Thursday, October 15, 2009

ကထိန်အလှူအတွက် စာရင်းပိတ်ခြင်း

အားလုံးပဲ မင်္ဂလာပါ.

ကထိန်အတွက် အလှူငွေ ကောက်ခံခြင်းကို ဒီနေ့ စာရင်းပိတ်လိုက်ပါပြီ...

နိုင်ငံစုံက လှူဒါန်းသမျှကို ဒီပို့စ်လေးမှာ တင်ပေးထားပါတယ်.

ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်များကို တာဝန်ခံတွေ အချင်းချင်း တိုင်ပင်ပြီးရင် အသေးစိတ် တင်ပြပေးသွားပါဦးမယ်.



ဒီကနေ့ လွှဲပြောင်းပေးငွေကတော့ အမေရိကန် ဒေါ်လာ ၁၀၀၇ နှင့် မြန်မာငွေ ကျပ် သုံးသိန်းဖြစ်ပါတယ်. ဒီထဲမှာ ကထိန်အတွက်သာမက ဆွမ်းလောင်းအသင်းအတွက် အလှူငွေတွေလည်း ရောပါနေပါတယ်. အဲဒါကို သီးသန့် စာရင်းပြုစုပေးထားပါတယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အလှူရေစက်လက်နှင့်မကွာ ဆက်လက်လှူနိုင်တန်းနိုင် ကုသိုလ်ပြုနိုင်ကြပါစေခင်ဗျာ...

ချစ်ခင်လေးစားလျက်

ရန်အောင်

2 comments:

Ah Yo said...

Ko Yan Aung..I really like သုခိအတ္တာနံ ပရိဟရန္တု song..Could you please allow me to use it on my blog which is under construction?

Unknown said...

သာဓု သာဓု သာဓု ယခုပြုသမျှကုသလကြောင့် ပေး၍ မကုန်လှူ၍မခမ်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ ရွှင်လန်းတင့်ဆန်းနိုင်ပါစေ