
၈၅ မန္တလေးညများတမ်းခြင်း
ငါ့အိပ်မက်များ ဟိုးအတိတ်တွေဆီ
လွင့်မျောမိ ဆယ်စုနှစ်…
တို့ရဲ့ မန္တလေးက ကျောင်းတော်
ဘယ်တော့မှ မမေ့နိုင်ခဲ့
ဒီအချိန်ရွှေပြည်အေးရဲ့ ညနေခင်း
စက်ဘီးတွေ အတူစီးရင်း
ပူပင်စရာကင်းတဲ့ ဆည်းဆာလေး
အပေါင်းအသင်းတွေ စုံနေမိ
လွမ်းမိတယ် ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်
ဟိုးတုန်းက မန္တလေးညရေ
မိုးလင်းခဲ့ အပေါင်းအဖော်များ ၀ိုင်းဖွဲ့ရင်း

အားလုံးတွေ့ကြခိုက် အချင်းချင်း
သီချင်းများဆိုကြရင်း
ကျောင်းသားဘ၀ရဲ့ ညတွေဟာ
ရွှေမန်းနဲ့ သစ္စာရှေ့
ဂစ်တာသံတွေများနဲ့ စီးဆင်းလို့
လွတ်လပ်စွာ ဆိုငြီးရင်း
ငါတို့ကျောင်းရဲ့ ညတွေတိုင်း
ရောင်းရင်းတွေ ဆိုတဲ့ သီချင်းး
ပြီးဆုံးပြီ ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်
ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်

အချိန်များ တစ်ရွေ့ရွေ့စီးဆင်းမြဲလေ
နေ့များစွာ အဝေးဆုံး ဝေးလို့သွား
ဒီညများလည်း မပြီးဆုံးသော
ရင်ခုန်သံပျောက်ဆုံးနေ
အသန့်ရှင်းဆုံး အပျော်ရွှင်ဆုံး
ဒီဘ၀ရဲ့ ညတွေ ကျောင်းတော်မှာ ကျန်ရစ်…

ငါဟာကံတရားရဲ့ စည်းချက်များ
နှလုံးသားအရောင်စွန်းထင်း
အရာရာအရှုံးအမြတ် ဆန်းစစ်ခဲ့
ငါ့ဘ၀ကို သင်ယူရင်း…

ဘ၀အိပ်မက်များက နိုးလာပြီ
ကြည်နူးငါ့ရင်ထဲမော
တမ်းတမိတိုင်းမှာ ငါ့ရင်မှာ
မရိုးနိုင်…..

တမ်းတတယ် ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်
ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးငါလွမ်းမိ
မန္တလေးကို ငါလွမ်းမိ…
မန္တလေးကို ငါလွမ်းမိ…

7 comments:
ကိုရန်အောင်ရေ..
ကျနော်က မန္တလေးက မဟုတ်ပေမယ့် ..
ဒီသီချင်းကိုတော့ စွဲစွဲမြဲမြဲနားထောင်တယ်ဗျ..
တူညီတဲ့ ကျောင်းသားဘ၀ရဲ့ ခံစားချက်တွေကို
ပြန်တမ်းတနိုင်လို့ပါ..။
သီချင်းလေးက အရမ်းကောင်းတယ်။ နားထောင်ရင်းနဲ့ ဆုံးခါနီးမှ ပြတ်တောင်းပြတ်တောင်း ဖြစ်သွားတာက လွဲရင်... တစ်ပုဒ်လုံးကို စိတ်ရှိလက်ရှိ နားထောင်လိုက်ပါတယ်။
ကိုရန်အောင်ရေ...
အစ်ကိုပို့စ်ကိုလာဖတ်ရင်းနဲ့ မွှန္တလေးကိုလွမ်းတယ်ဗျာ။ အိမ်ကိုအရမ်းပြန်ချင်လလာတယ်။ သူငယ်ချင်းတွေကို မြင်ယောင်လာပြီး၊ မန္တလေးညတွေကို တကယ်ပဲတမ်းတမိတယ်ဗျာ။
အရမ်းကျေးဇူးတင်တယ် အစ်ကို...
မိုးစက်
ကိုရန်ရေ….ကျောင်းကိုတကယ်လွမ်းတယ်ဗျို့ ….ဓါတ်ပုံတွေ ယူသွားမယ်နော်….အဲဒီပုံတွေထဲမှာ လေးမ ခြေရာတွေရှိတယ်….အစ်ကို ဘယ်က “မ”လာတာလဲ…. တကယ်ဘဲ စက်ဘီးလေးဒေါက်ထောက်ခဲ့ဖူးတဲ့ ကျေးဇူးရှင်လား…သီချင်းကတော့ အကြိုက်ဆုံး…အထိဆုံးပေါ့…“မိုးလင်းခဲ့ အပေါင်းအဖော်များ ၀ိုင်းဖွဲ့ ရင်း….” ဆိုတဲ့နေရာမှာ ဂဏန်းတွက်နေတဲ့ ပုံလေးတွေထည့်ရမှာ ကိုရန်ရဲ့…ဟား.ဟား...ကျေးဇူးပါ…ကိုရန်….။
ကိုရန်အောင်ရေ
ဒီ post လေးကိုအရမ်းကြိုက်တာပဲ ညီမကကျောင်းပြီးထားတာသိပ်မကြာသေးပါဘူး ဒါပေမယ်ံကျောင်းကိုအရမ်းလွမ်းတာပဲ
ညီမက စက်မှုကျောင်းကတောံမဟုတ်ပါဘူး
ကောင်းပါ့ဗျား။ MTU လက်ဟောင်းကြီးပဲပေါ့။
MIT 4th Batch ကပါ...။ ပုံတွေ အတွက် ကျေးဇူးတင်ပါတယ်...။ Mian Building ထဲတော့ စာမသင်လြိုက်ရဖူး...။ တမာတောကို ပြန်သတိရလာတယ်...။ လေးမ ဘလော့ဂ်က မြင်လိုက်လို့ ၀င်ကြည့်တာ...။
Post a Comment