Friday, April 03, 2009

ဒယ်ပို့စ် အိုင်လိုက်ခ်ဘက်စ် အွန်မိုင်ဘလော့ဂ်

ကိုရင်နော်နဲ့မခင်လေးငယ်က ကျွန်တော့်ကို တက်ဂ်ပါတယ်. ရေးခဲ့ပြီးသမျှထဲမှာ အကြိုက်ဆုံးနဲ့ စာဖတ်သူကို ဒုတိယမ္ပိ ပြန်ဖတ်စေချင်တဲ့ ပို့စ်လေးတစ်ခုလောက် ရွေးထုတ်ပေးပါတဲ့...

အင်း... သူကတော့ ပြောလိုက်တာပဲ. အလွယ်ဆုံးတက်ဂ်ပို့စ်တဲ့... ကိုယ့်မှာသာခက်နေတာ.

ဘလော့ဂ်ပေါ်မှာတင်ကတည်းကိုက ကြိုက်လို့တင်တာဆိုတော့ ကြိုက်တာရွေးပါဆိုရင် ကျန်ခဲ့တဲ့ other post လေးတွေကို အားနာစရာ. ရွေးရခက်ကြီးဖြစ်နေတာပေါ့ဗျာ.

ဒါပေမယ့် စေ့စေ့လေးတွေးလိုက်တယ်. ရေးရေးလေးပေါ်လာတယ်. ရေးရေးလေးဆက်တွေးလိုက်တယ်. (တစ်ခါတည်း အစအနကိုပျောက်သွားရော... ) ဟတ်ဟတ်... နောက်တာပါ.

တွေးရင်းတွေးရင်းနဲ့မှ တစ်ညတည်းနဲ့ ကျွန်တော်အပြီးထိုင်ရေးခဲ့တဲ့ ပို့စ်အရှည်ကြီးတစ်ခုကို သွားသတိရမိလိုက်တယ်. ညအစောပိုင်းကတည်းကရေးလိုက်တာ မနက် ၃ နာရီထိုးမှ ပြီးတဲ့ပို့စ်ပေါ့. ရေးခဲ့တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ဧပြီ (၇) ရက်၊ ၂၀၀၇ တဲ့. လွန်ခဲ့တဲ့ နှစ်နှစ် ဒီလိုအချိန်လောက်ကပဲပေါ့ဗျာ.

ဝမ်းသာစရာကောင်းတာက အဲဒီ့ပို့စ်လေးကို ကျွန်တော် အရမ်းဈာန်ဝင်ပြီး ရေးခဲ့တာပါ.

ဝမ်းနည်းစရာကောင်းတာကတော့ စာဖတ်သူတွေ သိပ်နားလည်ကြပုံမပေါ်ဘူး... :)

ဘာပဲဖြစ်ဖြစ်ပါ. ကျွန်တော်အကြိုက်ဆုံးပို့စ်ရွေးပါဆိုရင် ဒီပို့စ်လေးကိုပဲ ရွေးဖြစ်ပါမယ်. လူကြိုက်များတဲ့ပို့စ်၊ ကော်မန့်တွေ အများကြီးရတဲ့ပို့စ်၊ မဂ္ဂဇင်းမှာ ဖော်ပြခံရဖူးတဲ့ ပို့စ်တစ်ချို့ရှိပါတယ်. ဒါပေမယ့် ဒီပို့စ်လေးလောက် ကျွန်တော့်ဘ၀နဲ့ ယုံကြည်ချက်တွေကို မထင်ဟပ်စေနိုင်ပါဘူး...

ကဲ. စကားချီးနဲ့တင် ပို့စ်တစ်ခုဖြစ်ရော့မယ်. ကျွန်တော်ပြောတဲ့ ပို့စ်လေးကို ဒီနေရာမှာပဲ သွားပြန်ဖတ်စေချင်ပါတယ်ခင်ဗျာ.

အားလုံးကိုချစ်ခင်လေးစားလျက်

ရန်အောင်..

4 comments:

ကိုရင်နော်ခင်လေးငယ် said...

အကိုရန်အောင်..

ရင်မှလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်..

အကိုပြန်ဖတ်စေချင်တဲ့ post လေးကို အစအဆုံး
တစ်ကြောင်းချင်း ခံစားရင်း လေးလေးနက်နက်
ပြန်ဖတ်မိတယ်....

အတွေးတွေအများကြီးကို တစ်ထိုင်ထဲ တွေးမိတော့တာပါပဲ...

ညရယ်.. လမင်းရယ်.. စမ်းချောင်းလေးရယ်ကတော့ ပုံမှန်...
တိတ်ဆိတ် ထွန်းလင်း စီးဆင်းနေမြဲ....

ကျွန်တော် ကျွန်မတို့တတွေလည်း
လောကနိယာမတွေကို တိတ်ဆိတ်ခြင်းနဲ့
မြင့်မြတ်စွာ ကျင့်ကြံအားထုတ် နှလုံးမူဖို့..
... ... ... ... ...

လေးစားခင်မင် ချစ်ခြင်းအားဖြင့်..

ကိုရင်.. ခင်လေး.. ကလေးလေး..

ကိုရင်ညိန်း said...

ခေါင်းစဉ်ကြည့်ပြီး ထင်လိုက်ပါတယ် ။
ဒီလိုပါပဲ ဒါရိုက်တာရန်ရယ် ။ ကျုပ်ကတော့
စမ်းချောင်းထဲ ရေဆင်းချိုးတာ အရမ်းအေးလာလို့
ပြန်အော်ခဲ့မယ် ။
အိုင်ဟုတ်လိုက်သစ္စပို့စ် (ထ) :P
အဟေးဟေး
အဆင်ပြေပျော်ရွှင်ပါစေဗျို့

Rita said...

:)

မသက်ဇင် said...

“ကိုယ့်ဘ၀မှာ ကောင်းတာတွေ ဖြစ်လာဖို့ ကိုယ်ကိုယ်တိုင်က တာဝန်ယူပြီး မလုပ်ဘဲနဲ့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး…”

အလွန်ကောင်း--တော်တော်ကောင်း---------
အများကြီးတွေးသွားပါတယ်--ကိုရန်--
ဘယ်နှစ်ကြိမ်ဖတ်ဖတ်--မဝပါဘူး--
ကိုရင်နော် ခင်လေးငယ်တို့ကိုလည်းကျေးဇူးတင်ပါတယ်--