Sunday, March 11, 2007

ဂုဏ်အလှ (ဆရာဇော်ဂျီ)

စိတ်ကို အစာကျွေးတဲ့ အနေနဲ့ ဆရာဇော်ဂျီရဲ့ “ညီသစ်ဆင်းကဗျာစု” စာအုပ်လေးကို ကောက်ကိုင်မိတယ်ဗျာ. အဲဒီ့ထဲက ဒီကဗျာလေးကို မျှဝေခံစားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်လိုက်ပါတယ်။ ကာရန်ယူပုံလေးတွေနဲ့ အယူအဆလေးတွေကို ဆွေးနွေးပေးကြပါ။

Forum မှာလည်း ဒီ post ကို တစ်ပြိုင်တည်း တင်ထားပါတယ်...


ဂုဏ်အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။

ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်
သူကငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ။

ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူကငြူစူ၊ မကြည်ဖြူသည်
ခွာယူမရ ကွာမကျ။ ။


ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၅၊ ဒီဇင်ဘာ ၁၉၆၄

1 comment:

ဆောင်းသဇင် said...

ကောင်းပါတယ်ဗျာ