Sunday, December 07, 2008

You Raise Me Up - Celtic Woman

Youtube မှာ ခရစ်စမတ်သီချင်းတွေ လိုက်နားထောင်နေရင်းနဲ့ ဒီ Orchestra လေးကို တွေ့ခဲ့ရတယ်. သူတို့ရဲ့သီချင်းတွေကို ဆက်တိုက်လိုက်ကြည့်ဖြစ်ရင်းက ကျွန်တော် နှစ်သက်တဲ့ သီချင်းလေး သုံးပုဒ်ကို တင်ပေးလိုက်ပါတယ်.

သီချင်းသံစဉ် ဖွဲ့စည်းပုံ၊ သီဆိုတင်ဆက်ပုံ၊ ဘယ်သံညာသံ ညီညာလှပပုံလေးတွေက သီချင်းဆိုနေတဲ့ မိန်းကလေးတွေကို နတ်သမီးလေးတွေများလားလို့ ထင်မှတ်ရစေလောက်အောင် နှစ်ခြိုက်စေပါတယ်.

ကျွန်တော်အကြိုက်ဆုံးကတော့ You Raise Me Up ဆိုတဲ့ သီချင်းလေးပါပဲ. စာသားလေးပါ ဖော်ပြပေးလိုက်ပါတယ်.

သီချင်း Tempo လေးက ဖြည်းဖြည်းနှေးနှေးလေး သွားနေရာကနေ သံစုံတီးဝိုင်းကြီးက ဖြည်းဖြည်းချင်း နေရာဝင်ယူလာပြီး နောက်ဆုံးမှာ သံပြိုင်တီးမှုတ်သီဆိုလိုက်တာ နားထောင်နေတဲ့သူတောင် ကြက်သီးတွေ တဖျန်းဖျန်းထသွားစေပါတယ်. တော်တော်လေးကို သပ်ရပ်လှပတဲ့ အဆိုအတီးပညာရှင်တွေပါပဲ...


When I am down and, oh my soul, so weary;
When troubles come and my heart burdened be;
Then, I am still and wait here in the silence,
Until you come and sit awhile with me.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up: To more than I can be.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up: To more than I can be.

There is no life - no life without its hunger;
Each restless heart beats so imperfectly;
But when you come and I am filled with wonder,
Sometimes, I think I glimpse eternity.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up: To more than I can be.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up: To more than I can be.

You Raise Me Up



Christmas Pipes



Spanish Lady



6 comments:

ကိုရင်ညိန်း said...

သံစုံတီးဝိုင်းကို အပြင်မှာတစ်ခါပဲ နားထောင်ဖူးတယ် ။
ဒါရိုက်တာရန်ပြောသလို ကြက်သီး တဖျန်းဖျန်း ထတာထက်အပြင် ရင်ဘတ်ထဲကပါ တလှပ်လှပ် ဖြစ်လာတာကလားဗျ ။ အဟေးဟေး

WWKM said...

ကြက်တီးဖြန်းဖြန်းထတယ်ဆိုလို့ ကြည့်လိုက်ဦးမယ်..ဟဟ.
ကိုရင်ညိန်း က ရင်ဘတ်ထဲကပါ တလှပ်လှပ်ဖြစ်လာ
တယ်ဆိုပါလား။ ဟဟား
ခိုရဲကာရ မိတဲမိမတ်စ်.း)

လင်းလက်ကြယ်စင် said...

အရမ်းကို ကောင်းပါပေတယ်။ You Raise Me Up သီချင်းကို အကြိုက်ဆုံးပဲ။ စီစဉ်ပုံ ၊ တီးခတ်ပုံ ၊ သီဆိုပုံအားလုံး တော်တော်သေသပ်လှပတယ်။ ဒါမျိုး တစ်ခါမှ ရှာမကြည့်ဖူးဘူး.။ အခုမှ ကြည့်ဖူးတယ်။ တကယ်လည်း အံ့သြမိတယ်။ သိပ်တော်တဲ့ အနုပညာရှင်တွေကို လေးစားအားကျမိပါတယ်။ Share ပေးတာ ကျေးဇူး ကိုရန်အောင် :)

ကေကေ said...

thks for ur sharing songs..

Apprenticeship said...

This is one of my favorite gospel songs. Many thanks for sharing. Joyful Christmas to you :)

မသက်ဇင် said...

ကိုရန်အောင်ရေ---
တကယ်ပဲ ရင်တွေ တလှပ်လှပ် ဖြစ်သွားတယ်-
ဝေငှပေးတာကျေးဇူးပါနော်--
အရမ်းကောင်းပါတယ်ရှင်---
နောက်တခုက--မာနကြီးသွားပြီပေါ့နော်----
လို့ပြောသွားတာ မကျေနပ်ဘူး--ဟွန်းးးးးးးးးးးး