Wednesday, December 05, 2007

သံစဉ်လှိုင်းဘလော့ဂ်လေးနှင့်စပ်လျဉ်း၍...


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်ပျောက်နေတာမဟုတ်ပါဘူး. ဘလော့ဂ်ကို အမြဲလာကြည့်ဖြစ်ပါတယ်. ကိုယ့်ရဲ့ personal blog လေးကို ခဏပစ်ထားပြီး တစ်ခြားဘလော့ဂ်လေးတွေအတွက် စည်းရုံးရေးဆင်းနေလို့ပါ.

အခုဆိုရင် ကျွန်တော်တို့ရဲ့ သံစဉ်လှိုင်းဘလော့ဂ်လေးဟာ လမ်းကြောင်းမှန်လေးပေါ် ရောက်ရှိသွားပါပြီ. ကျွန်တော်ဖြစ်စေချင်တဲ့အတိုင်းပဲ ဘလော့ဂါမိတ်ဆွေအချင်းချင်း သီချင်းလေးတွေ မျှဝေခံစားလို့ ပျော်ရွှင်စရာနေရာလေး တစ်ခုအဖြစ် တည်ဆောက်ဖန်တီးနိုင်ခဲ့ပါပြီ. အဲဒီ့ဘလော့ဂ်လေးကို ဒီ့ထက်ပိုမိုပြီး ပြည့်စုံကောင်းမွန်အောင် ဆက်လက်ထိန်းသိမ်းသွားမှာပါ. မကြာခင်မှာပဲ Flash Player လေးတွေ ထည့်ပြီး လက်ရွေးစင် သီချင်းလေးတွေကို တင်ပေးထားပါမယ်. ဒါဆိုရင် တစ်ပုဒ်ချင်း လိုက်နားထောင်စရာ မလိုတော့ဘဲ တစ်ခွေလုံး နားထောင်လို့ ရသလို ဖြစ်သွားတာပေါ့ဗျာ. မကောင်းဘူးလား.

အင်္ဂလိပ်သီချင်းလေးတွေကိုလည်း ကျွန်တော်သိသလောက် တတ်သလောက်နဲ့ ရှာပြီးတင်ပေးထားပါတယ်. Flash Player လေးတစ်ခုကိုလည်း finetune ဆိုတဲ့ Site လေးတစ်ခုမှာ တွေ့လို့ လုပ်ထားပါသေးတယ်. သီချင်း ၄၅ ပုဒ်တင်ထားပါတယ်. အကောင့်တစ်ခုကို ၄၅ ပုဒ်ပေးပါတယ်. နောက်ထပ်အသစ်လေးတွေကို အကောင့်အသစ်တွေ ယူပြီး တင်သွားပေးပါဦးမယ်.

မိတ်ဆွေတို့ဖက်ကလည်း ပံ့ပိုးကုညီနိုင်တာလေးတွေ ရှိရင် ကူညီနိုင်ပါတယ် ခင်ဗျာ. ပါဝင်ရေးသားလိုသူများ Email လိပ်စာလေးများ ချန်ထားခဲ့နိုင်ပါတယ်. ခုဆိုရင် သံစဉ်လှိုင်းအဖွဲ့လေးဟာ အင်အားအတန်သင့် တောင့်တင်းလာပါပြီ.

ကူညီပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း မိတ်ဟောင်း မိတ်သစ်များအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ် ခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

aungyan@gmail.com

Sunday, December 02, 2007

Maggin Monastery Locked Down!


Dear Friends,

Here is an update on the situation of Maggin Monastery and detained activists.

Maggin Monastery (Nov 29): Yesterday about 4:30 pm, three army trucks and armed soldiers and security people with motorbikes surrounded the monastery and the authorities entered the monastery and read out a directive for everyone to leave. Some laypeople were there to help out. Now the monastery has been locked down. Update on the situation of the monks and novices after leaving the place is yet to be known.

Mother of ’88 Student Leader Died (Nov 30): Daw Mi Mi Lay (68 years old), who is the mother of ’88 Generation Student leader Htay Kywe, died from cancer at home in Rangoon last night. Htay Kywe received a family visit at Insein Prison on Monday (Nov 26) and the family has made requests for him to see his dying mothers a few days ago and now to be able to come to the funeral on Monday (Dec 3).

In late 2006, Daw Mi Mi Lay was also admitted to the hospital for her worsening cancer. Still receiving treatment she had to leave the hospital immediately in the middle of a night when the doctor in-charge received a phone call from the authorities in the Capital asking whether Htay Kywe’s mother was staying at the hospital and he got panic and asked her to leave. At that time Htay Kywe was in detention along with four other leaders of the ’88 Generation Students group including Min Ko Naing.

Htay Kywe was in prison both times when his father and his brother Win Kywe, also a leader of 1988 democracy uprising, died a few years ago, and his family appealed for him to attend the funerals, but those appeals were all rejected.

Ethnic Leaders Released (Nov 26): A prominent Zomi ethnic leader, Cin Sian Thang was released on Monday morning after nearly one week in custody. He is a chairman of Zomi National Congress and a member of the Committee Representing the People's Parliament (CRPP), arrested on November 20 along with other CRPP members and ethnic leaders Naing Ngwe Thein, U Aye Tha Aung, U Ohn Tin, Khun Htoo and U Soe Win.

Prominent Chin ethnic leader U Pu Chin Sian Thang also has been freed after his arrest last week for supporting detained opposition leader Daw Aung San Suu Kyi's call for dialogue and national reconciliation, released by the UN Special Envoy Mr. Gambari on Nov 8, after his return from Burma.

They were questioned about their views on the statement issued by Daw Aung San Suu Kyi. All of them with the exception of U Pu Cin Sian Thang were released the same day.

Three Activists Released (Nov 25): Aye Myint Myat, Ye Dagun and Wai Linn Htun were released from detention on Sunday, Nov 26.

But More Arrested (Nov 26 & 27): Aung Zaw Oo, a member of the Human Rights Defenders and Promoters (HRDP) was arrested on Monday at about 1 pm from a teashop in downtown Rangoon. Aung Zaw Oo, a native of Bokalay town, is currently residing in Rangoon and was taking an active role in planning for the December 10th International Human Rights Day, which the HRDP is planning to organize in Rangoon. Another three activists – Myat San (Tri Color Students), Win Maw (Shwe Thanzin Music Band) and Aung Aung (’88 Generation Student) were arrested on Nov 27.

Students Names Collected (Nov 26): In a bid to put a leash on any kind of students' movement in universities, invigilators in Rangoon University east campus are collecting the names and roll numbers of students who are coming for their examination in black dresses as a mark of mourning for those killed during the protests because of a rumor that students in condemnation of the ruling junta's brutal crackdown on protesters in September would wear black as a sign of mourning. a student source said

Women Activists Took to the Street (Nov 25): About twenty seven young women activists staged a small anti-government protest in the main city Rangoon - the first to take place there since the authorities crushed demonstrations in September. The women walked in a column lining 3 in a roll and gathered quietly at the Sule pagoda in central Rangoon, trying to avoid alerting the security forces.

In Solidarity,

Khin Ohmar
Coordinator, APPPB

Notes: Special thanks go to N.S.N for this message.

ပရဟိတ ဘလော့ဂါများ အလိုရှိပါသည်…...


ကျွန်တော့်မှာ ဘလော့ဂ်တွေ အများကြီးရှိတယ်ဆိုတာ တစ်ချို့သိမှာပါ. တစ်ချို့ဘလော့ဂ်လေးတွေကို ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ စတင်ခဲ့ပေမယ့် ဆက်လက်ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့တာကြောင့် ထင်သလောက် မအောင်မြင်မပေါက်မြောက်တော့တာလေးတွေ တွေ့နေရပါတယ်.

အောင်မြင်မှုဆိုတာ ရရှိဖို့ထက် ရေရှည် တည်တံ့အောင် ထိန်းသိမ်းဖို့က ပိုခက်တယ်မဟုတ်လား. ဒါကြောင့် ကျွန်တော်တာဝန်ယူရေးသားနေတဲ့ ဒီဘလော့ဂ်တွေကို ထိထိရောက်ရောက်ဖြစ်အောင် အကူအညီပေးနိုင်မယ့် ဘလော့ဂါမိတ်ဆွေများကို ထပ်မံအင်အားဖြည့်တင်းသွားဖို့ စီစဉ်ထားပါတယ်.

ဒါတွေကတော့ လောလောဆယ် ကျွန်တော်စတင်ပြီး ထိန်းသိမ်းပြုပြင်ချင်တဲ့ ဘလော့ဂ်တွေပါပဲ. ကျန်တာတွေကိုတော့ နောက်တစ်သုတ်ကျမှပဲ ရှင်းပြပါတော့မယ်.

(၁) သံစဉ်လှိုင်း
(၂) သမိုင်းထဲက ရက်စွဲများ
(၃) MMbloggersHelpdesk
(၄) English4success ဘလော့ဂ်

အကြမ်းဖျင်း ရှင်းပြပါမယ်.

(၁) သံစဉ်လှိုင်း

သံစဉ်လှိုင်းက သီချင်းလေးတွေကို စုစည်းတင်ဆက်ထားတဲ့ ဘလော့ဂ်ပါ. အွန်လိုင်းမှာ သီချင်း ၀က်ဘ်ဆိုက်တွေ အများကြီး ရှိပေမယ့် ကိုယ့်ဆီမှာ ရှိနေတဲ့ သီချင်းလေးတွေကို ဝေမျှ နားဆင်ခံစားနိုင်ဖို့ကျတော့ ပူးပေါင်းလုပ်ဆောင်တတ်မှု လိုလာပြီလေ. အဲဒါလေးကို ဖြည့်စွမ်းပေးတဲ့ အနေနဲ့ သံစဉ်လှိုင်းကို ဖန်တီးခဲ့တာပါ. စတင်ဖန်တီးခဲ့စဉ်က youtube website ထဲက မြန်မာသီချင်းတွေကို ရွေးတင်ခဲ့ပေမယ့် ပြည်တွင်းက ပရိတ်သတ်အနေနဲ့ youtube ကို ၀င်လို့မရတာကြောင့် နောက်ပိုင်းမှာ hotlink အနေနဲ့ပဲ တင်ပေးပြီး တိုက်ရိုက်နားဆင်နိုင်အောင်၊ right click ခေါက်ပြီး download တစ်ခါတည်း လုပ်နိုင်အောင် စီစဉ်ခဲ့ပါတယ်.

သံစဉ်လှိုင်းမှာ ၀င်ရောက်ရေးသားနေတဲ့ ဘလော့ဂါများဟာ မိမိတို့မှာ ရှိတဲ့ သီချင်းကောင်းလေးများကို လာပြီး share လုပ်ပေးနေကြတာပါ. ဘာအကျိုးအမြတ်မှ မမျှော်ကိုးကြပါဘူး. လာရောက်လည်ပတ်ကြသူတွေ အပန်းဖြေ အနားယူနိုင်ပါစေတော့ ဆိုတဲ့ စေတနာသက်သက်နဲ့ ကူညီပေးနေကြသူတွေပဲ ဖြစ်ပါတယ်.

လူတိုင်းမှာ သီချင်းလေးတွေတော့ ရှိကြမှာပါပဲ. အဲဒါလေးတွေကို ကိုယ်တစ်ယောက်တည်း နားဆင်ရုံသာမက တစ်ခြားသူတွေကိုပါ ဝေမျှပေးနိုင်ရင် ကျွန်တော်တို့ရဲ့ ဘလော့ဂါလောကကြီး ဘယ်လောက်သာယာပြည့်စုံလိုက်လိမ့်မလဲဗျာ.

လုပ်ရမှာက လွယ်လွယ်လေးပါပဲ. ဆီဘောက်စ်ထဲမှာပဲဖြစ်ဖြစ်. ကျွန်တော့်ကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး ဖြစ်ဖြစ် Email address လေးတွေ ထားခဲ့ကြပါ. ကျွန်တော် invite လုပ်လိုက်ပါမယ်. Accept လုပ်ပြီးရင် မိတ်ဆွေတို့ရဲ့ သီချင်းလေးများကို upload လုပ်နိုင်ပါပြီ.

ကဲ. သံစဉ်လှိုင်းအကြောင်း ရှင်းပါပြီနော်. အဖွဲ့ဝင်အသစ်လေးတွေကို မျှော်နေပါမယ် ခင်ဗျာ…


(၂) သမိုင်းထဲက ရက်စွဲများ

ဒီဘလော့ဂ်လေးရဲ့ ရည်ရွယ်ချက်ကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ရက်စွဲတွေကို နောင်လာနောက်သား လူငယ်မျိုးဆက်သစ်တွေ သတိရနေစေဖို့၊ သမိုင်းကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတာကို သတိမူမိစေဖို့၊ နိုင်ငံရေး လှုံ့ဆော်လှုပ်ရှားမှုတွေကို စုစုစည်းစည်းနဲ့ အကောင်အထည်ဖော်နိုင်ဖို့ ဖန်တီးထားတာပါ.

နိုင်ငံရေးအသိအမြင် နိုးကြားတက်ကြွတဲ့ မည်သူကို မဆို နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ပါတယ်. ခုနက ပြောခဲ့သလိုပါပဲ. Email address လေးများကို သက်ဆိုင်ရာ ဘလော့ဂ်ရဲ့ ဆီဘောက်စ်မှာဖြစ်ဖြစ်၊ ကျွန်တော့်ကိုတိုက်ရိုက်ဆက်သွယ်ပြီး ဖြစ်ဖြစ် ကူညီရေးသားပံ့ပိုးပေးနိုင်ပါတယ်.

(၃) MMbloggersHelpdesk

ဒီဘလော့ဂ်လေးကတော့ တက်သစ်စ မြန်မာဘလော့ဂါလေးများ ဘလော့ဂ်နဲ့ပတ်သက်ပြီး အကူအညီရနိုင်စေဖို့ ဖန်တီးထားခဲ့တာပါ. အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါတယ်. ဒီဘလော့ဂ်လေးမှာ အခုဆိုရင် wordpress platform နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုပါ ထည့်သွင်းသွားနိုင်ဖို့ အင်အားဖြည့်တင်းတိုးချဲ့နေပါပြီ.
နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတများကို ဝေငှလိုတဲ့ မည်သူကိုမဆို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.

ဒီဘလော့ဂ်လေးအတွက် နောက်ထပ်ကူညီနိုင်တာ တစ်ခုကတော့ မိမိကိုယ်တိုင် ပါဝင်ရေးသားနိုင်ခြင်း မရှိခဲ့ရင်တောင်မှ မိမိဖတ်ခဲ့ဖူးတဲ့ အသုံးဝင်မယ့် လင့်ခ်လေးတွေကို ပြောပြနိုင်ပါတယ်. Helpdesk အဖွဲ့သားများက လိုက်လံရှာဖွေပြီး ဘာသာပြန်ဆို ရေးသားပေးသွားပါမယ်.

(၄) English4success ဘလော့ဂ်

ဒါလေးကိုတော့ မကြာသေးခင်ကမှ စတင်ထားခဲ့တာပါ. မြန်မာလူငယ်တွေ English စာ အဆင့်အတန်း မြင့်မားတိုးတက်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်စေဖို့ ရည်ရွယ်ပါတယ်.

ဒီသင်ကြားရေး အဖွဲ့အင်အားကို တိုးချဲ့နေဆဲပါပဲ. ဘလော့ဂ်လေးကို သွားလည်ပြီး purpose ကို ဖတ်ကြည့်နိုင်ပါတယ်. ဘာတွေ ဘယ်လိုလုပ်သွားမယ်ဆိုတာကို သဘောပေါက်နားလည်သွားပြီ ဆိုရင်တော့ မိမိတို့ ကူညီပေးနိုင်မယ် ထင်တဲ့ အရာလေးများကို ပေးပို့နိုင်ပါတယ်. ကိုယ်တိုင်ဝင်ရေးလို့လည်း ရပါတယ်.

ကျွန်တော်လည်း အချိန်ကို ရအောင်ယူပြီး အထက်ပါဘလော့ဂ်လေးတွေရဲ့ နည်းပညာပိုင်းကို တာဝန်ယူသွားပါမယ်. ဘလော့ဂ်တွေ အားလုံးကို တန်းပလိတ်ကအစ ပြန်လည်မွမ်းမံသွားပါမယ်.

ကဲ… အားလုံးပဲ. ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

aungyan@gmail.com

ဒီဇင်ဘာဆောင်းညပုံရိပ်များ...



ဒီဇင်ဘာဆောင်းညပုံရိပ်များ…

ဒီလိုပြောလိုက်ပြီဆိုတာနဲ့ ကျွန်တော့်ရဲ့ အတွေးစဉ်တွေက မန္တလေးမြို့လေးဆီကို ရောက်သွားခဲ့ပါတယ်.

လွမ်းနေဆဲပဲ ရွှေမန္တလေးရေ….

….

မန္တလေးမြို့ကို နေပူတယ်၊ ခြင်ကိုက်တယ်၊ ဖုန်ထူတယ် စသည်ဖြင့် အောက်ပြည်က လူတွေက အပြစ်တင်စကား ပြောတတ်ကြပေမယ့် မန္တလေးမြို့မှာ နေခဲ့ဖူးသူတိုင်း ရင်ထဲမှာ မေ့မရနိုင်တဲ့ နေ့ရက်များကို ပိုင်ဆိုင်ခဲ့ဖူးကြမှာပါ…

သူများတွေ အကြောင်းမပြောတော့ဘူးဗျာ. ကျွန်တော့်ရဲ့ မန်းည ပုံရိပ်လေးများ အကြောင်းကိုပဲ အမှတ်တရအနေနဲ့ ပြန်ပြောပြတော့မယ်နော်..

….

၁၀ တန်းအောင်ပြီးတော့ ကျွန်တော် မန္တလေးကို ပြောင်းလာခဲ့ပါတယ်. တက္ကသိုလ်တွေကလည်း ခဏပဲဖွင့်ပြီး ပြန်ပိတ်ထားတော့ ကျွန်တော်လည်း အလုပ်သစ်တစ်ခုကို မမျှော်လင့်ဘဲ စတင်မိခဲ့ပါတယ်.

အလယ်တန်းနဲ့ အထက်တန်းကျောင်းသားလေးတွေကို စာသင်တာပါပဲ.

ဟုတ်တယ်. ကျွန်တော် စာသင်ခဲ့ဖူးတယ်. စသင်တုန်းကတော့ သူငယ်ချင်းတစ်ယောက် သူ့ရဲ့ တူလေး ၂ ယောက်ကို သင်ပေးဖို့ အပ်ရင်း အသိုင်းအ၀ိုင်းက နည်းနည်းချင်း ကျယ်ပြန့်သွားခဲ့တာပေါ့. နောက် နှစ်နှစ်လောက်နေတော့ ကျွန်တော့်မှာ ကျောင်းသားတွေ တော်တော်များများ ရလာခဲ့တယ်. နေ့ခင်းဆို စာတွေလိုက်သင်၊ အိမ်မှာလည်း ခေါ်သင်၊ နားရက်မှာ ကျုံးဘေးနားက အမျိုးသားစာကြည့်တိုက်မှာ စာအုပ်တွေဝင်မွှေ၊ ညဖက်ဆို ၁၀ တန်းကျောင်းသားလေးတွေ စာလိုက်သင်နဲ့ ကျွန်တော့်ရဲ့ နေ့ရက်ပေါင်းများစွာကို ကျော်လွန်စေခဲ့ပါတယ်.

မန္တလေးမှာ နွေနဲ့မိုးရာသီတွေဆို သိပ်ပြီး ထူးထူးခြားခြား မပြောပလောက်ပေမယ့် ဆောင်းရာသီရောက်ရင်တော့ တကယ်ကို ပျော်စရာကောင်းပါတယ်…

တစ်မျိုးကြီးဖြစ်သွားလား… ခေါင်းတွေ ကုတ်မနေနဲ့ဦး… သူများတွေပျော်မပျော်တော့ မသိဘူး ကျွန်တော်ပျော်တာကိုပဲ ပြောတာပါ.

ဒီဇင်ဘာဆိုရင် မန္တလေးမှာ တော်တော်လေး အေးနေပါပြီ. ကျွန်တော်က ညနေကတည်းက စာတွေလိုက်သင်လိုက်တာ ညဖက် ၁၀ နာရီလောက်ဆိုရင် ပြီးပါပြီ. အဲဒီ့မှာ ကျွန်တော့်ကျောင်းသားလေးတွေနဲ့ ကျုံးဘေး တစ်ပတ်လောက် ဆိုင်ကယ်ပတ်စီးလိုက်ကြပါသေးတယ်. ဆိုင်ကယ်နောက်မှာ ကုပ်ကို ပုနေအောင်ထားပြီး လက်နှစ်ဖက်ကို အနွေးထည်ဘေးအိတ်ထဲကို ထိုးထည့်လို့ ဆိုင်ကယ်ကို ပုံမှန်လေး လှိမ့်ပြီး စီးသွားရတာ အရသာတစ်မျိုးပါပဲ…

ကျုံးဘေးနားက ဖြတ်တိုက်လာတဲ့ လေညှင်းလေးကို ခံစားလို့၊ ပါးစပ်ထဲမှာ ရောက်တတ်ရာရာ သီချင်းအပိုင်းအစလေးတွေကို ဆိုညည်းလို့၊ မျက်နှာချင်းဆိုင်က ရွှေမန်းသူချောချောလေးတွေ ဆိုင်ကယ်စီးလာတာ မြင်ရင် အကြောင်းမဲ့ ကိုယ့်လီဗာကို တဗျင်းဗျင်းနဲ့ ဖိုသံပေးလို့… ဟတ်ဟတ်ဟတ်… (ဘာမှ မချန်ဘူးနော်. အကုန်ပြောပြမှာ…)

လွမ်းတယ်ဗျာ…

……

မှတ်မိသေးတယ်…

ဒီဇင်ဘာ ၃၁ ရက်ညကပေါ့..

စာမေးပွဲတွေနီးလာပြီဆိုတော့ ကျွန်တော့်ကျောင်းသားလေးတွေကို တစ်အိမ်မှာ စုပြီး သင်ပါတယ်.

အဲ… စာသင်တဲ့ ပုံစံနည်းနည်းလောက် ပြောပြထားမှ နောက်ပိုင်း ပြောရတာ နားလည်လိမ့်မယ်ဗျ.

ကျွန်တော့်မှာ ၁၀ တန်းကျောင်းသား ၅ ယောက်လောက်နဲ့ အလယ်တန်းကျောင်းသားလေးတွေ တစ်ချို့ရှိပါတယ်. ၅ တန်း ၆ တန်းကျောင်းသားလေးတွေကိုတော့ ညနေချိန်ယူထားပါတယ်. ၁၀ တန်းကျောင်းသားတွေကျတော့ ညဖက်မှပဲ သင်နိုင်ပါတယ်. သူတို့မှာလည်း ကျောင်းဆင်းရင် ကျူရှင်တွေ လိုက်တက်ရသေးတာကိုး…

၁၀ တန်းကျောင်းသားတစ်ယောက်ကို တစ်ပတ် ၄ ရက်နှုန်းနဲ့ တစ်ရက်ကို ၃ နာရီသင်ပါတယ်. ကျွန်တော်လည်း ကျောင်းသား ၅ ယောက်ကို လိပ်ပတ်လည်အောင် အချိန်ပြည့်ရအောင် သင်ပေးရပါတယ်. စနေ၊ တနင်္ဂနွေတွေမှာဆို တစ်နေကုန် run နေရတာပဲ. ကျွန်တော်တက်တဲ့ speaking class နဲ့ computer course တွေကလည်း ရှိသေးတယ်လေ. နေ့ခင်းဆို ကျောင်းသားတွေတစ်ယောက်မှ မရှိတော့ အမျိုးသားစာကြည့်တိုက်မှာ စာသွားဖတ်တယ်. အပြင်ဖြေတစ်ယောက်ကိုတော့ မနက်ပိုင်းသွားသင်ပေးရသေးတယ်. အဟဲ. ပြီးတော့ ကျွန်တော်က နန်းရှေ့က လင်းရောင်ခြည် စာကြည့်တိုက်မှာ volunteer လည်း ၀င်လုပ်လိုက်သေးတယ်ဗျ.

အဲဒီ့ကတည်းက ကျွန်တော်က အစုံသုပ်သုပ်ဖို့ ကြိုးစားနေခဲ့တာ. ခုတော့ ဘလော့ဂါလည်း ဖြစ်လာရော ဘလော့ဂ်တွေကို အလကားရတိုင်း ယူပြီး ပွစိတတ်အောင် ရေးနေတာလည်း ကျွန်တော့်ရဲ့ အဲဒီ့အကျင့်လေးကြောင့်ပဲပေါ့. (ဟတ်ဟတ်ဟတ်)

ထားပါတော့….

ဒီတော့ ဒီဇင်ဘာ၊ ဇန်န၀ါရီဆိုရင် ၁၀ တန်းစာမေးပွဲတွေက သိပ်နီးလာပြီ. Intensive training တွေ ပေးရတော့မယ်. ကျောင်းတွေမှာလည်း ကျောင်းသားတွေ သိပ်မတက်ကြတော့ဘူးလေ. အဲဒီ့မှာ ကျွန်တော်က ကျောင်းသားတွေကို ညှိပါတယ်. သူတို့တွေကို တစ်ပတ် ၄ ရက်၊ ၃ နာရီပဲ ပေးမယ်ဆိုရင် တစ်ပတ်မှာ ၁၂ နာရီပဲ ရမယ်. စာတွေက သိပ်များတော့ သိပ်အားမရဘူး. အဲလိုလုပ်မယ့်အစား ၃ ယောက်လောက်ကို ၀ိုင်းလိုက်ပြီး ကျယ်တဲ့ အိမ် တစ်အိမ်အိမ်မှာ စုသင်မယ်. စာသင်ချိန်ကို တိုးပေးမယ်. ရက်လည်း တိုးပေးမယ်. အဲလိုပြောပြီး ညှိပါတယ်.

ကျွန်တော့်မှာ ပုံမှန်က ကျောင်းသား ၃ ယောက်ထက် အမြဲပိုပါတယ်. (နာမည်ကြီးကိုး… ဟတ်ဟတ်)

ဒီတော့ ၁၀ တန်းကျောင်းသားတွေချည်းကိုပဲ နှစ်ဝိုင်းဖြစ်သွားပါတယ်. ပထမ၀ိုင်းကို ညနေခင်း အစောပိုင်းလောက်သင်ပြီး နောက်တစ်ဝိုင်းကိုတော့ ညဖက် ၉ ခွဲလောက်ကနေ စသင်ပါတယ်. ကျွန်တော်လည်း သူတို့အိမ်မှာ အတူတူ လိုက်အိပ်ပါတယ်.

ကဲ. ကဲ. ဒီလောက်ဆို ဇာတ်ရည်လည်ပြီနော်. ကျွန်တော့်ရဲ့ ဒီဇင်ဘာ ၃၁ ရက်ညလေးအကြောင်းကို ပြန်ဆက်မှ ဖြစ်တော့မယ်. တော်ကြာ ဆောင်းရာသီနဲ့ စာသင်တာနဲ့ ရောကုန်ပြီး ကျောင်းသားတွေ လာအပ်နေမှ ဒုက္ခ… (မြန်မာပြည် ဗီဇာရရင်တော့ လာသင်မယ်ဗျ.)

ကျောင်းသားလေးတွေကလည်း တရုတ်လေးတွေ များပါတယ်. အမေဒေါ်အမာပြောသလိုပဲပေါ့.

အရင်တုန်းကဆိုရင် ဒါဟာ ကျွန်မတို့ရဲ့ ရွှေမန္တလေးမြို့တော်ကြီးဖြစ်ပါတယ်ပေါ့. အခုတော့ ၀တို့ ရွှီမန်းဒလေး လို့ ပြောရမလိုဖြစ်နေပြီတဲ့..

ဟုတ်ပါတယ်. မန္တလေးမှာ လက်ငါးချောင်းထိုး မလွဲစေရဘူး တရုတ်တစ်ယောက်ယောက်ကိုတော့ ထိုးမိပါတယ်. (လက်နဲ့ပါ)

ဈေးချိုလား. အရှေ့ပြင်လား. မြောက်ပြင်လား. တောင်ပြင်လား… ဘာပြင်ပဲ ဖြစ်ဖြစ် တီလုတ်ပြင်တွေ အများကီး ရှိတတ်ပါတယ်. အဲဒီ့မှာ ကျွန်တော်လည်း တရုတ်စကားလေး နည်းနည်းပါးပါး တတ်လာခဲ့တာပေါ့ဗျာ. တစ်ခါတုန်းကဆိုရင် တတ်သလောက် မှတ်သလောက် တရုတ်စကားလေးနဲ့ ဆိုင်ကယ်စီးလာတဲ့ တရုတ်မလေး တစ်ယောက်ကိုပေါ့ဗျာ.. လိုက်ပြီးတော့ပေါ့… ကျွန်တော်ကလည်း ဟိုပြောဒီပြော. သူကလည်း ပြန်အကြည့်မှာပေါ့…

အဟမ်း.. အဟမ်း.. ဩော်. ဆောရီး… ကျွန်တော်စိတ်စောသွားတယ်. ဒီဇာတ်လမ်းတွေက တစ်ထောင့်တစ်ည ချစ်သူများ ခေါင်းစဉ်အောက်မှာ ရှိရမှာဗျ. ဘွာတေးနော်. ဘွာ. ဘွာ..

ဟာဗျာ. ပြောလို့ပြောတာမဟုတ်ဘူး. မန္တလေးအကြောင်းပြောရင် ကျွန်တော့်မှာ ပို့စ်တွေ အများကြီး ထွက်လာနိုင်တယ်. တော်ပြီ. နောက်နေ့မှပဲ ဆက်ပြောတော့မယ်.

ခုအိပ်ချင်ပြီ.

ဘိုင်ဘိုင်…

….



အဲလိုပြောပြီးအိပ်လိုက်လို့ကတော့ သေချာတယ်. နောက်တစ်နေ့ ကျွန်တော့်ဘလော့ဂ်မှာ ကွန်ပလိန်းတွေ ပွစိတက်နေတော့မှာပဲဗျ. အဟတ်ဟတ်ဟတ်…

ကဲ. ဆက်မယ်နော်.

ညဖက်ဆို စာသင်တယ်. ၁၂ နာရီလောက်ကျရင် မောင်မင်းကြီးသားလေးတွေက နည်းနည်း ဆန္ဒပြလာကြပါတယ်. ဗိုက်ဆာသလေး၊ ခေါင်းနောက်သလေး ဘာသလေး ညာသလေးနဲ့ Break! Break! ဆိုပြီး ကျွန်တော့်ကို လူလည်ကျပါလေရော. ကျွန်တော်နဲ့ ကျွန်တော့်တပည့်လေးတွေကလည်း သိပ်ပြီးတော့ မတိမ်းမယိမ်းပါ. အလွန်ဆုံးကွာလှ ၂ နှစ်ပေါ့. ကျွန်တော်က အရင်အောင်ထားတာပဲ ရှိတာ. အတွေ့အကြုံပိုင်းတွေကျတော့ သူတို့ကတောင် ကျွန်တော့်ကို ပြန်သင်သွားသေးတယ်ဗျ. သိလား. ဒီလိုနဲ့ပေါ့ဗျာ.

၁၂ ခွဲလောက်ကျရင် ကျွန်တော်တို့ အုပ်စု ၇၈ လမ်းမကြီးပေါ်မှာ တဗြဲဗြဲဗျင်းလို့ တဗျင်းဗျင်းဗြဲနေကြပါပြီ… (ဆိုင်ကယ်နော်. ဆိုင်ကယ်.)

ညတိုင်းတော့ မထွက်ဖြစ်ကြပါဘူး. အင်္ဂလိပ်စာသင်တဲ့ည ဆိုရင်တော့ ထွက်ဖြစ်ကြတယ်. အဲလောက်တောင် အလားအလာကောင်းတာနော်.

Grammar လေးကို စာမေးပွဲလေး မစစ်လိုက်နဲ့. အဲဒီ့ည ကျွန်တော်တို့ ကျုံးဘေးမှာ သွားကဲတော့တာပဲ. ခေါင်းဆေးတာတဲ့လေ. ကျွန်တော်လည်း အမှန်ပြောရရင် ကိုယ့်တပည့်တွေကို ကိုယ်မနိုင်ပါဘူး. အလိုလိုက်ရင်း ချော့မော့သင်ခဲ့ရတာပါပဲ. ခေါင်းထဲကို ရသလောက်လေး ဖြည်းဖြည်းချင်း သွင်းပေးနေရင်း သူတို့ကို အလိုလိုက်ရင်း၊ ကျွန်တော်လည်း သူတို့ဆီက တတ်သင့်တတ်အပ်တာလေးတွေကို သင်ယူရင်းပေါ့.

(ဩော်… ဆိုင်ကယ်စီးတာတို့၊ လမ်းကြောသိအောင် လုပ်တာတို့ပါ. ဒါပါပဲ.. နော်.. နော်. ဂယ်ပြောတာ.. )

….

ပုံမှန်တောင် အဲလောက်ကဲနေကြတော့ ဒီဇင်ဘာ ၃၁ ရက်ည ဆိုတော့လား…

ဟင်းဟင်း.. ဘာပြောကောင်းမလဲဗျာ.

၁၁ လောက်ကတည်းက ထွက်ကြတာ. ကျွန်တော်လည်း အဲဒီ့ညကို အပြတ်ကဲမယ်ပေါ့ဗျာ. အ၀တ်အစား လန်လန်လေးတွေ ၀တ်လို့ပေါ့. ဒီညတော့ ကိုယ့်ညပဲပေါ့ဗျာ…

ဂလိုတွေးပြီး သကာလ ကျွန်တော်တို့တွေ ဆိုင်ကယ်ဦးထုပ်တွေကို ဂိုဒေါင်ထဲထားခဲ့ပြီး မန္တလေးတောင်ဖက်ကို ရွေ့ခဲ့ကြပါတော့တယ်.

ဒီနေ့ မန္တလေးသူ မန္တလေးသားတွေ ဘယ်လောက်ထိများ တောင်ပေါ်ကို ဘယ်နှစ်ခေါက်ရောက်တယ်တော့ မသိဘူး. ကျွန်တော်တော့ ခဏခဏ ရောက်ဖြစ်ပါတယ်.

MIT က အပြန် ကျွန်တော့် သူငယ်ချင်း ဖိုးချိုတို့၊ စည်သူတို့၊ ၀ဏ္ဏတို့နဲ့လည်း တောင်ပေါ် တက်ဖြစ်သလို ကျွန်တော့်ကျောင်းသားလေးတွေနဲ့လည်း သွားဖြစ်ပါတယ်. ဘယ်နှစ်ခေါက်တက်တက် မရိုးနိုင်ခဲ့ပါဘူးဗျာ.

၃၁ ရက်ညမှာ လူငယ်တွေတော်တော်များများ လမ်းပေါ်မှာ ရှိနေခဲ့ကြသလို ထင်နေမိခဲ့တယ်. တောင်ပေါ်မှာလည်း လူစည်တယ်ဗျ. ကျွန်တော်တို့က တောင်ပေါ်တက်ရင်တောင် ရိုးရိုးမတက်ဘူး. ဟဲဟဲ. ပြောပြရမှာလား…

တောင်ပေါ်တက်တဲ့ လမ်းအကွေ့နားလေးမှာ အတွဲတွေထိုင်နေတာတွေ့ရင် ဟေးဝါးဆိုပြီး ခြောက်လိုက်သေးတာ. ကားလေးတစ်စီးနှစ်စီးလောက် မှောင်ရိပ်ခိုနေရင် ဆိုင်ကယ်မီးကို တည့်တည့်ထိုးလိုက်သေးတာ. ဒီလောက်ပါပဲ. ကျွန်တော်တို့တွေ ဒီထက်မပိုပါဘူး..

ဟုတ်.. ဒီလောက်ပါပဲဗျာ… ဟဲဟဲ..

၁၂ နာရီထိုးခါနီးလေ စိတ်လှုပ်ရှားစရာကောင်းလေပါပဲ. တောင်ပေါ်ကနေ မီးရောင်စုံထွန်းလင်း တောက်ပ အလှဖြာနေတဲ့ ရွှေမန္တလေးကို ရှုစားရတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရသာတစ်မျိုးပါပဲဗျာ.



ကျုံးကြီးက မီးရောင်အောက်မှာ အရောင်တလဲ့လဲ့ တောက်ပနေလို့၊ နန်းတော်ကြီးကလည်း ကျက်သရေအပေါင်းနဲ့ ပြည့်စုံလို့၊ တောင်ခြေနားက Novotel ဟိုတယ်ကြီးကလည်း တင့်တယ်လို့၊ ဟိုးခပ်လှမ်းလှမ်းက Sedona Hotel ကြီးကလည်း ထည်ဝါလို့၊ ဆည်းလည်းသံလေးတွေက ချိုလွင်စွာ စီးမျောနေလို့၊ လေနုအေးလေးက တိုက်ခတ်နေလို့…

အရှေ့ဖက်ကို လှမ်းကြည့်လိုက်ရင် ပြင်ဦးလွင်မြို့ကို သွားတဲ့ လမ်းဖက်က မီးရောင်လဲ့လဲ့လေးတွေကို တွေ့ရပါတယ်. အဲဒါ ၂၁ မိုင် အနီးစခန်းတဲ့လေ.

အနောက်ဖက်ကိုကြည့်ဦးမလား… စစ်ကိုင်းတောင်တန်းကြီးနဲ့ မင်းကွန်းတောင်ရိုးပေါ်မှာ မီးရောင်လဲ့လဲ့လေးတွေ ပြိုးပြိုးပျက်ပျက်တောက်ပနေလိုက်တာ ကဗျာမြစ်ပေါင်းများစွာ ပြိုဆင်းသွားနိုင်လောက်တယ်.

အိုဗျာ.

လွမ်းလိုက်တာ…



….

အဲဒီ့တုန်းက မှတ်မှတ်ရရ ကျွန်တော်တို့တွေ တောင်ပေါ်ကအဆင်း ပြည်ကြီးမွန်ဖောင်တော်နားအရောက်မှာ ၁၂ နာရီထိုးသွားခဲ့ပါတယ်.

အားလုံး တစ်ပြိုင်တည်း အော်လိုက်ကြတာ.

HAPPY NEW YEAR!!!!!!

…..

(ဆက်ရေးပါဦးမည်….)

ခင်မင်လေးစားလျက်

ရန်အောင်


Friday, November 30, 2007

Public Hearing, "After the Saffron Revolution"...

SAVE THE DATE: Monday, Dec. 3, 2007, 2:30-4:30 p.m.

Public Hearing

http://www.uscirf.gov/mediaroom/press/2007/november/112607_publichearing.html


After the Saffron Revolution: Religion, Repression, and the U.S. Policy Options for Burma

Rayburn House Office Building, Room 2200
FOR IMMEDIATE RELEASE
Nov. 28, 2007

Contact:
Judith Ingram, Communications Director,
(202) 523-3240, ext. 127

The United States Commission on International Religious Freedom will hold a public hearing to examine how religious freedom abuses perpetuated by the Burmese military contribute to violent repression of peaceful dissent, ongoing abuses against ethnic minorities, and regional instability. The hearing also will assess recent U.N. diplomatic efforts as well as U.S. policy options for bringing about democratic change in Burma.

The witnesses are:

• Paul Rush, F24 News, an eyewitness to the demonstrations and subsequent crackdown
• Ashin Nayaka, Columbia University, an exiled Burmese monk and Buddhist scholar
• Aung Din, US Campaign on Burma
• Chris Lewa, Arakan Project
• Salai Bawi Lian, Chin Human Rights Organization
• Michael Green, Center for Strategic and International Studies
• Jared Genser, Freedom Now

RSVP to communications@uscirf.gov

Thursday, November 29, 2007

Pakistan, Burma and Beyond....


Last night, I was browsing CNN news and suddenly the news about Pakistan President, Pervez Musharraf, came up as breaking news. He stepped down as the country’s military leader Wednesday, the day before he was to be sworn in for a third presidential term—as a civilian.

CNN says, ‘his retirement as general caps a 46-year career in the nation’s armed forces and ends eight years of military rule.’

Well, this was not actually shocking news but it made me think beyond our country’s politics.

In recent years, there were three military coups in Southeast Asia; Burma, Pakistan and Thailand. Speaking backward, Thailand is moving toward a peaceful political reconciliation. It’s not that bad. Pakistan came second. At least, Musharraf is no more military general. And he also vowed to bring political change for the better living of Pakistanis.

How about Burma? When? How?

It’s needless to answer my question. Never ever will political change in Burma happen as long as General Than Shwe and his followers are trying to make their chairs firm!

I, sometimes, wonder why our country has been in such kind of abysmal situation for decades. It’s so sad to learn that our Country is still undeveloped and so worn-out under military rule while other nations are stepping forward with full momentum. China became powerful in both global economics and military affairs after 1989 uprising. It’s only 18 years from now. Today’s China is completely different from China in 1989.

Burma?

Today’s Burma is much worse than Burma in 1988. Both countries encountered the similar political turmoil! Both of them cracked down the mayhem using military forces killing thousands of innocent activists. Both of them ruled the country applying the similar restrictions upon the citizens. But different judgment and different vision made China reach so far ahead of Burma! That’s the line Burma and China became apart from each other. That’s the point why educated leaders are needed for the country.

In deed, We, Burmese, are not ordinary.

Yes! We are not just ordinary citizens. We regained our independence against the great British Empire. We fought back the Fascist Japan to get our real freedom. Our capital, Rangoon, had been looked upon by Singapore and other Southeast Asia countries. We had been great! We had been powerful in the region! We had been legend for a certain period.

Speaking of recent feats, U Thant became a secretary general of United Nations. Our beloved leader, Daw Aung San Suu Kyi, won the Nobel Prize. The famous poet, Tha Journal Kyaw, won the international poet prize though he couldn’t attend the awarding ceremony in person. Moreover, Dr. Cynthia Maung from Mae Tao clinic won uncountable international awards for her great humanitarian works. The political activist, Nan Chan Taung, from WOMB met George W. Bush to discuss the Burma Junta’s cruel actions upon Ethnic groups.

We, Burmese Citizens, are courageous and united!
We, Burmese Citizens, are sentimental and reasonable!
We, Burmese Citizens, are success-oriented and optimistic!

Knowing those facts, Than Shwe and his followers have been consistently suppressing any political movements in Burma. They won’t even let the Buddhist monks escape from the torture when it jeopardizes their interest and power.

They are the most ferocious killers in the world!
They are the most reckless lawmakers in the history!
They are the most messed-up rulers ever in Burma history and Buddha Sasana as well.

The words are not enough to talk about their cruelness toward the ordinary citizens. While the Junta’s families abuse the country’s interests at their will, the ordinary citizens cannot even afford to buy the broken rice.

It is ….. so……………. R.I.D.I.C.U.L.O.U.S! O.U.T.R.A.G.E.O.U.S! A.B.S.U.R.D!

What should we do then?

Keep in mind that our media war upon SPDC is not over yet.

From now on, I will blog in both Burmese and English to get the international involvement in our media war.

As I stated before, we will organize a media-campaign panel which will mostly include patriotic Burmese political activists.

We will not be subsidized by any political organizations. We are our own people. We do as we believe. We do politics not for our living but for others’ brighter future. Hearing that, some people might snort at us because many other people have already stated that.

We won’t care at all. We are different.

Why?

We are bloggers. We are freelance writers. We are literate youths.

We are young. We are energetic. We are united!

We have hope. We have courage. We have can-do attitude.

This is IT age and we, bloggers, are running at the top of the game. We will combine our effort together for the sole reason; topple the Junta down!

By this date, we declare an absolute media war upon S.P.D.C of Burma!!!

We, Burmese Bloggers, will keep on carrying out our historical tasks, come hell or high water!!!


…justice reigns when everyone gets what they deserve, whether good things or bad things, and things are unjust when people do not get what they deserve, whether good things or bad things….

(Republic, Plato)

Truly Yours,

Yan Aung.

မှားတတ်တဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းလေးများ (၁)


Common Mistakes in English

Adapt vs. Adopt

You can adopt a child or a custom or a law, in all of these cases you are making the object of the adoption your own, accepting it.

If you adapt something, you are changing it.

Adopt ဆိုတာ မွေးစားသည်လို့ အဓိပ္ပါယ်ရပြီးတော့ Adapt ကတော့ အဆင်ပြေအောင် ညှိယူသည်လို့ ဆိုလိုပါတယ်. Adopt လုပ်တဲ့အခါမှာ သင်ဟာ အဲဒီ့အရာကို ကိုယ်ပိုင်ဖြစ်အောင် လုပ်ယူလိုက်တာပါ. Adapt လုပ်ယူတာကျတော့ သင်က အဲဒီ့အရာနဲ့ကိုက်ညီအောင် မိမိကိုယ်ကို ပြောင်းလဲယူတာပါ.

လွယ်လွယ်မှတ်ရရင် မိမိက တစ်ခြားအရာကို ပြောင်းလဲရင် Adopt ဖြစ်ပြီးတော့ မိမိက တစ်ခြားအရာနဲ့တူအောင် လိုက်ပြောင်းလဲရင် Adapt ဖြစ်ပါတယ်.


Advance vs. Advanced

When you hear about something in advance, earlier than other people, you get advance notice or information.

Advanced means ‘complex, sophisticated, state-of-the-art’ and doesn’t necessarily have anything to do with the revealing of secrets.

Advance ဆိုတာက ကြိုတင်၍လို့ အဓိပ္ပါယ်ရပါတယ်. စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်တော့ Cash in Advance ဆိုတာ တင်ကြိုပေးငွေလို့ ဆိုလိုပါတယ်. စရန်ငွေသဘောမျိုးဖြစ်ပါတယ်.

Advanced ကျတော့ အဆင့်မြင့်သော၊ ခေတ်မီသောလို့ အဓိပ္ပါယ်ရပါတယ်. Advanced classes ဆိုရင် အဆင့်မြင့်တန်းတွေ ဖြစ်သွားပါတယ်. ဒီ Advanced ဟာ ခေတ်မီသော၊ လျှို့ဝှက်နက်နဲသော လို့ ဆိုလိုပေမယ့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တာနဲ့တော့ ဘာမှမပတ်သက်ပါဘူး. မရောထွေးမိပါစေနဲ့ခင်ဗျာ.


Advice vs. Advise

“Advice” is the noun, “advise” the verb. When U Kathika advises bloggers, he gives them advice.

Advice က အကြံဥာဏ်၊ Noun ဖြစ်ပါတယ်. Advise က အကြံပေးသည်၊ Verb ဖြစ်ပါတယ်. ဦးဦးကထိက ငယ်ငယ်ကတည်းက လွယ်လွယ်မှတ်ခဲ့တာကတော့ SE က Verb ထဲ ထိုးဆင်းနေတယ်လို့ပါ. မျက်စိထဲမှာ SE ကားလေး ဗွက်ထဲကို ခေါင်းစိုက်နေတဲ့ ပုံစံလေးမြင်လိုက်တာပေါ့. ယုတ္တိတော့ မရှိပါဘူး. ဒါပေမယ့် လုံးဝမမှားတော့ပါဘူး. မှတ်တတ်ဖို့ အကြံပေးတာပါ.


Backward vs. Backwards

As an adverb, either word will do: “put the shirt on backward” or “put the shirt on backwards.”

However, as an adjective, only “backward” will do: “a backward glance.” When in doubt, use “backward.”

Backward ရော Backwards ရော နှစ်ခုလုံးကို Adverb အနေနဲ့ သုံးရင် ကြိုက်သလိုသုံးနိုင်ပါတယ်. Adjective အနေနဲ့ သုံးမယ် ဆိုရင်တော့ Backward က အမှန်ပါ. မိမိကိုယ်ကို သိပ်မသေချာရင် ဘယ်နေရာပဲဖြစ်ဖြစ် Backward ကို သုံးတာက စိတ်အချရဆုံးပါပဲ.


Bazaar vs. Bizarre

A “bazaar” is a market where miscellaneous goods are sold.
“Bizarre” is an adjective meaning “strange”, “weird.”

Bazaar ဆိုတာကတော့ ကုန်ပစ္စည်းအခြောက်အခြမ်းမျိုးစုံ ၀ယ်ယူနိုင်တဲ့ ဈေးကြီးပါ. Bizarre ကတော့ ထူးဆန်းသော၊ ပုံမှန်မဟုတ်သော၊ အူကြောင်ကြောင်နိုင်သောလို့ အဓိပ္ပါယ်ရပါတယ်.
ဦးဦးကထိက နောက်ထပ် ဥပမာတစ်ခုပေးပါမယ်.

It is bizarre to go to the bazaar on my birthday.
ငါ့မွေးနေ့မှာ ဈေးကိုသွားရတာဟာ တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းပါတယ်ကွာ..


Belief vs. Believe

“Belief” is a noun. “Believe” is a verb.
Belief က Noun ပါ၊ ယုံကြည်ချက်လို့ အဓိပ္ပါယ်ရပါတယ်. Believe ကတော့ Verb ဖြစ်ပြီးတော့ ယုံကြည်သည်လို့ မှတ်ယူနိုင်ပါတယ်.


Calvary vs. Cavalry

“Calvary,” always capitalized, is the hill on which Jesus was crucified. It means “hill of skulls.”
Soldiers mounted on horseback are cavalry.

Calvary ဆိုတဲ့ စကားလုံးကို အမြဲတမ်း Capital letter နဲ့ ရေးရပါတယ်. Noun မို့လို့ပါ. သခင်ယေရှုကို ကားစင်တင်ခဲ့တဲ့ တောင်ကုန်းရဲ့ အမည်ပါ.

Cavalry ဆိုတာကလည်း Noun ပါပဲ. သူကတော့ မြင်းစီးစစ်သည်တော်တွေလို့ အဓိပ္ပါယ်ရပါတယ်.
(စကားချပ်။ ။ခြေလျင်တပ်သားကိုတော့ infantry လို့ ပြောပါတယ်)


Champaign vs. Champagne

Champaign is the name of a city and county in Illinois.
Champagne is a region of France which produces the sparkling wine of that name.

Champaign က အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်ထဲက မြို့တစ်မြို့နာမည်ပါ.
Champagne ကတော့ ပြင်သစ်နိုင်ငံက ဒေသတစ်ခုရဲ့ နာမည်ပါ. အဲဒီ့ဒေသကနေ ကမ္ဘာကျော် ရှန်ပိန်အရက်ကို ထုတ်လုပ်ပါတယ်.

ကဲ. ဥပမာလေးကို ကြည့်လိုက်ရအောင်လား

Champaign campaign to produce Champagne.

Champaign က လူတွေဟာ ရှန်ပိန်အရက်ထုတ်လုပ်ဖို့ တိုက်တွန်းနှိုးဆော်ကြပါတယ်. (campaign ဆိုတာကတော့ မဲဆွယ်စည်းရုံးတာကို ပြောတာပါ. မရောအောင် တမင်ထည့်ပေးထားတာပါ.)


Copywrite vs. Copyright

You can copyright writing, but you can also copyright a photograph or song. The word has to do with securing ‘rights.’ Thus, there is no such word as ‘copywritten’; it’s ‘copyrighted.’

Copywrite ဆိုတာမရှိပါဘူး. Copyright ဆိုတာပဲ ရှိပါတယ်. မူပိုင်ခွင့်ကို ပြောတာပါ. ဒါကြောင့်မို့ past tense ကို copywritten လို့ ရေးထားတာမျိုး မရှိပါဘူး. Copyrighted လို့ past tense ကို သတ်မှတ်ထားပါတယ်.

ရွှင်လန်းချမ်းမြေ့ကြပါစေ…

ရန်အောင်