Wednesday, November 05, 2008

Yes, we can!

နိုဝင်ဘာ ၄ ရက်...

အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တဲ့နေ့လို့ ပြောနိုင်ပါတယ်.

ဘာလို့လဲဆိုတော့ အမေရိကန်သမိုင်းမှာ ပထမဆုံး လူမည်း သမ္မတအဖြစ် အိုဘားမားကို ရွေးချယ်တင်မြှောက်လိုက်လို့ပါပဲ.

အခု ဒီစာကို ရေးနေချိန်မှာ နယူးယောက်မြို့ရဲ့ Time Square မှာ အမေရိကန်ပြည်သူတွေ ၀မ်းမြောက်ဝမ်းသာ အော်ဟစ်နေကြတယ်. ချီကာဂိုမှာရှိတဲ့ Grant Park မှာ အိုဘားမား အိုဘားမား ဆိုပြီး သံပြိုင်အော်ဟစ်နေကြတယ်. ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ အိမ်ဖြူတော်ရှေ့မှာ လက်ရှိသမ္မတ ဘုရှ် ထွက်လာပြီး တစ်ခုခုပြောမလားလို့ လူအုပ်ကြီးက စောင့်ဆိုင်းနေကြတယ်.

ဒါကတော့ အိုဘားမား နိုင်ပြီဆိုတဲ့ အကြောင်းကို CNN က ကြေငြာလိုက်တော့ ၀မ်းသာအားရ ဟစ်ကြွေးနေကြတဲ့ လူအုပ်ကြီးပါ.

http://www.cnn.com/video/#/video/politics/2008/11/04/malveaux.obama.wins.ohio.cnn

အိုဘားမားရဲ့ ဇာတိရင်းမြစ်ဖြစ်တဲ့ ကင်ညာနိုင်ငံမှာလည်း ကင်ညာပြည်သူတွေက သူတို့ရိုးရာသီချင်းတွေ ဆိုပြီး ကခုန်မြူးထူးနေကြပါတယ်.

တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အပြောင်းအလဲကြီးတစ်ခုပါပဲ.

ဇန်န၀ါရီ ၂၀ ရက်နေ့မှာ အိုဘားမားရဲ့ Inauguration Ceremony ကို ကျင်းပပြီး အမေရိကန်သမ္မတရာထူးကို တရားဝင် လွှဲပြောင်းတာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်.

ဒီရွေးကောက်ပွဲတစ်ခုလုံးကို အစအဆုံး ရင်ခုန်စွာ ကြည့်ရှုလာတဲ့ ကျွန်တော့်ရဲ့ ရင်ထဲမှာတော့ စကားတစ်ခွန်းသာ ပဲ့တင်ထပ်နေခဲ့ပါတော့တယ်.

'ပညာရဲရင့် ပွဲလယ်တင့်'

အားလုံးကို ချစ်ခင်လေးစားလျက်


ရန်အောင်

10 comments:

ဆောင်း said...
This comment has been removed by the author.
:P said...

သမတအသစ်က ကောင်းသောအပြောင်းအလဲတွေ လုပ်ပေးနိုင်မယ်လို့ယုံကြည်ကြလို့ လူမည်းတစ်ယောက်ရဲ့
အုပ်ချုပ်မှုအောက်မှာနေဖို့မဲထည့်ကြတယ်လို့မြင်ပါတယ်

Photo Trader said...

Hello Saung,

Don't say you don't know detail. Obama is not a Muslim. He is a Protestant Christian. Later study detail if you want to talk about someone.

Thank you

Unknown said...

ခွင့်လွှတ်လိုက်ပါ “ဆောင်း” ဆိုတာ ဘလော့ လောကထဲမှာ ဒီလိုပဲ သူထင်ရာ သူမြင်ရာတွေကို ရေးချင်သလို စည်းလွတ်ဝါးလွတ် လိုက်ရေးနေတာ သူဘာလဲ ဘယ်လိုလူမျိုးလဲ ဆိုတာ မသိပါဘူး သူ့ဘလော့ကိုကြည့်ရင်တော့ သူ့အခြေအနေကို ခန့်မှန်းလို့ ရပါတယ်။

ဆောင်း said...

http://jp.youtube.com/watch?v=h57H_7i3GLE&NR=1

Unknown said...

အဟီး photoshop ကြီးဗျ မဆောင်းရ။

ဆောင်း said...
This comment has been removed by the author.
ဆောင်း said...

သြော်.. မေ့လို့ပါရှင့် ကိုလေလွှင့်ရေ.. ကျမရဲ့ပို့စ်တွေ အကုန်လုံးဖတ်ပေးသွားတာ ကျေးဇူးတင်တယ်လို့။ နောက်လည်း လာလည်ပါရှင်. မိတ်ဆွေတိုးတာပေါ့နော်
ခင်မင်စွာဖြင့်

Unknown said...

:D လူယဉ်ကျေးတွေက တော်တော်အကြွားသန်တယ်နဲ့တူတယ်နော်... youtube မှာတော်တော်ရှာလိုက်ရလား ကျွန်တော်ကတော့ ဘွဲ့တွေအများကြီးမရတော့ ပညာတွေအများကြီးမတတ်ဘူးပေါ့ဗျာ။ Wiki ထဲမှာတော့အဲလိုရေးထားတာတွေ့တာပဲ http://en.wikipedia.org/wiki/Obama တောင်းပန်တယ်ဗျာ ပညာတတ်တွေကိုစော်ကားသလိုဖြစ်နေပြီ။

Burmar 1988 said...

ပွဲကြီးပွဲကောင်း ဟာ ဟ။
လေလွှင့်အမည်ခံထားတာ မကေ ပါလား။ အံ့သြစရာဗျ။ ပညာမတတ်ဘွဲ့မရဘူးထင်လို့ အဆင့်အတန်းမရှိဘူး ကဲ့ရဲ့တယ်။ ကိုယ့်ထက်သာတယ် ထင်ပြန်တော့လည်း အပုတ်ချ တယ်။ ဟိုက ဖြင့် ဘာမှ မပြောပါလား။ အတော် အကဲ့ရဲ့သန် အပုတ်ချသန် တဲ့ မိန်းခလေးဘဲ။ ခင်များပို့စ်တွေ ဖတ်ပြီး သဘောကျနေခဲ့မိတာ မှားတာဘဲ။ အခု ကော်မဲန့်ကိုကြည့်ပြီး ခင်များဟာ အတော် ကြောက်စရာ ကောင်းပါကလား