Saturday, June 16, 2007

မြန်မာဘလော့ဂါအစည်းအရုံးဖွဲ့စည်းရေး…


ဒီတစ်ခါတော့ နည်းနည်းလေး ရှေ့ရေးကို တွေးဆပြီး ဆွေးနွေးချင်လို့ဗျ.

ကျွန်တော်တို့ သိတဲ့အတိုင်းပဲ. မြန်မာ ဘလော့ဂါတွေ အရမ်းကို များလာပြီ. ဒါကောင်းပါတယ်. ဒါပေမယ့် မကောင်းတဲ့အချက်က ၀ါးအစည်းပြေသလိုမျိုး ဖြစ်နေတာတွေရယ်၊ တစ်ချက်တစ်ချက်မှာ အချင်းများငြင်းခုန်ရန်စောင်နေကြ တာတွေရယ်က နည်းနည်း သိပ်မကောင်းဘူးဗျ.

ဘယ်သူမှတော့ အမှားမကင်းနိုင်သလို ကိုယ့်အမြင်ကလည်း အမြဲတမ်း မမှန်နိုင်ပါဘူး. ရှုထောင့်တွေ အများကြီးရှိပါတယ်. အမှန်တရားဆိုတာ တစ်ခုတည်းမရှိပါဘူး. အဓိကက ကိုယ်လက်ခံထားတဲ့ Standpoint ကို တင်ပြရာမှာ ယဉ်ကျေးသိမ်မွေ့တဲ့ ပညာရှိနည်းနဲ့ တစ်ဖက်လူကို စည်းရုံးသိမ်းသွင်းသင့်ပါတယ်. ကိုယ့်အတ္တကိုအသိအမှတ်ပြုစေချင်ရင် သူ့အတ္တကိုလည်း လေးစားတတ်ဖို့ လိုပါတယ်. ကျွန်တော်ကတော့ အားလုံးကို ချစ်ချစ်ခင်ခင်ဖြစ်စေချင်ပါတယ်. မဖြစ်နိုင်ရင်တောင်မှဗျာ. အမုန်းတရားတွေ မထားစေချင်ဘူး.

အားလုံးအသိစိတ်လေးတွေကိုယ်စီနဲ့ မြန်မာဘလော့ဂါလောက တိုးတက်အောင် ကြံဆောင်စေချင်ပါတယ်. လူတော်တွေများလာတိုင်း လူမှုအဖွဲ့အစည်းတစ်ခု မတိုးတက်လာပါဘူး. သူတို့တတ်တဲ့ ပညာတွေကို အသုံးချတာ နေရာမမှန်ရင် Society အတွက် ပိုလို့တောင် အန္တရာယ်များပါသေးတယ်.

ဘယ်နေရာမှာပဲဖြစ်ဖြစ်ပါ. ပြန့်ကြဲနေတဲ့ resource တွေကို စုစည်းအသုံးချတတ်မှသာ အောင်မြင်တဲ့ လူမှုအဖွဲ့အစည်းကြီး တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်. ကျွန်တော်တို့ အတွေးအခေါ်တွေတင်မက လုပ်ရပ်တွေကပါ ရင့်ကျက်ပြည့်ဝမှသာ အနာဂတ်ရဲ့ တိုးတက်မှုလှိုင်းလုံးများကို ရိုက်ခတ်နိုင်မယ့် လူငယ်မျိုးဆက်သစ်တွေ ဖြစ်လာမှာပါ.

တစ်ယောက်ချင်းကိုလည်း လိုက်ပြောနေဖို့ မလိုပါဘူး. ပြောလည်းမပြောလိုပါဘူး. ပြောလို့လည်း မရပါဘူး.

ကဲဗျာ. လိုရင်းကိုပြောရရင်တော့ မြန်မာဘလော့ဂါအဖွဲ့အစည်းတစ်ခုကို အွန်လိုင်းပေါ်မှာပဲ ဖွဲ့ရင်ကောင်းမယ်. စာအုပ်ကိစ္စပြီးသွားလည်း ဒီအဖွဲ့ကြီးအနေနဲ့ ရှေ့ဆက်လုပ် သွားမယ့် လမ်းကြောင်းလေးတွေ၊ ပရော့ဂျက်လေးတွေကို စဉ်းစားသွားကြမှာပါ.

ဇော်ဂျီဖောင့်ကိစ္စ စိတ်ပူနေကြတာ ပြေလည်သွားပါပြီ. ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ မြန်မာဘလော့ဂါများ မူပိုင်ဖောင့်တစ်ခုကိုတော့ ထွင်ဖြစ်အောင် ဆက်လက်ကြိုးစားသွားမှာပါ. Unicode ကိစ္စကိုလည်း ကျွန်တော်တို့ နိုင်သလောက် ဆက်ကြိုးစားသွားမှာပါ. ဒါတွေကိုလည်း မြန်မာဘလော့ဂါ အဖွဲ့အစည်းကြီးကပဲ တာဝန်ယူဦးဆောင်သွားရင် မကောင်းဘူး လား..

ပြီးတော့ စာအုပ်ထုတ်ဝေရာက ရလာတဲ့ အမြတ်အစွန်းကို မိဘမဲ့ကလေးများအတွက်၊ ဘိုးဘွားရိပ်သာများအတွက်၊ ပရဟိတလုပ်ငန်းများ အတွက် လှူဒါန်းသွားမှာဖြစ်သလို နောက်နောင် လုပ်ဆောင်မယ့် ပရော့ဂျက်များအတွက်လည်း ရန်ပုံငွေ သဘောအနေနဲ့ မြန်မာဘလော့ဂါ အသင်းကြီးထဲမှာ ပဒေသာပင်သဘောမျိုး ထူထောင်ထားပါမယ်.

ကျွန်တော့်အနေနဲ့ ဒီအဖွဲ့ကြီးကို ဖြစ်မြောက်စေချင်ရာမှာ ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်.

သိသာထင်ရှားတာတစ်ချို့ကို ပြောရရင်တော့...

၁. မြန်မာဘလော့ဂါများကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခု သတ်သတ် မှတ်မှတ်ဖြစ်လာမယ်.
၂. မြန်မာဘလော့ဂါများအချင်းချင်း ပူးပေါင်းပြီး အလုပ်လုပ်ဆောင်ရာမှာ ပိုမြန်ဆန်လာမယ်
၃. မြန်မာဘလော့ဂါများကြုံတွေ့ရလာနိုင်တဲ့ အခက်အခဲများကို ကိုယ်စားပြု ဖြေရှင်းပေးမယ့် သမဂ္ဂသဘောမျိုးဖြစ်လာမယ်.
၎. မြန်မာဘလော့ဂါများ အချင်းချင်း စိတ်ဝမ်းကွဲမှုများကိုလည်း ဖြေရှင်းပေးနိုင်မယ့် ခုံရုံးအဖွဲ့အစည်းတစ်ခုသဖွယ်လည်း ဖြစ်လာမယ်.
၅. မြန်မာဘလော့ဂါလောကကို အကောင်းဆုံး အကျိုးပြုနိုင်မယ့် အဖွဲ့အစည်းတစ်ခု အဖြစ် သမိုင်းတစ်ခုဖြစ်ကျန်ရစ်စေခဲ့မယ်.

ရှေ့ဆက်စဉ်းစားရင် စဉ်းစားသလို အများကြီး ရှိလာနိုင်ပါသေးတယ်.

ဘယ်သူတွေပါမယ်မပါဘူးဆိုတာတွေကို မဆုံးဖြတ်ပါဘူး. open discussion လုပ်ထားပါမယ်. ရှင်းရှင်းပြောရရင် ကျွန်တော်တို့ရဲ့ ဒီအဖွဲ့အစည်းသမဂ္ဂကြီး အတွက် ဘယ်သူမဆိုဝင်ရောက်ပါဝင်ပြီး အများအကျိုးသယ်ပိုးနိုင်ကြပါတယ်. ဒီမိုကရေစီနည်းကျကျ ဖွဲ့စည်းမယ့် အဖွဲ့အစည်းကြီးတစ်ခုပါ. ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကို မြန်မာဘလော့ဂါလူငယ်တွေကိုယ်တိုင်က စတင် အသုံးချပြမယ့် လူငယ်တွေရဲ့ သွေးသစ်အားမာန်တွေနဲ့ ဖွဲ့စည်းထားမယ့် အဖွဲ့အစည်းကြီးတစ်ခုပါ.

အဖွဲအစည်းကြီးရဲ့ Mission တွေ၊ Purpose တွေ၊ Constitution တွေကို တဖြည်းဖြည်းချင်း ၀ိုင်းဝန်းဆွေးနွေးသွားစေလိုပါတယ်.

ကဲ. ဘယ်လိုသဘောရကြပါလဲခင်ဗျာ...


21 comments:

NayPhoneLatt said...

အပြည့်အ၀ထောက်ခံပါတယ်။ သမဂ္ဂဆိုတဲ့အသံကို အချို့တွေက တော့ သိပ်မကြားချင်ကြဘူးဗျ။ ဘယ်လိုလုပ်ကြမလဲ။

သစ္စာ | သ​စ်စာ said...

သဘောတူပါတယ်ဗျာ။ ကောင်းတဲ့အစီအစဉ်ဖြစ်ပြီးတော့၊ စိတ်တူကိုယ်တူ လုပ်ကြမယ်ဆိုရင် အားပေးဖို့ အဆင်သင့်ပါ။

baganthar said...

ကောင်းပါတယ်ခင်ဗျာ။

pandora said...

သမဂ္ဂလို့ မလုပ်ချင်ရင် ဂိုဏ်း လို့ဖွဲ့ပါလား..
ဟဲဟဲ
စိတ်ဝင်စား အားပေးပါတယ်။

Anonymous said...

အားပေးပြီးသား ။ ကြားဖူးတာ ရှေ့ဆောင် နွားလား ဖြောင့်၂သွားက နောက်နွားတသိုက် ဖြောင့်၂ လိုက်၏ တဲ့ ။

ကဲ မောင်ရန်ရေ... ရှေ့ကနေ ဖြောင့်၂သွားဖို့သာ ပြင်ပေတော့း)

ခွန်မြလှိုင် said...

Your idea is really great. I recommand this idea. Please carry on. I will participate and help as best as possible. Thanks for your cetana.

Andy Myint said...

Blog ကိစ္စ၊ Font ကိစ္စတွေသာမက တခြားဟာတွေ အတွက်ရော မိတ်ဆွေတိုးတဲ့ အတွက်ရော စိတ်ဝင်စားစရာပါပဲ။

Unknown said...

အားလုံးကောင်းဖို.အတွက် ဖွဲ.စည်းတာကောင်းပါတယ်ဗျာ။ အပြည့်အ၀ ထောက်ခံပါတယ်။

အနာဂတ်ကိုပုံဖော်ခြင်း said...

ကောင်းလိုံက်လေဗျာ ... စည်းလုံးခြင်းသည် အင်အားတဲ့ ... သဘောတူတယ်...

Anonymous said...

လျော်ကန်သင့်မြတ်ပါတယ်

ပြည့်မွန်သျှံ said...

ချစ်သူတို့လဲ ပါမယ်နော် အစ်ကို ... အရာရာတိုင်းမှာ သည်းလုံးခြင်းသည် အောင်မြင်ခြင်းဘဲ ...

သန့်ဇော်မင်း said...

အနော်လည်းပါမယ်နော်.. ကူညီနိုင်တာရှိရင် ပြောပါ..
ကူညီပါရစေ.. :D

မေဓာဝီ said...

good idea ပါ ကိုရန်လေးရေ ..
မမေလည်း သဘောကျပါတယ်။
မြန်မာဘလော့ဂါတွေတင် မကပါဘူး ... အားလုံး ညီညွတ်စည်းလုံး ငြိမ်းချမ်း စေချင်တဲ့ ဆန္ဒ ရှိပါတယ်။

MELODYMAUNG said...

ရန်ရန်ရေ... မဂျစ်ပြောသလို ရှေ့ကနေ ဖြောင့်၂သွားဖို့သာ ပြင်ထားဟေ
အပြည့်အ၀ ထောက်ခံ ပြီးတော့
တို့လည်းပါမနော် ချန်မထားနဲ့ ဟဲဟဲ

Sai Linn Thu said...

အရမ်း ကို ကောင်းတဲ့ အစီအစဉ် ပါ....ကျွန်တော်လည်း ကူညီနိုင်တာရှိရင် ကူညီပါရစေ...

Hteink Min said...

inn htin tot htin tar.ko yan gyi lat chat phyit ya mae so tar.hahaa.kaung par tae.. thaty i visited to that blog asked who was the leader of this blog. i knew it might be you..any way..lets join this association. and we may even create party somwhere in the earth annually. heheh :P

YeeMon said...

koyan yay
yeemon blogget association ka cbox hmar yay kae tae thu twae ko ma kyay nat loet d hmar htat pye lar arr pay tar....lote par...thabaw kya tal....association so tot unity arr lal kaung lar mal...knowledge lal po toe lar mal.....
yeemon

Anonymous said...

I've heard of one organization theory called "Garbage Can Theory". Maybe you should read it out. :peace:

Google Myanmar Services said...

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ အအေး တိုက်ပါ့မယ်ဗျာ........

Unknown said...

အားပေးပါတယ် အစ်ကို ... ဘယ်လို အဖွဲ့အစည်းမျိုးမဆို စည်းလုံးညီညွတ်ရင် အောင်မြင်မှာပါပဲ ... မျှော်မှန်းထားတဲ့ တားဂတ်ရောက်သည်ထိ အောင်မြင်အောင်ဆောင်ရွက်သွာနိုင်ပါစေ ....
ခင်မင်လေးစားလျှက်
နှင်းဟေမာ

khin oo may said...

လူစုပြီးမှပျောက်သွားတာ ကောင်းသလား။