Monday, April 02, 2012

အမေအို၏ အက....


သွားတွေက ကျိုးတို့ကျဲတဲ ဖြစ်နေခဲ့လည်း
အမေအိုရဲ့ အပြုံးတွေက သန့်စင်တယ်…
လက်ဖ၀ါးမှာ နံ့သာလိမ်းခြယ် မထားခဲ့လည်း
အမေအိုရဲ့ လက်ခုပ်သံ ရင်ထဲကလာတယ်…
ခြေလက်လှုပ်ရှား စည်းဝါးမကိုက်ညီခဲ့လည်း
"NLD နိုင်ပြီ"ဆိုတဲ့ ၀မ်းမြောက်စိတ်နဲ့ အမေအို ကတယ်…

6 comments:

Anonymous said...

နှစ်သက်ပါတယ် ကိုရန်အောင်ခင်ဗျား။ ပုံလေးနဲ့တွဲကြည့်လိုက်ရတာ ပိုအရသာရှိသွားတယ်။ ကျွန်တော်လဲ တစ်ပုဒ်တင်ထားတယ်။ စိတ်ထဲ ရေးချင်လွန်းလို့ ရေးချပစ်လိုက်တယ်။

Yan said...

>ဝေမိုးနိုင်... ဟုတ်တယ်ဗျာ. ကျွန်တော်လည်း ဒီပုံလေးကိုတွေ့လိုက်တဲ့ တခဏမှာ ရေးချချင်စိတ်လေး ဖြစ်သွားခဲ့တာ.. ကော်မန့်အတွက် ကျေးဇူး ဘရားသား...

Y.

ရွှေအိမ်စည် said...

မှတ်မှတ်ရရ...ဒီရန်ကုန်ကို အလုပ်ပြောင်းဖို့ သွားမယ့်နေ့..
ကားက ခုနှစ်နာရီ
စောကြီးထပြီး မဲ သွားပေးတာ အကိုရာ
မပေးဖြစ်လိုက်မှာဈုးလို့
ပြီး ရန်ကုန်ကနေ ပုသိမ်ကို အခြေအနေ လှမ်းမေးရတာ ဖုန်းကို ပူလို့ :)))

Yan said...

>Shwe Eain Si... အဲဒီ့လိုစိတ်ဓာတ်မျိုးရှိတဲ့ ပြည်သူတွေများလို့ NLD အောင်ပွဲခံနိုင်ခဲ့တာပေါ့ဗျာ.

ကိုယ်တိုင်မဲမပေးနိုင်ခဲ့ပေမယ့် ပေးသူတွေကိုယ်စား ကျေးဇူးညီမ...း)

kopaik said...

ဖတ်ပြီး စိတ်ထဲဘယ်လိုခံစားရတယ်ဆိုတာတောင် မပြောပြတတ်ဘူးဗျာ ... ပို့စ် အသစ်တွေလည်း ဆက်ဆက် တင်ပါဦး.. အားပေးနေပါတယ်ဗျာ

Yan said...

ကျေးဇူး ဘရားသား Ko Paik.