Tuesday, June 19, 2007

ပညာဝေငှ ကုသိုလ်ရ…


မြန်မာဘလော့ဂ်စာအုပ်အတွက် category တွေ ခွဲထုတ်တဲ့အခါမှာ ပညာရေး နဲ့ပတ်သက်တဲ့ ပို့စ်လေးတွေ နည်းနေသေးတာ တွေ့ရပါတယ်. ဒါကြောင့် အဲဒီ့ပညာရေးပို့စ်လေးတွေကို ရေးသားချင်သူ မည်သူကိုမဆို လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.

အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေမှာ ကျောင်းသွားတက်ချင်ရင် ဘယ်လိုပြင်ဆင်ရတယ်၊ ဘာတွေဖြေရတယ်၊ ဘယ်လိုတွေ လျှောက်ရတယ် စသည်ဖြင့် မိမိတို့ နိုင်နင်းရာ အပိုင်းကို မြန်မာပြည်တွင်းမှာ တက်လမ်းကြိုးစားရှာဖွေနေတဲ့ လူငယ်များအတွက် မျှဝေ ရေးသားပေးစေချင်ပါတယ်.

အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်နည်းနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကို ရေးပြီးသားပို့စ်တစ်ချို့ ကျွန်တော့်မှာ ရှိပါတယ်. ဒါကို ပြန်ပြီး တည်းဖြတ်ပြင်ဆင်ပါမယ်. တစ်ခြားရေးသားပေးပို့ချင်သူများကိုလည်း ကြိုဆိုပါတယ်ခင်ဗျာ. ဒါကြောင့်လည်း ဒီပို့စ်လေးကို ရေးပြီး တိုက်တွန်း နှိုးဆော်လိုက်ရတာပါ.

ရေးသားပေးပို့လာတဲ့ စာမူများထဲမှ သင့်တော်ရာစာမူများကို အချိုးကျ ရွေးချယ် ထည့်သွင်းသွားမှာ ဖြစ်ပါတယ်.

အားလုံးကို လေးစားကျေးဇူးတင်ပါတယ်…

aungyan@gmail.com

1 comment:

Anonymous said...

Dear bro;
Your TOEFL Title and preparation for USA University experiences are very useful for us.please share us more and more in your free time ;bro.
With Best Regards;
universe

http://aungko.ifastnet.com