Wednesday, July 11, 2007

အကူအညီတောင်းခံပါတယ်…


အားလုံးကို အကူအညီတစ်ခု တောင်းခံပါတယ် ခင်ဗျာ. သီချင်းတောင်းချင်လို့ပါ
ထူးအိမ်သင်ဆိုထားတဲ့ သီချင်းလေ.. မဇ္ဈိမ ဆိုလားဘာလားပဲ. စာသားလေးက ဒီလိုဗျ

(မဇ္ဈိမဒေသကို ပူဇော်ကြ… မဇ္ဈိမဒေသကို ဦးညွှတ်ကြ )၂
မြေပြင်ပေါ်ရေပြင်ပေါ်မှာ မဇ္ဈိမရဲ့ အငွေ့အသက်များလေ
လူတွေကို လူတွေကို လမ်း လမ်း လမ်း ပြပေးနေ…

အဲဒီ့စာသားလေးတွေပါတယ်. မှတ်မိကြမလားမသိဘူး. ထွက်တာကြာပြီဗျ ဘယ်ခွေထဲကမှန်းလဲ မသိတော့ဘူး. သီချင်းကိုလည်း အပြည့်အစုံ မမှတ်မိတော့ဘူး.

အဲဒါ တစ်ယောက်ယောက်ကများ သိရင် သီချင်းစာသားလေးရယ်၊ သီချင်းလေးကို Download လုပ်လို့ ရနိုင်မယ့် နေရာလေးရယ်ကို ညွှန်ပြပေးစေလိုပါတယ်.

ကျွန်တော်ရေးနေတဲ့ပို့စ်တစ်ခု အတွက်မို့ပါ. ကူညီတဲ့သူကို ပို့စ်ထဲမှာ credit ပေးထားပါမယ် ခင်ဗျာ.

နောက်တစ်ခုကတော့ လောကနတ်ရဲ့ အကြောင်းကို သိသလောက်လေး ပြောပြပေးကြပါ. သူရွတ်လေ့ရှိတဲ့ ဂါထာတစ်ပုဒ်ရှိတယ် ဆိုတာမှတ်သား ဖူးပါတယ်. သူ့လက်ထဲမှာ ကိုင်ထားတာလေး နှစ်ခု ရှိပါတယ်. ဘာလဲဆိုတာ သဲသဲကွဲကွဲ မမှတ်မိတော့ပါဘူး. အဲဒါလေးကိုလည်း တစ်ချက်လောက် ကူညီဖြေကြားပေးကြပါ ခင်ဗျာ. လောကနတ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ ဆိုတာလည်း ပြောပြပေးနိုင်ရင် ကျေးဇူးပါ. ဒါဆိုရင် Google မှာ သူ့အကြောင်းပိုပြီး ပြည့်ပြည့်စုံစုံ ဖတ်လို့ ရသွားပြီပေါ့ဗျာ.

ကျွန်တော့်အနေနဲ့ ဒီလိုစာပေဗဟုသုတတွေကို ရနိုင်ဖို့က ဒီဘလော့ဂ်ကနေ အကူအညီတောင်းခံရုံက လွဲလို့ တစ်ခြားနည်းလမ်း မရှိတော့လို့ပါ.

အားလုံးကို ကျေးဇူးတင်ပါတယ်.

10 comments:

yemyatthu said...

ခွေ ... အစိမ်းရောင်ရက်စွဲများ ...(2001)

အမည်- မဟာဝီရ အို... ဗုဒ္ဓ တေးရေး - မောင်မောင်ဇော်လတ်၊ ထူးအိမ်သင်

mp3 link ---http://www.htooeainthin.com/songs/ah_sein_yaung.php

yemyatthu said...

ခွေနဲ့ သီချင်းလွဲသွားတယ်
အဲဒီ link ကတော့အသုံးကျမယ်

yemyatthu said...

http://www.htooeainthin.com/songs.php

Yan said...

ကျေးဇူးအများကြီးတင်ပါတယ် ဦးရဲမြတ်သူ..
အဲဒီ့လင့်ခ်ကို ကျွန်တော် သွားကြည့်လိုက်ပါတယ်. ဟုတ်တယ် အဲဒီ့သီချင်း မဟုတ်ဘူး.
ဒါပေမယ့် တစ်ခြားအဖိုးတန် သီချင်းလေးတွေရဲ့ စာသားလေးတွေကိုပါ တွေ့လိုက်ရတယ်
အဲဒီ့အတွက် ဦးရဲမြတ်သူကို ကျေးဇူးလှိုက်လှဲစွာ တင်ရှိပါတယ် ခင်ဗျာ.

လောကနတ်နဲ့ပတ်သက်ပြီး ဦးရဲမြတ်သူမှာ လက်လှမ်းမီတာလေးတွေ ရှိခဲ့မယ်ဆိုရင် ပြောပြပေးစေလိုပါတယ်.

ခင်မင်လေးစားလျက်…

ရန်အောင်

သန့်ဇော်မင်း said...

ကိုရန်ရေ...
http://www.myanmarmp3.net/album.aspx?AlbumID=279
အဲဒီလင့်မှာရှိတယ်ဗျ
ကျွန်တော်ဆီမှာ ဒေါင်းလုပ်ဆွဲချလို့ မရလို့ လင့်ဘဲပို့လိုက်တာ..
3 Mitzima-Htoo Ein thin
အဲဒါလေးဖြစ်မယ်ထင်တယ်..

အဆင်ပြေပါစေဗျာ..
tzm

yemyatthu said...

http://picasaweb.google.com/yemyatthu/LawKaNut/photo#5085914931117506754
လောကနတ်

Ko Nay Gyi said...

အဆင်ပြေသွားပြီလားမသိဘူး...။ ကျွန်တော့မှာ ရှိခဲ့ဖူးတယ်...။ ရှကြည့်ပါဦမယ်...။ ခေီရောစာအုပ်ရော...။ အဖွဲ့ခွေလေးပဲ...။ စည်သူလွင်တို့ လေးလေးဝါးတို့ ပါတယ်ထင်တာပဲ...။

နှင်းမိုးဝေ said...

အကိုရန် ..
အနှင်း အကိုပြောပြတဲ့ လောကနတ် လက်မှာ ကိုင်တာက စည်းနဲ့ဝါးပါတဲ့၊ အနှင်း မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာတော့ လောကနတ်ကို ဒီလိုဖွင့်ဆိုထားပါတယ်။ လောကနတ် - 1. deity revered by the world 2. celested being noted for peacemaking, usually depicted in dancing posture with the feet holding timing cymbals လို့ ဖွင့်ဆိုထားပါတယ်။ အနှင်းတော့ လောကနတ်ကို အင်္ဂလိပ်လိုခေါ်တာတော့ မကြားဘူးပါဘူးအကိုရန်။

Anonymous said...

Hey,

I have to say thank you. I got myanmar novels in ur blogger. Thanks for that.Can you add more novles? I love to read novles.Pls

Yan said...

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ. သီချင်းလေးအတွက်ရော၊ လောကနတ်အကြောင်း သိကောင်းစရာလေးတွေ ပြောပြပေးတဲ့အတွက်ရောပေါ့…

စာဖတ်သူမိတ်ဆွေ သူငယ်ချင်းများရဲ့ မေတ္တာကို ရရှိခံစားပြီး ကြည်နူးဝမ်းမြောက်မိပါတယ် ခင်ဗျာ…

ခင်မင်လေးစားလျက်

ရန်အောင်