Tuesday, October 09, 2007

သမ္မာစရိယ လင်္ကာတော် (၂)


ပညာကြိုးကုတ်၊ မာန်မထုတ်ဘဲ
မစွဲအတ္တ၊ စောင့်သီလနှင့်
ဝေမျှဥစ္စာ၊ ရပ်ရွာအကျိုး
သယ်ပိုးဆင်ခြင်၊ အကြင်သူကား
သေငြားဘယ်ခါ၊ ပယ်လားအံ့နည်း…
နတ်ရွာဘုံမှန်၊ သွားဧကန်တည့်…

ပညာမဲ့ကင်း၊ သိမ်ဖျင်းဝါစာ
စွဲမိစ္ဆာနှင့်၊ ထူလွှင့်မာန
ငါကောပြလျက်၊ ရင့်ခက်ဣနြေ္ဒ္ဒ
ရှေ့ဆောင်လေက၊ ခွေးကျဝက်ကျ
ကျိုးနည်းရသည်၊ ထိုမှတဖန်
စုတေပြန်က၊ ၀ီစိကျရှာ
အပယ်ရွာလား၊ မလွတ်ငြားတည့်…

ပညာဥစ္စာ၊ ကျိုးနှစ်ဖြာ၌
ကောင်းစွာစောင့်ရှောက်၊ မမှောက်ကုသိုလ်
ပြုထိုထိုနှင့်၊ ရန်မပြိုဘဲ
သီလမြဲမှု၊ ဒါနပြုက
မုခကြည်ပျ၊ နှလုံးလှ..
သုတတည်စွ၊ ဥာဏ်ပြည့်ဝ..
အတိဇာတ၊ ပီပေစွ..


~ မင်းရန်အောင် ~


ခက်ဆစ်

သိမ်ဖျင်းဝါစာ = ယုတ်ညံ့သော စကား
မုခ = မျက်နှာ
အတိဇာတ = မိဖထက် ပညာဥာဏ်၊ ဥစ္စာ၊ ဂုဏ်သိက္ခာမြင့်မြတ်သော သား

သမ္မာစရိယ လင်္ကာတော် (၁) ကို ဒီမှာဖတ်ပါ.

No comments: