Monday, June 29, 2009

ပညာနှင့်တူသော အလင်းရောင်သည် မရှိ....

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော် စာမရေးဖြစ်တာ နည်းနည်းကြာသွားတယ်. စိတ်နည်းနည်းရှုပ်နေတာကို ရှင်းထုတ်နေတာနဲ့ အရှင်းလွန်ပြီး ဘလော့ဂ်ရေးမယ့် မုဒ်ကိုပါ ရှင်းမိသွားတယ်ဗျ. :) ကျွန်တော့်ရဲ့ စိတ်ဘက်ထရီလည်း ပြန်အားပြည့်လာပြီမို့ စာပြန်ဆက်ရေးဖြစ်ပါဦးမယ်.

လောလောဆယ် ကျွန်တော့်မှာ တာဝန်တစ်ချို့ ရှိနေတယ်. အဲဒါကို ကျွန်တော် အရင်ရှင်းပါရစေ...

ဒီနေရာမှာ ကိုဂျေဂျူဝိုင် တင်ထားတဲ့ ပို့စ်လေးကို မဖတ်ရသေးရင် ဖတ်ကြည့်ပေးပါ. အကြောင်းအရာကတော့ ဆရာတော် ဦးကောဝိဒရဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ အခမဲ့ ကွန်ပြူတာနည်းပညာ သင်တန်းများ အကြောင်းနဲ့ လိုအပ်နေတဲ့ ပစ္စည်းလေးတွေ အကြောင်းပါ.

ဆရာတော် ဦးကောဝိဒကို ကျွန်တော်သိခဲ့တာ၊ ရင်းနှီးခဲ့တာ သိပ်မကြာသေးပါဘူး. အွန်လိုင်းကနေပဲ တဆင့် သိခဲ့တာပါ. သိပ်ကို စေတနာပြည့်ဝကောင်းမွန်တဲ့ ရဟန်းပျိုတစ်ပါးဖြစ်ပါတယ်. လူတစ်ယောက်အကြောင်း (သို့) သံဃာတော်တစ်ပါးအကြောင်းကို ဘယ်လိုဘယ်ပုံ ဖြစ်ပါတယ်ဆိုပြီး အမွှန်းတင် ချီးကျူးပြောဆိုနေတာထက် သူ ဘာတွေ လုပ်ခဲ့တယ်၊ ဘယ်လိုတွေ အဆင်းရဲပင်ပန်းခံခဲ့တယ်၊ ဘယ်လိုတွေ ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာနဲ့ပဲ အကဲဖြတ်ရင်ကို လုံလောက်နေပါပြီ.

ဒီပို့စ်လေးကိုလည်း ဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်. ဆရာတော်အတွက် လိုအပ်နေတဲ့ ကုဋီ (အိမ်သာ)ကို လှူသွားပေးတဲ့ အလှူရှင် ဆရာတော်တစ်ပါး အကြောင်းဖြစ်ပါတယ်.

ဒါကတော့ နောက်ဆုံးရထားတဲ့ updated လိုအပ်ချက်လေးတွေပါ. စုပေါင်းစပ်ပေါင်းလှူသည်ဖြစ်စေ၊ အထွေထွေန၀ကမ္မအတွက် လှူသည်ဖြစ်စေ၊ လိုအပ်တဲ့ပစ္စည်းတစ်ခုလုံးကို တစ်ယောက်တည်းကပဲ တာဝန်ယူပြီး လှူသည်ဖြစ်စေ မိမိတို့ရဲ့ စေတနာ သဒ္ဒါတရားပြဋ္ဌာန်းသလောက် လှူနိုင်တန်းနိုင်ကြပါတယ်.

လာမယ့် ဇူလိုင် (၉)ရက်နေ့ဟာ ဆရာတော်ဦးကောဝိဒရဲ့ မွေးနေ့ပါ. အဲဒီ့အတွက် အမှီကျွန်တော်တို့ ပြည်တွင်းပြည်ပ ဘလော့ဂါများ၊ စာဖတ်သူများနှင့် စေတနာရှင် မိဘပြည်သူများက တတ်နိုင်သလောက် တစ်ပြားတစ်ချပ် နည်းသည်များသည်မဟူ ကူညီလှူဒါန်းရင်း ပညာဒါန ဖြည့်စွမ်းနိုင်ကြပါစေလို့ အများအကျိုးမျှော်ပြီး နှိုးဆော်လိုက်ရကြောင်းပါ ခင်ဗျား....

လှူဒါန်းလိုသူများ ဆက်သွယ်ရန်

၁။ ဦးကောဝိဒ (kovida9@gmail.com)
၂။ ပီကေ (pikay@myanmarbloggers.org)
၃။ ညီလင်းဆက် (http://blog.nyilynnseck.com)
၎။ မျက်လုံး (thethtoo@gmail.com)
၅။ မင်းယွန်းသစ် (minnyoonthit@gmail.com)
၆။ အရုပ်ကလေး (idulize@gmail.com)

ဘုန်းဘုန်းဆီ ပြည်တွင်းမှ လွှဲချင်သူများ အနေနဲ့ ဒီကိုလွှဲလို့ရပါတယ် ခင်ဗျာ။

မန္တလေး ရိုးမဘဏ် (ရတနာပုံ)၊
ဦးကောဝိဒ -၉/ပဥလ(သ)၀၀၀၅၂၆
ဦးရဲဝင်းနောင် 09-2028917

(ဒီအပေါ်က Contact list ကို ကိုပီကေပို့ပေးတဲ့ Bcc email ကနေတစ်ဆင့် ဖြတ်ညှပ်ယူပြီး ဖော်ပြထားတာ ဖြစ်ပါတယ်.)

လှူဒါန်းနိုင်သည့် လမ်းကြောင်းများ

(၁)ပြည်တွင်းတာဝန်ခံမှတဆင့် ငွေလွှဲခြင်း

နိုင်ငံစုံကနေ လှူဒါန်းကြမှာ ဖြစ်လို့ ပြည်တွင်းက တာဝန်ခံတွေအနေနဲ့ မိမိတို့ရဲ့ ဖုန်းနံပါတ်လေးတွေကို ထည့်သွင်းဖော်ပြထားပေးနိုင်မယ်ဆိုရင် ပိုကောင်းပါမယ်. ဒါမှ နယ်သာလန်က အလှူရှင်ကလည်း မိမိတို့ရဲ့ အဆက်အသွယ်နဲ့ ပြည်တွင်းကို ငွေလွှဲ၊ အဲဒီ့အဆက်အသွယ်က ပြည်တွင်းက တာဝန်ခံကို ဆက်သွယ်၊ တာဝန်ခံကနေတဆင့် မန္တလေးကို လွှဲရုံပါပဲ. အဲဒီ့အတွက် ဘယ်သူတာဝန်ခံမလဲဆိုတာ ကျွန်တော် ပြည်တွင်းကို အကူအညီတောင်းထားပါတယ်. သိတာနဲ့ ဖော်ပြပေးပါမယ်.

(၂)မိမိတို့ အိမ်သားများမှတဆင့် တိုက်ရိုက်ငွေလွှဲခြင်း

နိုင်ငံခြားကနေ ကိုယ့်အိမ်ကို ခါတိုင်းငွေလွှဲသလိုပဲ လွှဲပေးပါ. အိမ်က မိသားစုကတဆင့် မန္တလေးကို လွှဲပေးပါ.

အလှူရှင်တွေရဲ့ စာရင်းတွေကို ကိုဂျေဂျူဝိုင်ရဲ့ ဘလော့ဂ်နဲ့ မ၀ါဝါခိုင်မင်းတို့ရဲ့ ဘလော့ဂ်များမှာ ဖော်ပြပေးထားပါတယ်. Update ရလာသမျှကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ.

သီးသန့်မေးမြန်းစုံစမ်းလိုသူများအနေနဲ့ aungyan@gmail.com ကို စာရေးမေးမြန်းနိုင်ပါတယ်. Subject Title ကို Donation FAQ လို့တပ်ပေးပါခင်ဗျာ.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ခင်မင်လေးစားလျက်

ရန်အောင်

3 comments:

thandar kyaw said...

ပြန်ရေးပြီဆိုတော့ ၀မ်းသာတယ်

Anonymous said...

ကျွန်တော်တော့ ပြည်တွင်းအိမ်ကနေ တစ်ဆင့် လှူဒါန်းဖို့ ကြိုးစားပါ့မယ် ... ဒီက လွှဲဖို့ အဆင်မပြေလို့ ... ဘုန်းဘုန်းဆီ တိုက်ရိုက်လွှဲလို့ ရမယ့် လင့်လေး ပေးတာ ကျေးဇူးပါ ..
နေဒေးသစ်။

Dr. Yi Yi Win said...

မင်္ဂလာပါ မောင်ရန်။ ကလေးတွေပုံမှာ မှတ်ချက်လာရေးသွားလို့ ကျေးဇူး။
ဒါနဲ့ ဦးဇင်းကို ဦးရဲဝင်းနောင်ကနေတဆင့် အစ်မလည်း လှူလိုက်ပါတယ်။ ဒီပို့စ်ကိုတွေ့ တွေ့ ချင်းပဲ။ ဦးဇင်းက အစ်မလိပ်စာမေးထားတာ ပြန်မပြောရသေးဘူး။ မောင်ရန်နဲ့ ပြောဖြစ်လို့ ကြုံရင်ပြောပေးပါ။ ယုဝရီ၊ မန္တလေး ဆိုရင်ရပါတယ်လို့ ။
ကျန်းမာ ချမ်းသာပါစေ။