ဘလော့ဂါညီအစ်ကို မောင်နှမတို့ရေ…
အခုလုပ်မယ့် အစီအစဉ်ကတော့ မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်များကို ဂုဏ်ပြုတဲ့အနေနဲ့ ဘလော့ဂါများက မိမိတို့ရေးထားတဲ့ ပို့စ်လေးများကို ဖြစ်စေ၊ အသစ်ရေးသားပြီး ပို့စ်လေးများကို ဖြစ်စေ တစ်နေရာတည်းမှာ စုစည်းဖော်ပြဖို့ အစီအစဉ်ပါပဲ.
ဥပမာဗျာ. အာဇာနည်နေ့ မကြာခင်ရောက်လာတော့မယ်. အာဇာနည်နေ့ဆိုတာကို မေ့မေ့ပျောက်ပျောက် ဖြစ်အောင် အလုပ်ခံထားရတဲ့ အခြေအနေမှာ မျိုးချစ်ဘလော့ဂါများက မိမိတို့ သိသမျှတတ်သမျှနဲ့ ငုပ်လျှိုးကွယ်ပျောက်လု ဖြစ်နေတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နှိုးဆော်ထုတ်ဖော်နေကြတာ တွေ့ရပါ လိမ့်မယ်. သူတို့ရေးထားတဲ့ ပို့စ်လေးတွေကလည်း ကောင်းမှကောင်း၊ တင်ထားပေးတဲ့ ဓာတ်ပုံလေးတွေကလည်း တကယ့်ကို ရှားပါးဓာတ်ပုံလေး တွေပါပဲ.
အဲဒါလေးတွေကို တကွဲတပြားစီ လိုက်ဖတ်နေရတာ လွတ်သွားတာတွေ အများကြီး ရှိနိုင်သလို နောင်တစ်ချိန် လိုအပ်လို့ ကိုးကားချင်လာရင်လည်း ပြန်ရှာဖို့ မလွယ်တော့ပါဘူး. ဒါကြောင့် အဲဒီ့ပို့စ်လေးတွေကို တစ်နေရာတည်းမှာ ဖော်ပြထားလိုက်ခြင်းအားဖြင့်
(၁) အချိန်မကုန်ဘဲ တစ်နေရာတည်းမှာ အကြောင်းအရာတစ်ခုကို စုံလင်အောင် ဖတ်ရှုနိုင်တယ်
(၂) လိုအပ်ရင် ကိုးကားနိုင်အောင် ကျမ်းညွှန်းတစ်ခုလို အသုံးချနိုင်တယ်
(၃) ဘလော့ဂါတွေ အချင်းချင်း ဆက်သွယ်မှု ကွန်ယက်ပိုကောင်းလာမယ်. ပိုပြီးလည်း ညီညွတ်လာမယ်
(၄) ပြတ်ကျသွားခဲ့တဲ့ မျိုးဆက်ကို ပြန်လက်တွဲခေါ်နိုင်မယ်.
(၅) စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပမာ ဖြစ်လာလိမ့်မယ်
တစ်ခြားတစ်ခြားသော ရည်ရွယ်ချက်ကောင်းတွေ အများကြီး ရှိပါသေးတယ်. ဒါတွေကို တစ်ခုချင်းလိုက်ရေးနေစရာ မလိုတော့ပါဘူး. ပင်မရည်ရွယ်ချက် (၅) ခုကိုပဲ ရေးပြလိုက်တာပါ.
ဒီတော့ ဘယ်လိုဝင်ရေးနိုင်မလဲ…
(၁) မိမိတို့ရဲ့ Gmail နဲ့ ဘလော့ဂ်နာမည်ကို ဒီပို့စ်ရဲ့ ကော်မန့်မှာ ၀င်ရေးပေးပါ. Author အနေနဲ့ Add လုပ်ပေးပါမယ်
(၂) Add လုပ်ပေးလိုက်တဲ့ Author များစာရင်းကို ဒီကော်မန့်အောက်မှာ ပြန်ပြီး update လုပ်ပေးပါမယ်. နီးစပ်ရာ Cbox များမှာလည်း ဒီအကြောင်းကို ကြော်ငြာပေးကြပါ
(၃) မိမိတင်လိုက်တဲ့ ပို့စ်လေးများကို မိမိဖာသာ Backup လုပ်ပေးထားပါ. Label ကိုလည်း တစ်ခုခုပေးထားပေးပါ. တကယ်လို့ တစ်စုံတစ်ရာသော အကြောင်းကြောင့် စုပေါင်းဘလော့ဂ်လေး ပျက်သွားခဲ့ပြီး အသစ်ပြန်လုပ်ခဲ့ရရင် အလွယ်တကူ ပြန်ရှာတွေ့နိုင်အောင်လို့ပါ.
(မပြေးသော် ကံရာရှိမဟုတ်လား. အားလုံးကို ကြိုတွက်ထားတာ မမှားနိုင်ပါ ဘူးလေ.)
လောလောဆယ် ဒီလောက်ပါပဲ.
အာဇာနည်နေ့ကို စပြီး ကြိုဆိုလိုက်ကြရအောင်လားဗျာ. ပြီးရင်တော့ နောက်ထပ် နေ့ထူးနေ့မြတ်တွေ လာဦးမယ်.
13 comments:
kzy1980@gmail.com
kzy1980.blogspot.com
s0wha1@gmail.com
http://s0wha1.blogspot.com/
freeburma.freeburma@gmail.com
http://freedomuprising.blogspot.com
maung.melody@gmail.com
http://melodymaungmm.blogspot.com
khunmyahlaing@gmail.com
http://www.khunmyahlaing.blogspot.com/
http://www.minthitsar.blogspot.com/
ant1979@gmail.com
http://pyichitmaungmae.blogspot.com/
pyichittharmaung@gmail.com
name: yamin
mail: jitt2ma.lay@gamil.com
blog : goldmyanmar.blogspot.com
thoemalay@gmail.com
http:/www.ayechanthu.blogspot.com/
ဒီကော်မန့်ထဲမှာ ပါတဲ့သူတွေကိုရော၊ ကျွန်တော်သိသမျှ Email လိပ်စာတွေကိုရော Add ထားပါတယ်. လက်ခံပြီး အချိန်မရွေး ၀င်ရေးနိုင်ပါတယ် ခင်ဗျာ...
ခင်မင်လေးစားစွာဖြင့်
ရန်အောင်
Hello Ko Yan Aung,
I have blog on Wordpress, but I'm pretty much interested in "Days in the History".
So, I'd like to know whether I can post or not.
Thanks so much, and pls visit my blog sometimes.
May you be in bliss...
Sorry, I forgot to leave my email.
It's "bazanlin@gmail.com"
Thanks, again.
>ဘဇံလင်း...
Your email address has been added and you can contribute your posts on that blog from now on.
I also visited your blog and yours is an awesome one based on wordpress!
Keep it up, bro!
Post a Comment