Thursday, July 12, 2007

Peekaboo Post သုံးသူများ သတိထား...


Blogger များအားလုံးကို တစ်ခု သတိပေးစရာ ရှိလို့ပါ.လောလောဆယ်မှာ Peekaboo ပို့စ်တွေ အလုပ်လုပ်မှာ မဟုတ်သေးပါဘူး. ဘာလို့လဲဆိုတော့ Peekaboo ပို့စ်လေးတွေကို Hack လုပ်နည်း ရေးပေးခဲ့တဲ့ Ramani က သူ့ရဲ့ Hosting Site ကို ပြောင်းဖို့ စိုင်းပြင်းနေလို့ပါပဲ. Site အသစ်နာမည်က http://bvibes.com/ ဖြစ်ပါတယ်. ဒါကြောင့် သူရေးခဲ့တဲ့ Hack တွေရဲ့ Anniyalogam.com နေရာတွေမှာ အသစ်လုပ်လိုက်တဲ့ site နာမည်ကို ပြောင်းထည့်ပေးဖို့ အကြံပြုထားပါတယ်.

ကျွန်တော်တို့ ထည့်ထားတဲ့ Coding မှာက

'http://www.anniyalogam.com/widgets/hackosphere.js' လို့ <head>
မပိတ်ခင်နားလေးမှာ ထည့်ထားခဲ့ပါတယ်. အဲဒါကို အောက်ပါအတိုင်း ပြောင်းကြည့်ပါတယ်

'http://bvibes.com/hackosphere/widgets/hackosphere.js'

အလုပ်မလုပ်ပါဘူး ဟတ်ဟတ်ဟတ်... သူပေးတဲ့ Site ကို ၀င်ကြည့်တော့လည်း 404 ကြီးနဲ့တွေ့လာတယ်ဗျ. ဩော်. ဘာမှ မရှိရင် ပြတတ်တဲ့ Error လေ. သိတယ်မလား. ဂဏန်းပေးတာတော့ မဟုတ်ပါဘူး. ထိုးချင်လည်း ထိုးကြပေါ့ဗျာ.

အဲဒါကြောင့် သူ့ရဲ့ Blog မှာ ကော်မန့်ရေးပြီး ကျွန်တော်ဝင်အော်ခဲ့ပါတယ်. သူ့ရဲ့ ကော်မန့်ကို ပြန်စောင့်ဦးမယ်ဗျာ. လောလောဆယ်မှာ ဘလော့ဂါများအနေနဲ့ PeekaBoo ပို့စ်ပုံစံ မရေးဘဲ အရင်အတိုင်းပဲ ဖြန့်ပြီး ရေးကြပါလို့ အကြံပေးပါရစေ. နောက်ပိုင်း ပြင်ပြီးသွားရင်တော့ ကိုယ့်ရဲ့ ပို့စ်လေးတွေကို ပြန်ပြီး update လိုက်လုပ်ရုံပဲပေါ့ဗျာ. ဟုတ်ဘူးလား…

If you want to see my comment at Ramani’s blog, check this link!

Ramani's Blog

တစ်ရက်နှစ်ရက်လောက် ထပ်စောင့်ပေးပါ. Ramani က သူ့ဘလော့ဂ်ကို မကြာခဏ ၀င်စစ်ဖြစ်မှာပါ. ဒီတစ်ပါတ် ဒီကောင် Party တက်စရာလည်း မရှိဘူးတဲ့ Hosting Site အသစ်အတွက် ပိုက်ပိုက်စုနေတယ် ကြားတာပဲ.

lol

Anniyalogam ကို ဆက်သုံးဖြစ်ဖို့ သူ့ကို တိုက်တွန်းနေကြတာတွေလည်း ဖတ်ရပါတယ်. ဆက်သုံးဖြစ်မယ်ဆိုရင်တော့ ဘာမှ ပြင်စရာ မလိုတော့ပါဘူး. ဒီတိုင်းပဲ ထားလိုက်ပါ. အိုကေသွားပါလိမ့်မယ်. ဘလော့ဂ်ကြီး ပျက်သွားပြီထင်ပြီး မှိုင်တွေနေကြသူများ စိတ်အေးချမ်းသာ ရှိကြပါစေဗျာ…

No comments: