန်ရီနေတဲ့ ငါ့နှလုံးသားကို အသာအယာထိန်းလို့
ဒီမြို့လေးရဲ့ အပြင်ဖက်ကို ခေတ္တပြန်ထွက်ခဲ့မိတယ်
နန္ဒာကန်မှာ ရွှေကြာတွေ ပွင့်နေဆဲပဲလား…

အဝေးကနေပြန်လှည့်ကြည့်မိတော့မှ
ဒီမြို့ကလေးရဲ့ ကောက်ကြောင်းကို ငါမြင်တွေ့ခဲ့မိတယ်
ပြဇာတ်တစ်ပုဒ်မှာ ကပြနေသူအတွက်
လက်ရှိကကြိုးကို အကောင်းဆုံးဖြစ်အောင်ပဲ ပြင်ဆင်နေခဲ့ရတော့
ကောင်းကင်ထက်မှာ ချိတ်ထားတဲ့ နာရီကို ကြည့်ဖို့ သတိမရခဲ့တာ
သူ့အမှားမဟုတ်ပါဘူးလေ…
ဇာတ်ခုံကို ကျောခိုင်းထွက်ခွာသွားတိုင်းလည်း
အောင်နိုင်သူတွေ မဟုတ်ခဲ့ပြန်ဘူး
ငါ့ရဲ့ ကကြိုးတွေကို ထုတ်သုံးနေရင်း လှေကားအဆင်းနားရောက်နေခဲ့ပြီ
ခွင့်လွှတ်ပါ.
ရံဖန်ရံခါ ငါ့ကကြိုးတွေ လွဲချော်သွားနိုင်ပါတယ်.
ဒါဟာလည်း
ငါ့ရဲ့ကောင်းကင်ကို မော့ကြည့်ခိုက်မို့ပါ….

ကမူကုန်းလေးပေါ်ကအဆင်း
လေပြည်ညှင်းလေးက ကြိုဆိုတိုက်ခတ်လာခဲ့တယ်
လူသိပ်မသွားတဲ့ တောလမ်းလေးတစ်ခုကိုဖြတ်လို့
ဒီမြို့ထဲကို ငါပြန်ဝင်လာခဲ့ပြီ
ဘုံဆိုင်မှာ လူတွေစည်နေဆဲပဲ.

ရင်ဘတ်နဲ့ခံစားတတ်တဲ့ ငါ့ညာဉ်ကို ပြင်ဆင်လို့
ငါ့ရဲ့ ၀မ်းနည်းမှုတွေကို အရည်ဖျော်သောက်ချင်တယ်.
ဟေ့…
မင်းသောက်နေတဲ့ အရည်ခါးခါးတစ်ခွက် ငါ့ကိုပေးစမ်းပါ…




(ရေခဲငှက်)

Tuesday, November 13, 2007

ဘဘရန် ဗင်းနစ်သို့ မဟာဘလော့ဂါ ဂန္ဓာရီခရီး ကြွလေပြီ….



Attention please! Attention please!

Our beloved blogger, Ba Ba Yan, is on his way to Venice to enjoy his blogcation. He will stay there from a few days to a few weeks. From Venice, he will proceed to Italy, Rome, Germany, Poland, England, Finland, အကုန်လန် နိုင်ငံများသို့ ဆက်လက်ခရီးထွက်ခွာသွားမည့် အစီအစဉ် ဆွဲထားပါ၍ www.yanaung.blogspot.com ၌ ဘလော့ဂ်ရေးသားခြင်းကို ခေတ္တရပ်နားထားပါမည့် အကြောင်း မော့စ်ကုဒ်ဖြင့် ယမန်နေ့ ညသန်းခေါင်ယံတွင် ပေးပို့လာပါသည်…

အပြည့်အစုံမှာ..

ဒါဒါဒါ..

ဒီဒီဒီ….

ဒါဒါဒီ.. ဒီဒီးဒါ.. ဒါဒါဒါ.. ဒီးဒီးဒီး… ဒါဒီးဒီးဒါ.. ဒါဒီးဒါ.

ဒက်ဒက်ဒက်… အား… ပစ်တယ်.ဟ

ဟူ၍ ဖြစ်ပါသည်..

ဘာသာပြန်ရသော်

အကျွန်ုပ်သည် ဘလော့ဂါ ဂန္ဓာရီ ခရီး ကြွမြန်းမည်ဖြစ်၍ ဘလော့ဂါ ဒကာဒကာမများ (အဲ. ဟုတ်ပါဘူး) ဘလော့ဂါ ကာလသား ကာလသမီးများ၊ ဘလော့ဂါ အရင့်အမာကြီးများ၊ ဘလော့ဂါ နုနုထွတ်ထွတ်လေးများ အားလုံး တစ်ဦးနှင့်တစ်ဦး Aja Aja Fighting များ မရှိကြဘဲ အာဘွားများ ပေးစေကြသတည်း…

အကျွန်ုပ်နဲ့ အတူ လိုက်ပါမယ့် တပည့်တပန်းများကတော့ ဆတ်ဆတ်ကြဲ မာနခဲ စာရေးဆရာ မီးလျှံငှက်၊ ခေတ်လန်ကဗျာဆရာ ရေခဲငှက်၊ ခေတ်လွန် စာရေးဆရာပေါက်စ သျှင်နေမင်း၊ သမ္မာစရိယလင်္ကာတော်ကြီးကို မပြီးနိုင်မစီးနိုင် သီကုံးရေးသားနေတဲ့ ဦးမင်းရန်အောင်နဲ့ ကာတွန်းဆရာပေါက်စ ကွန်တို့ပဲ ဖြစ်ပါတယ်.

ဒါကြောင့် သူတို့လေးတွေရဲ့ လက်ရာလေးတွေလည်း ခေတ္တပျောက်ကွယ်နေမှာ ဖြစ်ပါကြောင်း အားလုံးကို အသိပေးခဲ့ပါတယ်ခင်ဗျာ.

အပ္ပာမာဒေန သမ္မာဒေထ…

ကဲ… Hovercraft ကြီးလည်း Venice ကိုသွားတော့မယ်.

အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်.

ငါသွားတော့မယ်
အားလို့တော့ မဟုတ်ပါဘူး
ထူးခြားအောင် ဒူးယားသောက်လဲ
ပိုက်ပိုက်ကုန်တာပဲ အဖတ်တင်တော့
လာရာလမ်းကို ငါပြန်ကြော့တော့မယ်
အို…
ငါခေါင်းမော့ဆဲပါပဲလေ.
တွေဝေနေတဲ့ အတွေးစဉ်တွေကို အသာရပ်လို့
ဟောဒီ Hovercraft ပေါ် အသာတက်တော့မယ်.
ဘယ်ဆီဘယ်ဝယ်မသိ
တအိအိနဲ့ ခရီးဆက်ဖို့ စိတ်ကထင့်
လာစမ်းဟေ့ Venice!

(ရေခဲငှက်)


ဟိုတောင်ဒီတောင်၊ တယောင်ယောင်နှင့်
ကြယ်ပြောင်မိုးထက်၊ အလင်းသက်ပြီ
ဂန္ဓာရီခရီး၊ စချိန်နီးမို့
ပြာမီးကိုသတ်၊ ရှေ့ကိုဆက်မည်
လှမ်းပါညီညီ၊ လှမ်းညီညီ…

(မင်းရန်အောင်)


သွားစမ်းပါ
အတွယ်အတာတွေ ခ၀ါချလို့
ငါ့မာနနဲ့ ရှေ့ဆက်ခဲ့ပြီလေ
ဒီရာသီ မကုန်ခင် ဖလားရဖို့ (အဲ.. လွဲကုန်ပြီ ဆောရီး)
ဒီရာသီ မကုန်ခင် မှုန်ရီနေတဲ့ လမ်းကို ရှင်းလင်းဖို့
ပညာဓားနဲ့ လက်ခမောင်းခတ်ခဲ့ပြီပေါ့
ကြာကူလီ အခေါ်ခံရတာလောက်တော့ မမှုတော့
ဟာကြူလီ ငပျော့.

(မီးလျှံငှက်)


ကဲကဲ… သွားချိန်တန်ပြီဗျာ.

မြန်မာ ဘလော့ဂါလောကကြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေသတည်း…

အားလုံးကို ခင်မင်လေးစားလျက်

ဘဘရန်…



ဘဘရန်အား သူ၏ စိတ်ပုတိးဖြင့် တွေ့ရစဉ်...

Sunday, November 11, 2007

ခွင့်




ညဉ့်ငှက်တစ်ကောင်ရဲ့ စူးရှတဲ့ အော်သံအောက်မှာ
အတွေးကမ္ဘာကနေ လန့်နိုးလာခဲ့တယ်.
ငါဘယ်ကိုသွားနေခဲ့တာလဲ…

ဒါကို ငါလိုချင်တယ်.
ဒါတွေကိုလည်း ငါလိုချင်ခဲ့တယ်.
ဒါကို ငါပိုင်ဆိုင်ခဲ့ဖူးတယ်
ဒါတွေကိုလည်း ငါဆက်လက်ပိုင်ဆိုင်လိုနေတယ်.

ပျောက်ဆုံးတယ်ဆိုတာဘာလဲ.
ငါမပိုင်ဆိုင်ခဲ့ဖူးတဲ့ အရာတစ်ခုဟာ ပျောက်ဆုံးတာမဟုတ်ဘူး.
ပိုင်ဆိုင်တယ်ဆိုတာ ဘာလဲ.
ငါ့ဘ၀ထဲမှာ မရှိတော့တဲ့အရာဟာ ပိုင်ဆိုင်တာ မဟုတ်တော့ဘူး

ဒီအရာကို ထာဝရ ပိုင်ဆိုင်လိုခဲ့တယ်.
ဒါကြောင့် တစ်သက်တာ ဆုံးရှုံးခဲ့ရတယ်.
ဒီအရာကနေ ဝေးရာကို ထွက်ပြေးသွားခဲ့ချင်တယ်.
ဒါကြောင့် ဒီအရာရဲ့ လွှမ်းမိုးမှုအောက်မှာ ငါကျဆုံးခဲ့ရတယ်.

ဒီမြစ်မှာ ငါရေချိုးခဲ့ဖူးတယ်
သန့်စင်ခြင်းတွေကို မွတ်သိပ်ခဲ့လို့ပေါ့
လွတ်မြောက်ခြင်းမှာ ခံစားချက်မဲ့တဲ့ အာရုံတွေ ရှိနေခဲ့တယ်တဲ့
ဒါဆိုရင်တော့ သိပ်ကိုခံစားနေတတ်တဲ့
ငါ
ချုပ်နှောင်မိနေဆဲပဲလား

ငါဟာ ထွက်ပြေးသူမဟုတ်
ရပ်တန့်နေသူလည်းမဟုတ်
တစ်ကြိမ်တစ်ခါမှာ ထွက်ပြေးရင်း ရပ်တန့်ခဲ့ဖူးသလို
တစ်ကြိမ်တစ်ခါမှာတော့ ရပ်တန့်နေပေမယ့် ထွက်ပြေးနေခဲ့ဖူးတယ်…
အခု ငါ ရပ်နေခဲ့သလား
ပြေးနေခဲ့သလား….

မိုင်တိုင်တွေ တရိပ်ရိပ်နဲ့ ကျော်လွန်နေခဲ့တာ
မြင်နိုင်ဖို့ အလင်းရောင် မလုံလောက်ခဲ့တော့
ရှေ့သွားမှန်းမသိ
နောက်ဆုတ်မှန်းမသိ
ပကတိ ခံစားချက်မဲ့တဲ့ ဒီအခြေအနေမှာ
ငါ့မျက်လုံးတွေ ဆက်မှိတ်ထားခွင့်ပြုပါ…




(ရေခဲငှက်)

Thursday, November 08, 2007

ရွက်လွှင့်နေဆဲ ဘ၀တစ်ခု…



ဒီနေ့ ကျွန်တော့်ရဲ့ မွေးနေ့ပါ. ကျွန်တော့်ကို ချစ်ခင်တဲ့ မိတ်ဆွေအပေါင်းအသင်းများရဲ့ Wishes လေးတွေကို စုစည်းပြီး အမှတ်တရပို့စ်လေး တင်လိုက်ပါတယ်. ဒီမှာက အခုမှ ၈ ရက်ထဲဝင်တယ်ဗျ. ၈ ရက်နေ့ည သန်းခေါင်ထိ ဆီဗုံးမှာ တွေ့တဲ့ msg လေးတွေကို update လုပ်ပြီး တင်သွားပါမယ်. အမှတ်တရပို့စ်လေးကိုတော့ အလုပ်ကပြန်လာမှပဲ ရေးပါတော့မယ်...

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

8 Nov 07, 20:25
အောင်သူ: ကောင်းသောနေ့လေးဖြစ်ပါစေ
8 Nov 07, 20:24
အောင်သူ: ဆရာရန် မင်္ဂလာပါ။
8 Nov 07, 14:57
စိုးထက် - Soe Htet !: မင်္ဂလာနံနက်ခင်းပါ ... :) အဆင်ပြေပါစေ ... :)
8 Nov 07, 14:54
ဂျေ: မွေးနေ့ ရှင်ပျောက်နေပါလား မောက်နေပြီထင်တယ် မွေးနေ့ လုပ်ပေးထားတယ်ဗျ
8 Nov 07, 14:35
မေတ္တာ: 8-bornအတွက် the best!!!
8 Nov 07, 13:50
မိုးထက်နေ: ပို့ အသစ်တင်ထားပေါတယ်ခင်ဗျာ http://shwebothar.blogspot.com/
8 Nov 07, 13:07
NTA: Happy Bithday man!
8 Nov 07, 12:59
ခွန်မြလှိုင်: ကိုရန်အောင့်အတွက် မွေးနေ့ ပါတီကို Monde Mariah Carey ကိုဖိတ်ပြီး လုပ်ပေးထားတယ် မွေးနေ့ပါတီ ဘလော့မှာ လာတက်ဦးနော်
8 Nov 07, 11:35
mtj: happy birthday ပါ ကိုရန်အောင်
8 Nov 07, 11:08
လူသစ်: တို့လဲဆုတောင်းပေးမယ်နော်။ သက်တော်ရာကျော်ရှည်စေသော်။ မိန်းမချောချော ရစေသော်။ ရပြီးရင်လဲ ထပ်ရပါစေသော်။ စိတ်သွားတိုင်းကိုယ်ပါ စေသော်။ သော်။ သော်
8 Nov 07, 09:33
kyawkhaing: မွေးနေ.မှာ ပျော်ရွှင်ပါစေဗျာ။ နောင်လာမယ်. နှစ်ပေါင်းများစွာတိုင်အောင်ပေါ.။
8 Nov 07, 09:31
kyawkhaing: မွေးနေ.မှာ ပျော်ရျွှင်ပါစေဗျာ။ မရောက်တာကြာတာဆောရီးဗျို.။
8 Nov 07, 08:23
ရှမ်းကလေး: မွေးနေ့ အတွက်ဘာလက်ဆောင်မှမပေးတော့ဘူးဗျာ။ ကိုရန်အောင်။ ကိုရန်အောင်ရဲ့မွေးနေပွဲလေးမလာဖြစ်ပေမဲ့အိမ်မက်ထဲကလာခဲ့မယ်ကိုရန် ရေ၊
8 Nov 07, 07:59
ဂျစ်တူး: ကောင်းသော မွေးနေ့ ဖြစ်ပါစေ မောင်ရန် ။ ရည်မှန်းချက်တွေနဲ့ ပြည့်စုံတဲ့ ဘ၀တခုမှာ ဖြတ်သန်းနိုင်ပါစေ ။
8 Nov 07, 07:02
စိုးထက် - Soe Htet !: ဒီမွေးနေ့မှ စပြီး အမြဲ အဆင်ပြေပါစေ ... :)
8 Nov 07, 06:54
နှင်းသဇင်: ကိုရန်အောင် နှင်းကိုလင့်ခ်မယ်ဆို မလင့်ခ်သေးဘူးလား လင့်ခ်ချင်တဲ့အချိန် လင့်ခ်လို့ရပါတယ်
8 Nov 07, 06:52
နှင်းသဇင်: မွေးနေ့မှာ ပျှော်ရွှင်ပါစေ HAPPY BIRTHDAYပါ တစ်ရက်လောက်စောမွေးရင် နှင်းနဲ့ မွေးရက်တူနေပြီ
8 Nov 07, 06:14
နှင်းဆီနီနီ: ကိုရန်အောင်ရေ မွေးနေ့ဆုတောင်းနောက်ကျနေပြီလားမသိဘူး။ ပျော်ရွှင်ပါစေမွေးနေ့မှာ
8 Nov 07, 06:12
tu tu: ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...
8 Nov 07, 06:04
မေပျို: ၈ရက်နေ့လား မသိဘူး။ ၇ရက်နေ့ထင်လို့။ ဒါဆိုထပ်ဆုတောင်းလိုက်ပီနော်။ HAPPY BIRTHDAY မွေးနေ့မှာ ပျော်ရွှင်ပါစေ။
8 Nov 07, 05:22
ပန်ဒိုရာ: တိုက်ဆိုင်နေပါလား ဒီနေ့ ကိုယ့်ချစ်သူမွေးနေ့ ဘာညာ့မွေးနေ့ မောင်ရန့်မွေးနေ့.. အောင်မြင်ပါစေ မောင်ရန်
8 Nov 07, 05:05
ulmuka: မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။
8 Nov 07, 05:02
ဟေမာ: စာနာစွာလေငါဆုတောင်း။ ဟူးမနည်းရိုက်ယူရတယ်........။
8 Nov 07, 05:01
ဟေမာ: “ပျော်ရွှင် ဘွယ်ရာမွေးနေ့ ပါ”...ငါအလျှင်စလို့ ဆုမတောင်းလာ။ ၃၆၅ ရက်ထဲ..ဘာကြောင့်တစ်ရက်ထည်းကွက်ပျော်မလဲ။ပူပင်တာတွေတစ်ကန့်သပ်သပ်၊ဖြူစင်စွာလေစက္ကန့် မလပ်၊ဒို့ ဘ၀ခရီးဟာအလွန်တိုတောင်း၊လိုအင်ဆန္တပြည့်စေကြောင်း
8 Nov 07, 03:58
ပီကေ: ဒီပို့စ်လေး ဖတ်ရမှ ကိုရန်အောင်ရဲ့ မွေးနေ့မှန်း သိတယ်။ Birthday မှာ Happy ပါစေဗျာ ။
8 Nov 07, 03:55
သမုဒယ: happy birthday!
8 Nov 07, 03:17
K: Happy Birthday Yan Aung :-)
8 Nov 07, 02:39
ဂျေ: ကိုရန် ခင်များအတွက် မွေးနေ့ လုပ်ပေးထားတယ် ကျုပ်အလုပ်နောက်ကျမှာစိုးလို့ ပြေးပြီဗျို့ 
8 Nov 07, 02:14
မောင်စစ်: ကိုရန်အောင်-ရေ ဟက်ပီး ဟက်ပီး ဘဒ်ဒေး ဗျာ- မွေးနေ့လာတဲ့သူတွေကို တစ်ခုခု ဧည့်ခံပါဦး-
8 Nov 07, 01:13
ဂျေ: ကိုရန် ခဏစောင့်ဗျာ ဒီနေ့ အလုပ်က ပြန်လာမှ ခင်ဗျားအတွက် မွေးနေ့ လုပ်ပေးမယ် ခုတော့ အလုပ်ပြေးရအုန်းမယ်ဗျို့ 
8 Nov 07, 01:03
ဂျေ: Happy Birthday Ko Yanမွေးနေ့ မှာ မိဘအတွက် အမှတ်တရဖြစ်အောင် လုပ်ပါလားကျနော်ဆို မွေးတဲ့ အချိန်မှာ ဘုရားရှစ်ခိုးပြီး မိဘကို အာရုံဏ်ပြုတယ် မွေးနေ့ ဘဲပျော်တာပါ next dayကျ ပျော်စရာမကောင်းဘူးအသက်ကြီးသွားလို့
8 Nov 07, 00:28
ဝင်္ကပါ: မတူဘူး မတူဘူးမှားလို့။ အစ်မဘာညာပြီးမှ ကိုရန်အောင်။
8 Nov 07, 00:15
မင်းယွန်းသစ်: happy birthday ကိုရန်ရေ... အနီးအနားမရှိလို့ ရှိရင် ဘီယာလိုက်တိုင်း ခိုင်းတယ် ဟတ်ဟတ်
8 Nov 07, 00:13
ဝင်္ကပါ: မွေးနေ့လား။ Happy Birthday ပါနော်ကိုရန်အောင်။ ၈ရက်တောင်ရောက်ပြီပဲ။ မှတ်ထားလိုက်ဦးမယ်အစ်မဘာညာနဲ့အတူတူပဲပေါ့
7 Nov 07, 23:16
Yan>: အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ. ခဏနေရင် ပြန်လာခဲ့ပါမယ်. အခုလောလောဆယ် အလုပ်နည်းနည်းများနေသေးလို့ပါ. ဆီဘောက်စ်ထဲက msg လေးတွေကို အမှတ်တရ ကူးယူပြီး ပို့စ်အနေနဲ့ တင်သွားဖို့ စိတ်ကူးထားပါတယ်. See ya!
7 Nov 07, 23:14
Yan>: အားလုံးပဲ မင်္ဂလာပါခင်ဗျာ. နိုဝင်ဘာ (၈) ရက်နေ့က ကျွန်တော့်ရဲ့ မွေးနေ့ဆိုတာ မှန်ပါတယ်. ဆုတောင်းမေတ္တာပို့သပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများ အားလုံးကို ကျေဇူးလှိုက်လှဲစွာ တင်ရှိပါတယ်.
7 Nov 07, 22:30
ဘာညာ: ကိုရန်ကြီးရေ.. ဟပ်ပီဘတ်ဒေးးးးးးးးးးးးးးးးးးးးးး
7 Nov 07, 22:07
မိုးချစ်သူ: Happy Belated Birthday Ko Yan Aung!!!
7 Nov 07, 21:32
chaos: ကိုစိုးထက်ကြီးက ဟက်ပီးဘတ်ဒေးတဲ့ ကိုရန်အောင်မွေးနေ့မှာပျော်ရွှင်ပါစေ
7 Nov 07, 21:24
မေပျို: ၂၉ လား ၃၀လားမသိဘူး...။ ၂၃တော့ လုံးဝမဟုတ်ဘူး သေချာတယ်။ ဟတ်ဟတ်ဟတ်
7 Nov 07, 21:22
ချစ်သူ: ကိုရန်ရေး အချိန်ရရင် ၀င်ကြည့်ပါအုံး ထိုင်းမှာ မြန်မာတွေဘာတွေရင်ဆိုင်နေရလဲဆိုတာ
7 Nov 07, 21:15
demo: အားလုံးပဲ.. ကိုရန့်အသက်ကို မေးကြပါ... ဟတ်ဟတ်..
7 Nov 07, 21:15
demo: ဒီတခါတော့ မွေးနေ့အစစ်ဖြစ်ပြီနော်.. မွေးနေ့အတုဆိုပြီး ဘာညာနဲ့ နောက်ခဲ့တဲ့ ဟိုးအရင်ချိန်တွေ ပြန်သတိရမိပါ၏.. ဘယ်နှစ်နှစ်ပြည့်တာလဲ.. 23 တော့ မဟုတ်ပါဘူးနော်.. ဟတ်ဟတ်ဟတ်...
7 Nov 07, 21:12
မေပျို: စိတ်ဓါတ်မကျဘဲ ပို့စ်တွေအများကြီး ရေးနိုင်ပြီး ဘလော့လောကကြီးကို လှပအောင် စွမ်းဆောင်နိုင်ပါစေ...။ သြော် ဒါနဲ့ သီတင်းကျွတ်နေပြီနော်...။ မေ့နေမှာစိုးလို့...။ ဘယ်တော့စားရမှာလဲ...? ဟတ်ဟတ်ဟတ်:P
7 Nov 07, 21:10
demo: Happy Birthday "Ko Yan" =) ပျော်ရွှင်ပါစေ..
7 Nov 07, 21:05
မေပျို: နောက်ကျသွားလားတော့မသိဘူး။ ဟတ်ပီးဘတ်ဒေးလုပ်လိုက်ဦးမယ်။ ကိုရန်အောင် မွေးနေ့မှာ ပျော်ရွှင်ပါစေ။
7 Nov 07, 20:34
စိုးထက် - Soe Htet !: ဟက်ပီး ဘတ်သ်ဒေး တူး ယူး ....
7 Nov 07, 17:35
မျှားပြာ: ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဗျာ .. အဆင်ပြေပါစေ..။ မလေး တောင်းသွားလို့ တကယ်လားဗျ ကိုရန်
7 Nov 07, 16:59
ဂျေ: လာဗျာ ကိုရန် တပွဲတလမ်း ပြိုင်ရအောင် လိုက်ခဲ့ဗျာ
7 Nov 07, 16:45
AinChannMyay: ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ...

ကျွန်တော့်ရဲ့ လက်ရှိစိတ်အခြေအနေကို အကောင်းဆုံးဖြေလျှော့ပေးနေတဲ့ စန္ဒရား သံစဉ်လေးကိုပါ နားဆင်နိုင်ဖို့ တင်ပေးလိုက်ပါတယ်…






Monday, November 05, 2007

ထုံသွားတဲ့ နှလုံးသား…


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်အလုပ်များတယ်လို့ ပြောပေါင်းလည်းများနေပြီမို့ ဒီတစ်ခါ ဘယ်လိုခွင့်တိုင်ရမှန်းမသိတော့ဘူး…

ဟုတ်ကဲ့.. အလုပ်နည်းနည်းများနေတယ်ဗျာ.

ဟတ်ဟတ်ဟတ်…

အလုပ်များပေမယ့်လည်း ဘလော့ဂါတွေနဲ့တော့ တစ်ခွက်တစ်ဖလား မော့ချင်ပါသေးရဲ့…

ဟုတ်ပါဘူး. အေးအေးဆေးဆေး Hang out လုပ်ချင်ပါသေးတယ်. ပျော်ပျော်ပါးပါး နောက်နောက်ပြောင်ပြောင် နေချင်ပါသေးရဲ့ဗျာ.

Halloween အမှတ်တရ ဘလော့ဂ်တွေမှာ သရဲတွေ ခြောက်လိုက်ကြကတည်းက ကျွန်တော်လည်း ကြောက်ကြောက်နဲ့ အိမ်ထဲအောင်းနေခဲ့တာဗျ. အခုတော့ ပြန်ထွက်လာပြီ.

ဒီနေ့ တနင်္ဂနွေနေ့ပါ. ဒါပေမယ့် ကျွန်တော်တစ်နေ့လုံး အလုပ်တွေ များနေခဲ့တယ်ဗျာ. လောလောဆယ် ကျွန်တော်နေနေတဲ့ အခန်းလေးက ကျဉ်းတယ်ဗျ. အဲဒါကို ရနိုင်သလောက်နေရာယူနိုင်ဖို့ နှစ်ထပ်ကုတင်တစ်လုံး မနေ့ညက သွားဝယ်ခဲ့တယ်. အပေါ်ထပ်မှာ အိပ်ပြီး အောက်ထပ်မှာ စာကြည့်စားပွဲလေးတစ်လုံး ထည့်ဖို့ပေါ့ဗျာ.

အဲဒီ့ကုတင်ကို ဆင်ရတာလည်း မလွယ်ဘူးဗျ. ကျွန်တော်နေနေတဲ့ မြေအောက်ခန်းလေးက မျက်နှာကျက် နိမ့်တယ်. ကုတင်က နည်းနည်းမြင့်နေတော့ တိုင်တွေကို ဖြတ်ထုတ်ရတယ်. Aluminium တိုင်တွေဆိုတော့ ကိုယ့်ဖာသာကိုယ် လွှနဲ့ တိုက်ဖြတ်လို့လည်း မရ.

ဒီတော့ Professional တွေဆီကို ပြေးရတာပေါ့ဗျာ. တိုင်တွေကိုဖြတ်. ပြီးတော့ပြန်လာ. အိမ်ရှင်က သော့တွေပွားပေးထားတာကို သွားရွေး. အခန်းထဲက မသုံးတော့တဲ့ ပရိဘောဂတွေ အပြင်ကိုထုတ်. ထမင်းကို ရမ်းသရူးစား. ကုတင်ကို ပြန်ဆင်. TV Stand ခုံလေးကို ဆင်နဲ့…..

အားလုံးလည်း ပြီးရော မနက် (၁) နာရီတောင် ထိုးသွားပါရောလားဗျာ.. ဒါတောင် ဒီနေ့ အချိန်တစ်နာရီ ရှေ့တိုးလို့. မဟုတ်ရင် မနက် (၂) နာရီဖြစ်နေလောက်ပြီ.

နက်ဖြန်မနက် အလုပ်ကို (၇) ခွဲအရောက်သွားရမယ်. တစ်နေ့လုံးလည်း အလုပ်တွေလုပ်လိုက်ရတာ မောပြီ. ကျွန်တော်ဘာလုပ်ရမလဲ.

ဘလော့ဂ်ရေးတယ်ဗျာ.

ဟတ်ဟတ်ဟတ်…

သူငယ်ချင်းတွေကိုလွမ်းတယ်ဗျာ. ဒီနေ့ ပို့စ်လေးတွေ ရေးဖို့ အားခဲထားတာ. ခုတော့ မရေးနိုင်တော့ဘူး. ဒါပေမယ့်ဗျာ. ဘလော့ဂါတစ်ယောက်အတွက် ပို့စ်ရေးဖို့ ကုန်ကြမ်းမရှားပါဘူး. ဟုတ်ဖူးလား. ရေးစရာ အချိန်မရှိတော့ ရေးလို့ရတဲ့ တစ်နေ့တာ ဒိုင်ယာရီလေး ကောက်ရေးလိုက်တယ်. ဓာတ်ပုံရိုက်ဖို့တော့ ကင်မရာပြန်ရှာနေရမှာမို့ ဖုန်းနဲ့ပဲ ရိုက်ထားတယ်. USB Cable ရရင် တင်ပေးမယ်ဗျာ. အခန်းကို ဘယ်လိုလုပ်ထားလဲ သူငယ်ချင်းတွေကို ပြရအောင်လို့ပေါ့.

နောက်ဆုံးတစ်ခုကတော့ ကျွန်တော် ၀န်ခံပါတယ်.

မိတ်ဆွေဟောင်းဘလော့ဂါတစ်ချို့နဲ့ သဘောကွဲလွဲမှုတွေ ရှိခဲ့လို့ စိတ်မကောင်းခြင်းများစွာဖြင့် ဘလော့ဂ်ကို ဆက်မရေးနိုင်ခဲ့တာပါ. တရှောင်ရှောင်ဖြစ်နေခဲ့တာပေါ့ဗျာ.

ဘလော့ဂ်လောကကြီးကို ပစ်ခွာလုနီးပါး စိတ်ဓာတ်တွေ ပျက်ပြားသွားခဲ့ရာကနေ ကျွန်တော့်ရဲ့ တန်ဖိုးတွေကိုပါ မေးခွန်းထုတ်လာခဲ့ရပါတယ်. တကယ်တော့ဗျာ.

လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ်ပါ.

ဟုတ်တယ်မလား.

ကျွန်တော်ခင်ဗျားကို မထိခိုက်ဘူး. ပတ်ဝန်းကျင်ကို မထိခိုက်ဘူး. နိုင်ငံနဲ့လူမျိုးကို မစော်ကားဘူး. ကျွန်တော့်ဘ၀ရပ်တည်နိုင်ရေးအတွက်၊ ကျွန်တော့်မိသားစု ပတ်ဝန်းကျင်မှာ တင့်တယ်နိုင်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တစ်ချို့ကို ကျွန်တော်လုပ်ခဲ့တာ ကျွန်တော်မှားသွားလား…

ကျွန်တော်ဟာ ပြည့်စုံတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက လာခဲ့တဲ့၊ မိဖရဲ့ အရှိန်အာဝါသနဲ့ လိုရာကို ရယူနိုင်ခဲ့တဲ့ သားသမီးတစ်ယောက်မဟုတ်ခဲ့ပါဘူး.

ကျွန်တော့်ဘ၀ ချို့တဲ့ပါတယ်. ဒီ့ထက်ပိုဆိုးတာက ကျွန်တော့်ဘ၀မှာ အနှိမ်ခံခဲ့ရတာတွေ၊ မတူမတန်သလို ဆက်ဆံခဲ့ရတာတွေ ရှိခဲ့ပါတယ်. ဒါ့ကြောင့် ကျွန်တော့်ရဲ့ ပညာရေးကို ကျွန်တော် သူများတွေထက် သာအောင်အမြဲကြိုးစားခဲ့ပါတယ်.

ကျွန်တော်ဒီနိုင်ငံကို အလွယ်တကု ရောက်ခဲ့တာမဟုတ်ပါဘူး. သုံးနှစ်သုံးမိုး စာအုပ်နဲ့မျက်နှာ မခွာဘဲ တကုပ်ကုပ်ကြိုးစားခဲ့ရတာပါ. TOEFL နဲ့ SAT ဖြေဖို့ Guide အချိန်တွေကို တိုးသင်ပြီး ပိုက်ဆံစုခဲ့ရတာပါ. စာမေးပွဲအတွက် Test Preparation Course တွေ မတက်နိုင်လို့ စာအုပ်တွေကို Copy ဆွဲပြီး Self-Study လုပ်ခဲ့ရတာပါ.

ကျွန်တော့်ဘ၀ကို ကျွန်တော်သိပ်မြတ်နိုးတယ်. ကျွန်တော့်ရဲ့ အောင်မြင်မှုတွေအတွက် ကျွန်တော်ဂုဏ်ယူတယ်. ကျွန်တော့်ရဲ့ တန်ဖိုးတွေကို ကျွန်တော် အမြဲမြှင့်တင်နိုင်အောင် ကြိုးစားနေခဲ့တယ်.

ကျွန်တော်စာသင်တော့ ပိုက်ဆံလိုအပ်နေခဲ့ပေမယ့်လည်း FOC Class တွေကို ဖွင့်ပြီးတော့ကို ပိုက်ဆံမတတ်နိုင်တဲ့ ဆယ်တန်းကျောင်းသားတွေ၊ FCE (First Certificate in English, Cambridge University) ဖြေဖို့ လိုအပ်နေတဲ့ ၀န်ထမ်းအစ်ကိုကြီးတွေ အစ်မကြီးတွေ တစ်ချို့ကိုပါ Free သင်ပေးခဲ့တာပါ.

ဒါတွေကျွန်တော်သိပ်မပြောချင်ဘူး. ကျွန်တော့်အကြောင်းကို ဖြစ်နိုင်ရင် မပြောဘဲ ကျွန်တော်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားချင်တယ်.

ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်တဲ့ စကားတွေကို ကြားသိလာရတော့ ကျွန်တော်ခံပြင်းတယ်.

တစ်ခြားလူတွေပြောနေရင် ကျွန်တော် အဲလောက်ထိ အချိန်ပေးပြီး ခံစားမနေဘူး.

ခုတော့. ကျွန်တော်သိပ်ကို ယုံကြည်ရင်းနှီးရတဲ့ မိတ်ဆွေတွေ၊ အတူတူလက်တွဲလာခဲ့တဲ့ ရောင်းရင်းတွေကိုယ်တိုင်က ပြောလာကြတယ်.

ကျွန်တော်ဟာ အခွင့်အရေးသမားတဲ့..

ပွဲလန့်တုန်းဖျာခင်းတတ်သူတဲ့..

စိတ်မကောင်းဘူးဗျာ.

ဒီစကားတွေကို ဆက်တိုက်ကြားသိလာခဲ့ရတယ်. ပြောတဲ့သူတွေကလည်း ကျွန်တော်လုံးဝမထင်ထားခဲ့တဲ့ သူငယ်ချင်းတွေ…

ကျွန်တော်စာဆက်မရေးချင်တော့ဘူးဗျာ.

အဲဒါနဲ့ပဲ ကိုယ့်စိတ်ကို တတ်နိုင်သလောက် ပြန်ကုစားနေခဲ့တယ်. စာဖတ်လိုက်၊ TV ကြည့်လိုက်၊ သီချင်းလေးတွေ နားထောင်လိုက်နဲ့ပဲပေါ့.

ကိုယ့်ဘလော့ဂ်ကိုတော့ လာလာကြည့်ဖြစ်ပါတယ်. ဆီဗုံးမှာလည်း စာပြန်ဖြစ်တဲ့အခါရှိသလို မပြန်တော့ဘဲ ဒီတိုင်း ထိုင်ကြည့်ပြီး ပြန်သွားတာတွေလည်း ရှိခဲ့ပါတယ်.

ကျွန်တော်စိတ်ဓာတ်ကျသွားခဲ့တာပါ..

တော်တော်လည်း တုန်လှုပ်သွားခဲ့တယ်.

ကြာကူလီဖြစ်လားဖြစ်ရဲ့. သစ္စာဖောက်ဖြစ်လားဖြစ်ရဲ့. အခွင့်အရေးသမားဖြစ်လားဖြစ်ရဲ့နဲ့..

ကျွန်တော်ဘလော့ဂါတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အချိန်နဲ့ အရင်းအနှီးတွေအတွက် ပြန်ရတာ ဒါတွေလားဗျာ..

မနေ့ညက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်. ဒါတွေကို ရင်ဖွင့်မိတော့ သူက ပြောတယ်.

မင်းဟာ တန်ဖိုးရှိတဲ့လူတစ်ယောက်ပါတဲ့… Group တစ်ခုတည်းကို သွားပြီး Focus လုပ်နေမိတာ. သူတို့ဆီက တစ်စုံတစ်ရာကို မျှော်လင့်နေမိတာ. ဒါတွေကြောင့် မင်းရဲ့ စိတ်ထဲမှာ ၀မ်းနည်းခံပြင်းစိတ်တွေ ဖြစ်နေရတာတဲ့..

မင်းကိုလိုအပ်နေတဲ့ သူတွေ၊ မင်းကို တကယ်ချစ်ခင်လေးစားတဲ့သူတွေ ရှိနေပါသေးတယ်တဲ့.
မင်း ဘလော့ဂ်ဆက်ရေးသင့်တယ်တဲ့..

ဒါတွေကို လိုက်ဖြေရှင်းမနေနဲ့တဲ့. မင်းကို သူတို့ ဘယ်လိုပဲမြင်မြင် မင်းလုပ်စရာရှိတာကို တစိုက်မတ်မတ် ယုံကြည်စွာနဲ့ ဆက်လုပ်သွားသင့်တယ်တဲ့..

ဟုတ်တယ်ဗျာ.

အဲဒီ့သူငယ်ချင်းကို ကျွန်တော်သိပ်ကျေးဇူးတင်သွားခဲ့တယ်.

ဒီပို့စ်လေးနဲ့အတူ အဲဒီ့သူငယ်ချင်းကို ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်ဗျာ.

ကျွန်တော့်ရဲ့ စကားတွေအတွက် တစ်ချက်လောက် သည်းခံပေးပါ.

သက်ဆိုင်သူတွေအတွက်ပဲ ရည်ညွှန်းပါတယ်ဗျာ.

ကျွန်တော် စာပြန်ရေးမှာပါ. ကျွန်တော့်အပေါ် စေတနာမမှန်တဲ့ လူနည်းစုတစ်စုအတွက်နဲ့ ကျွန်တော့်ကို အမှန်တကယ်လိုအပ်နေတဲ့ ဘလော့ဂါအသစ်လေးများကို စွန့်ခွာသွားဖို့ မတန်ပါဘူး…

ကိုရန်ကြီးရေ… ကိုရန်ကြီးပြောသလို လုပ်လိုက်တာ အဆင်ပြေသွားပြီလို့…. ဘလော့ဂါအသစ်လေးတွေက ပြောလိုက်တိုင်း… ကြားသိလိုက်ရတိုင်း…

ကျွန်တော်လေ…

သိပ်ကို ကြည်နူးဝမ်းမြောက်မိပါတယ်..

ကျွန်တော်အကြိမ်ကြိမ် ပြိုလဲခဲ့ဖူးပါတယ်.

အခါခါ ပြန်ထနိုင်ခဲ့ပါတယ်.

အခုလည်း ယိုင်လဲခဲ့တယ်.

ဒါပေမယ့် ပြန်လည် ထူမတ်နိုင်ခဲ့ပါတယ်.

ကျွန်တော်ဘုရားမဟုတ်ပါဘူး. အရာရာကို လိုက်ပြီး လုပ်မနေနိုင်ပါဘူး

ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့ အရာတွေအတွက် ကျွန်တော့်မှာ ယုံကြည်ချက်ရှိတယ်.
ဘာလဲသိလား..

ကျွန်တော်ဟာ ဘ၀ကို အကောင်းဆုံးဖြစ်အောင် နေထိုင်နေတယ်… ဆိုတာပဲ…

လူအထင်ကြီးဖို့ မကြီးဖို့၊ အကောင်းပြောတာ ခံရမခံရဖို့ထက် ကိုယ်လုပ်သင့်တယ်ထင်တာကို လုပ်မိဖို့၊ ကိုယ်လုပ်ချင်တာတွေကိုပါ တွဲပြီး လုပ်သွားနိုင်ဖို့ကို အာရုံစိုက်ပါတယ်.

ကဲ..

ကျွန်တော့်ကို မေတ္တာမဲ့သွားတဲ့ မိတ်ဆွေဟောင်းတို့ရေ…

ဒီပို့စ်လေးနဲ့အတူ ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်. တစ်နေ့ ခင်ဗျားတို့ ကျွန်တော့်ကို ပိုမိုမုန်းတီးသွားနိုင်သလို ကိုယ်ချင်းလည်းစာလာနိုင်မယ်လို့ နှစ်ဖက်မျှပြီး တွေးမိပါတယ်. လူတွေမှာ ကိုယ်ရောက်နေတဲ့ နေရာဒေသပေါ်မူတည်ပြီး Norm တွေ ကွာတတ်ပါတယ်.

ဒီလောက်ပါပဲ.

အားလုံးကို ခင်မင်လေးစားနေမြဲပါ..

ရန်အောင်