Thursday, July 12, 2007

Slow Motion Peekaboo ပို့စ်လေးအကြောင်း... (ထပ်မံဖြည့်စွက်ထားပါသည်)


ဘလော့ဂါတွေ တော်တော်များများကတော့ မိမိတို့ရဲ့ ဘလော့ဂ်ပို့စ်လေးတွေကို ခေါက်သိမ်းထားပြီး Read More တို့၊ Expand တို့၊ ဆက်ဖတ်ရန် တို့၊ ကျန်သေးတယ်နော် တို့ စသည်ဖြင့် ပေးထားတတ်ကြပါတယ်. အဲဒါလေးကို ခေါက်လိုက်မှ သိမ်းထားတဲ့ ပို့စ်လေးက ဘွားခနဲ ပြုတ်ကျလာတတ်တယ်လေ. ဒီလို လုပ်ထားခြင်းအားဖြင့် မိမိတို့ရဲ့ ဘလော့ဂ်လေးက ပိုပြီးသပ်ရပ်လာသလို လာဖတ်သူတွေကလည်း မျက်စိရှင်းတယ်လို့ မြင်ပါတယ်. အဲဒါကို Peekaboo ပို့စ်လုပ်တယ်လို့ ခေါ်ပါတယ်ခင်ဗျာ. ဒါကတော့ မသိသေးသူများအတွက် ရှင်းလင်းပြပေးတာပါ.

Peekaboo ပို့စ်လုပ်နည်းကို ဒီနေရာမှာ ရေးခဲ့ပြီးပါပြီ. ခုပြောမှာကတော့ အဲဒီ့ပို့စ်လေးတွေကို Click ခေါက်လိုက်ရင် Fade in ပုံစံ Slow Motion လေး ပေါ်လာပြီးတော့ ပြန်ပိတ်လိုက်ရင် Fade out ပုံစံလေး ဖြည်းဖြည်းလေး ပြန်ပိတ်သွားအောင် လုပ်တဲ့နည်းပါ. ဒါကြောင့် ဒီပို့စ်ကို Slow Motion Peekaboo ပို့စ်လုပ်နည်းလို့ အမည်ပေးထားတာပါ.

ကဲ စလိုက်ကြရအောင်လားဗျာ….

အဆင့် (၁)

<script src='http://www.anniyalogam.com/widgets/hackosphere.js'
type='text/javascript' />

လို့ </head> Tag မပိတ်ခင်လေးနားမှာ ထည့်ရေးပေးခဲ့တာ မှတ်မိမှာပါ. ခုအဲဒီ့လင့်ခ်က အလုပ်မလုပ်တော့ဘူး. ကျွန်တော်အသစ်ပေးထားတဲ့ လင့်ခ်ကို ထည့်ထားသူများကတော့

<script src="http://theseandthose.googlepages.com/hackosphere.js"
type="text/javascript" />

ဆိုတာလေးကို ပြန်ရှာပါ. Ramani ရဲ့ Googlepages လင့်ခ်ကို သုံးထားသူ များကတော့

<script src="http://rarunach.googlepages.com/hackosphere.js"
type="text/javascript" />

ဆိုတဲ့ စာကြောင်းလေးကို ရှာပါခင်ဗျာ.

(စကားချပ်။ ။ Coding လေးတွေကို အလွယ်ကူဆုံး ရှာတွေ့ချင်ရင်ပဲ ဖြစ်ဖြစ်၊ ပြင်ချင်ရင်ပဲ ဖြစ်ဖြစ် အကောင်းဆုံးနည်းကတော့ Microsoft Word (သို့) NotePad ထဲမှာ Template တစ်ခုလုံးကို ကော်ပီကူးပြီး ပြင်ပါ. ရှာချင်တာကို Ctrl+F နှိပ်ပြီး Keyword လေးကို ရိုက်ထည့်ရှာပါ. အချိန်ကုန်သက်သာပြီး လုပ်ရတာလည်း ပိုအဆင်ပြေတာ တွေ့ရပါလိမ့်မယ်. Template ကို ကော်ပီမကူးခင် Expand Widget ဆိုတဲ့ Box လေးကို Tick လုပ်ပြီးမှ ကူးဖို့ ထပ်မံသတိပေးလိုပါတယ်)

ကဲ. တွေ့ပြီပေါ့ဗျာ. နော်
အဲဒါကိုတွေ့ရင် ဖျက်ပစ်ပြီးတော့ ဒါလေးနဲ့ အစားထိုးလိုက်ပါ.

<script type='text/javascript' src=
'http://theseandthose.googlepages.com/prototype.js'/>
<script type='text/javascript' src=
'http://theseandthose.googlepages.com/scriptaculous.js?load=effects'/>
<script type='text/javascript' src=
'http://theseandthose.googlepages.com/hackosphere.js'/>
<script type='text/javascript'>
var fade = true;
var peekaboo_bgcolor = '#ffffff';
</script>


အဆင့် (၂)

<div class='post-body'>
<b:if cond='data:blog.pageType == "item"'>
<p><data:post.body/></p>
<b:else/>
<style>#fullpost {display:none;}</style>
<p><data:post.body/></p>

ဆိုတာလေးကို ဆက်ရှာပါ. အနီရောင်ပြထားတဲ့ Coding လေးကို တစ်ကြောင်းလုံး ဖျက်ပစ်လိုက်ပါ. Template ကို Save လုပ်လို့ ရပါပြီ. ကဲ. အဆင့် (၃) ကို မသွားခင် ဘာထူးခြားမလဲ ဆိုတာလေးကို ကြည့်လိုက်ကြရအောင်. Template ကိုကူးယူထားတဲ့ Word/Notepad ဖိုင်လေးကို ခဏဖွင့်ထားခဲ့ပါနော်. မပိတ်ပစ်လိုက်ပါနဲ့ဦး. မူရင်း Template ကိုသာ Save လုပ်ပစ်ဖို့ ပြောတာပါ. အစမ်းကြည့်လို့ရအောင်လို့လေ. ကဲ. Save ပြီနော်. ဘလော့ဂ်ကို ပြန်ဖွင့် ကြည့်လိုက်ရအောင်..

ပုံမှန်အတိုင်းပါပဲ. Read More ဆိုတာလေးကို Click ခေါက်လိုက်ရင် ဒီတစ်ခါကျတော့ ပို့စ်လေးက ဖြည်းဖြည်းလေး ကျလာတာကို တွေ့ရပါလိမ့်မယ်. ရင်ခုန်သွားပြီပေါ့. ဟုတ်တယ်ဟုတ်..

ဟိုးထားဆရာ…

မပြီးသေးဘူးဗျ.

ကိုကိုမမတို့ရဲ့ ပြုတ်ကျလာတဲ့ ဘလော့ဂ်ပို့စ်လေးတွေက Background Color မှာ အဖြူရောင်ဖြစ်နေတာကို တွေ့ရလိမ့်မယ်. ကိုယ့်ဘလော့ဂ်က နဂိုကတည်းကမှ အဖြူရောင် နောက်ခံနဲ့ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့ဗျာ. တကယ်လို့များ တစ်ခြားအရောင်တွေသာ နောက်ခံဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီပို့စ်ရေးတဲ့ ကိုရန်အောင် ကြီးကို မေတ္တာပို့နေကြတော့မှာ မြင်ယောင်ပါသေးတယ်..

အားပါး ခေါင်းတွေတော့ ရမ်းနေကြပြီဗျ.

Peekaboo ကိုမှ ကြိုက်တယ်ဆိုတဲ့ ပရိတ်သတ်ရေ..
ဒီပို့စ်ကိုဖတ်ပြီး ခေါင်းလေး ဘယ်ညာလှုပ်ခတ်နေ…
ညောင်းပြီဆိုရင်ရပ်.. ညောင်းပြီဆိုရင်ရပ်..
ခင်ဗျားပုံစံကြည့်ရတာ မူးမိုက်နေပြီမှတ်
ကြိုက်တဲ့အချိန်လေ့လာပါ ဟောဒီ့ Hack တွေမထပ်
ခင်ဗျားတို့လာဖတ်ပြီးရင် ကိုယ့် Template ကို Hack
ပရိသတ်နောက်ကိုလိုက် သီချင်းတွေစွတ်တင်လိုက်
ဒါပေမယ့် ခင်ဗျားရဲ့ဘလော့ဂ်က ဘာအတွေးအခေါ်မှ မရှိုခိုက်
ခဏခဏပို့စ်မတင်ပြန်ရင်လည်း လာဖတ်သူတွေကမကြိုက်
ဒါပေမယ့် ပို့စ်ကောင်းရေးဖို့ အငိုလွယ်ပေမယ့် အခက်ရှိုက်
ဒီလိုမျိုး ပို့စ်တွေတင်ပြီး ဘလော့ဂ် Hack လိုက်
ဒါဆိုရင် ရှုပ်ပါတယ် ခုပြောစမ်း.. ဟိုက်..

ခုဖတ်နေတဲ့ပို့စ်က မနေ့က ပို့စ်ထက်ကောင်းတယ်
မနက်ဖြန်တင်မယ့်ပို့စ်က ဒီနေ့ပို့စ်ထက်ကောင်းမယ်
တောင်ကြီးကလာတဲ့ တေးရေး ကိုအယ်လ်ဖြူကပြောတယ်
အဟောင်းကြီးတော့ မလုပ်ကြနဲ့ အားလုံးကပျင်းတယ်.

လိုချင်တဲ့ပို့စ်အသစ်တစ်ခု လောလောဆယ် ကျွန်တော်ပေးမယ်
ရော့ ယူပါ အသစ်ကွယ် ခင်ဗျားမပြင်ရင်တော့ ဘယ်ရမလဲ..

အိုး..အိုး..အိုး..အိုး..


အာ.. ဆောရီးဗျာ. နည်းနည်းလွတ်သွားတယ်. ခုတလော ရန်အောင်ရယ် ရန်ရန်ချမ်းရယ် ဂျေမီရယ် Rap ဖြစ်နေလို့ဗျ.

ဟတ်ဟတ်ဟတ်

ကဲ ဆက်ပြောမယ်နော်.

Template ကို ပြင်ဖို့ ကူးယူထားတဲ့ Ms Word/Notepad ထဲကို ပြန်ဝင်. ခုနက Peekaboo Post အတွက် ပြင်ရေးထားတဲ့ Coding လေးထဲက နောက်ဆုံးလိုင်းလေးကို ကြည့်ပါ.

var peekaboo_bgcolor = '#ffffff';

ဆိုပြီးတွေ့ပြီနော်.

ဟုတ်ပြီ. အဲဒီ့ ကာလာကုဒ်ကို ပြောင်းပေးဖို့ လိုတယ်ဗျ. ကိုယ့်ဘလော့ဂ် Background ရဲ့ ကာလာကုဒ်အတိုင်း ဖြစ်ဖို့ဘာလုပ်ရမလဲ. လွယ်ပါတယ် Font and Color ထဲကို သွားပြီး သူ့ရဲ့ ကာလာကုဒ်ကို တသွေမတိမ်းကူးချခဲ့ပေါ့. ဘယ်လိုသွားရမလဲ မသိသေးသူများ ဆက်လက်ရှုစားပါ ခင်ဗျာ.

Template Tab ထဲက Font and Color ကိုသွားပါ. အဲဒီ့မှာ Main Background Color ဆိုတာလေးကို Click ခေါက်လိုက်ပါ. ပြီးရင် သူနဲ့တစ်တန်းတည်းက ညာဘက်နားလေးကို လှမ်းကြည့်လိုက်ပါ. Edit Color Hex Code ဆိုတာလေးကို တွေ့ပါလိမ့်မယ်. အဲဒီ့ Box လေးထဲက ကာလာကုဒ်လေးကို ကူးယူခဲ့ပါ. ပြီးရင်တော့ ခုနက အပေါ်မှာ ရေးပေးခဲ့တဲ့ #ffffff ဆိုတဲ့ နေရာလေးမှာ ပြန်အစားသွင်း ပေးလိုက်ရင် ကိုယ့်ဘလော့ဂ်က Background color အတိုင်း ပို့စ်လေးတွေ ပေါ်လာပါလိမ့်မယ် ခင်ဗျာ.

ဒါကတော့ Ramani ပြောထားတာကို ထပ်မံဖြည့်စွက် ရေးသားထားတာပါ. အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ.

ဒီနေရာ က ပို့စ်ကို သင့်တော်သလို ဘာသာပြန်ရေးပေးထားပါတယ်…

ထပ်မံဖြည့်စွက်ချက်

Slow Motion ပို့စ်လေးလုပ်တာ မပေါ်ဘူးဆိုသူတွေ အတွက် Ramani ရဲ့ Coding တွေကို ကျွန်တော် ထပ်ပြီး Hack ကြည့်ပါတယ်. ဘလော့ဂါတွေမှာက တန်းပလိတ် အမျိုးမျိုး သုံးထားကြတာ တွေ့ရပြီး တစ်ချို့တန်းပလိတ်တွေမှာ ဆိုရင် Main Background Color နဲ့ Template Color နဲ့တောင် မတူချင်ကြပါဘူး. တစ်ချို့ကတော့ Background Picture လေးတွေ တင်ထားကြသေးတယ်. ဒီတော့ Peekaboo ပို့စ်လေးတွေက Slow Motion မပေါ်တော့ဘူးပေါ့

ပေါ်အောင် ကာလာလေးတွေ တူအောင် လိုက်ပြောင်းဖို့ ပြောခဲ့ပြီးပြီနော်. နောက်တစ်မျိုးကတော့ သူ့ရဲ့ နောက်ဆုံး Coding လိုင်းလေး ဖြစ်တဲ့

var peekaboo_bgcolor = '#ffffff';

ဆိုတာလေးမှာ ဒီလိုလေး ပြန်ရိုက်ထည့်ပေးပါ.

var peekaboo_bgcolor = '';

အဲဒါက တကယ်တော့ Blank ပေးလိုက်တဲ့ သဘောပါပဲ. ဒီတစ်ကြောင်းလုံး ဖျက်ပစ်လိုက်တော့ ဘာဖြစ်မှာလဲလို့ တွေးကြည့်မနေပါနဲ့ဦးနော်. အလုပ်မလုပ် တော့ပါဘူး. မယုံရင် စမ်းကြည့်ပါ. ကာလာအရောင်က ပေါ်မြဲပေါ်နေပါလိမ့်မယ်.

Note:

ညလေးနဲ့ မဂျစ်တူးရေ… ဒီတိုင်းလေး စမ်းကြည့်ပါ. ရပါလိမ့်မယ်. မရရင် ပြန်ပြောပါ. မအိမ့်ချမ်းမြေ့ရဲ့ ကဗျာဘလော့ဂ်အတွက်တော့ စမ်းပေးခဲ့တယ်. အောင်မြင်ပါတယ်.

အားလုံးပဲ အဆင်ပြေကြပါစေဗျာ….


7 comments:

s0wha1 said...

ကျေးဇူးပါ ခင်ဗျာ...အိုကေသွားပါပြီ...ဟဲ

Anonymous said...

ဘလောဂါတွေအားလုံးတွက် အချိန်ယူပြင်ဆင်ပေးတဲ့ ကိုရန့်ကို ကျေးဇူးပါ..

Anonymous said...

mg yan yay... i truly appreciate this post!! :)

NLS said...

Ko Yan Aung

Can you help me to put that coding in my blog? Cuz I can not use net regularly and afraid to lost some data. I'll send my recent code to you if you help me bro.

Rgd,

NLS

s0wha1 said...

ကိုရန်ရေ...slow motion peekaboo တွေ့ အလုပ်မလုပ်တော့ဘူး။ မနက်ကအကောင်း၊ ခုညနေမှ ဖြစ်သွားတာ။ ညီမဘလော့ဂ်ရြေ၊ ညီမလုပ်ပေးထားတဲ့ အန်တီငြိမ်းတို့၊ အန်တီခင်တို့ဘလော့ဂ်ရော...ဟီး...

s0wha1 said...
This comment has been removed by the author.
Yan said...

>NLS... ရပါတယ် ကိုညီလင်းဆက်.. Template ကိုသာ ပို့ပေးလိုက်ပါ. ကျွန်တော် Coding လေးတွေ ထည့်ပြီး ပြန်ပို့ပေးလိုက်ပါမယ်. ကိုညီလင်းဆက် Online လာတဲ့နေ့မှ တစ်ခါတည်း ကောက်ထည့်လိုက်ရုံပါပဲ ခင်ဗျာ…

>s0wha1... အားလုံး အလုပ်လုပ်ပါတယ်. ကျွန်တော် ထပ်ကြည့်ပေးပြီးသွားပြီဗျ. မမေငြိမ်း၊ မခင်မင်းဇော်၊ မပန်ဒိုရာ၊ မအိမ့်ချမ်းမြေ့၊ မဂျစ်တူး... အကုန်လုံး အိုကေကြပါတယ်. ဆိုးဝှက်လေးရဲ့ ဘလော့ဂ်လည်း အိုကေနေပါတယ်. မရသေးဘူးဆိုရင်လည်း ထပ်ပြောပါ. ပြန်ကြည့်ပေးပါမယ်...

>မလုပ်ရသေးတဲ့သူများကိုလည်း ကြိုးစားကြည့်ကြဖို့ တိုက်တွန်းပါတယ်. အဆင်မပြေတာလေးတွေရှိရင်လည်း ပြန်ပြောကြပါ.

အားလုံးကို ခင်မင်လေးစားလျက်

ရန်အောင်