Thursday, July 12, 2007

Peekaboo Post နောက်ဆက်တွဲပြင်ဆင်ချက်...


ဘလော့ဂ်တော်တော်များများမှာ Read More... တို့၊ ဆက်ဖတ်ရန်တို့၊ Expand... တို့ စသည်ဖြင့် လုပ်ပြီး မိမိတို့ရဲ့ ပို့စ်လေးတွေကို ခေါက်သိမ်းထားတာ တွေ့ဖူးမှာပါ. အဲဒါကို Peekaboo post လုပ်တယ်လို့ ခေါ်ပါတယ်. ခု အဲဒီ့ Peekaboo Post လေးတွေ အလုပ်မလုပ်ဘူးဆိုတာကို ကျွန်တော်ရေးသား ဖော်ပြခဲ့ပြီးပါပြီ. Coding တွေကို တီထွင်ခဲ့တဲ့ Ramani ရဲ့ Blog မှာလည်း ကျွန်တော်သွားပြီး အသိပေးခဲ့ပြီးပါပြီ. ခုနက သူ့ Blog ကို သွားပြီး ပြန်ဝင်ကြည့်တော့ ပို့စ်တစ်ခု အသစ်တင်ထားတာ တွေ့ရပါတယ်.

အဲဒီ့ပို့စ်ကို ခု ဘာသာပြန်ပြီး ရေးပေးနေပါတယ်. ဒါပေမယ့် အများစုကတော့ မိမိတို့ရဲ့ Template ကို ဒီတိုင်းပဲ သုံးနေကြတာမို့ သိပ်ပြင်စရာ မလိုပါဘူး. Neo Template သုံးနေသူများအတွက်တော့ ခဏစောင့်ဖတ်ပေးပါနော်. ဆက်တင်ပေး ပါမယ်.

ပြင်ရမှာကတော့

<script src='http://www.anniyalogam.com/widgets/hackosphere.js'
type='text/javascript' />

လို့ </head> မပိတ်ခင်နားလေးမှာ ထည့်ပေးခဲ့တာကို သတိရကြမှာပါနော်.

အဲဒါလေးကို ဖြုတ်ပြီး ဒါလေးနဲ့ အစားသွင်းပေးလိုက်ပါ.

<script src="http://theseandthose.googlepages.com/hackosphere.js"
type="text/javascript" />

ဒါဆိုရင် ရပါပြီ.

Neo Template ကို သုံးနေသူများကတော့ မိမိတို့ အရင်သုံးနေတဲ့

<script language='javascript'
src='http://www.anniyalogam.com/neo/neo.js' />
<script language='javascript'
src='http://bvibes.com/hackosphere/neo/neo.js' />

ဆိုတာလေးကို ဖျက်ပစ်ပြီးတော့

<script src="http://theseandthose.googlepages.com/neo.js"
type="text/javascript" />

လို့ ပြန်ပြောင်းပေးရမှာ ဖြစ်ပါတယ်.

နောင်တစ်ချိန် ဒီလို အဖြစ်အပျက်မျိုး ထပ်ပြီးမကြုံရအောင်လို့ သူ့ရဲ့ Hackosphere.js နဲ့ Neo.js ဖိုင်လေးတွေကို Download လုပ်ပြီး ကျွန်တော့်ရဲ့ Googlepages မှာ တင်ထားလိုက်ပါတယ်. အားလုံးစိတ်ချယုံကြည်စွာ သုံးနိုင်ပါပြီ...

ဒါပါပဲ ခင်ဗျာ.

အားလုံးပဲ အဆင်ပြေကြပါစေ…


4 comments:

ခင်မင်းဇော် said...

template ကိုသွားပြီး Edit HTML ကို သွားတော့ ကိုရန်အောင် ပြထားတဲ့ ကုဒ်တွေ မတွေ့လို့ ။
ဘယ်လိုဖြစ်လဲ မသိဘူး။

Yan said...

အစ်မရေ.. /head ဆိုတာလေးကို အရင်ရှာပါ. အဲဒါလေးရဲ့ အပေါ်နား ခပ်ကျကျမှာ script src='http://www.anniyalogam.com/widgets/hackosphere.js' type='text/javascript' ဆိုတာလေး တွေ့ပါလိမ့်မယ်. အဲဒါလေးကို ကျွန်တော်အသစ်ပေးတဲ့
ကုဒ်ဒင်းလေးနဲ့ ပြောင်းထည့်ပေးဖို့ ပြောတာပါ ခင်ဗျာ. အဆင်ပြေပါစေ.

neoLwin said...

ကျေးဇူးပဲဗျို့... ကိုယ့်ဘလော့ကို သေချာပြန် မကြည့်မိဘူး... saturngod blog မှာ ကိုရန်အောင် သတိပေးထားတာ တွေ့မှပဲ အလုပ်မဖြစ်တာ သိတော့တယ်...

Ye-Mon said...

ကိုရန်အောင် တူတူပုန်းပို့စ် အတွက် ကျေးဇူးပဲ။ ဖြေးဖြေးတူတူပုန်း ဖို့က bvibes.com က ဖိုင်ကိုပဲ သုံးထားသေးတယ်နော်။ အရင်လို traffic ပြဿနာ တက်လာနိုင်လား။
Ramani က ရိုးရိုး တူတူပုန်းပို့စ် အတွက် java script ကိုတော့ ထုတ်ပေးလိုက်ပြီ။ ဖြေးဖြေးတူတူပုန်းပို့စအတွက် java script ရနိုင်မယ်ထင်လား။ bvibes.com ကို လင့်ပေးထားရတာ သူများ နှာခေါင်းနဲ့ အသက်ရှုနေရသလိုပဲ။ java script ရရင်တော့ template ထဲ တစ်ခါထဲ ရေးထားလိုက်ချင်တာ။