Sunday, July 15, 2007

Birthday ကိတ်မုန့်များ လာစားကြပါခင်ဗျာ...


လူဆိုတာ အသက်ကြီးတာကို တားမရနိုင်ဘူး
ဒါပေမယ့် အရွယ်ကြီးတာကိုတော့ တားနိုင်တယ်
ဘယ်လိုတားမလဲ

မနက်တိုင်းထပြေးပါ

lol

ဒါက အမြဲတမ်းကိုယ်ရည်စစ်နေအောင် လေ့ကျင့်ခန်းတွေ လုပ်နေတတ်တဲ့ စင်ကာပူနိုင်ငံက ဘလော့ဂါ မဂျစ်တူးအတွက် မွေးနေ့ကိတ်ပါ. နံပါတ်ကတော့ အတိတ်ပေးထားတာပါလေ… တစ်မျိုးမထင်ပါနဲ့. အသက်လို့လည်း ထင်ချင်ထင် နိုင်ပါတယ်. မဟုတ်ဘူးလို့တော့ ငြင်းတာပဲ. ဟတ်ဟတ်ဟတ်



မဂျစ်တူးအတွက် မွေးနေ့ကိတ်



တစ်နှစ်တာကာလ
ရက်ပေါင်း ၃၆၅ ရက်ကို
ကျော်ခဲ့ပြန်ပြီပေါ့။

မဟုတ်သေးဘူးနဲ့တူတယ်
ငါဖြတ်ကျော်ခဲ့တာ
ဒီ ၃၆၅ ရက်ထဲမှ
မဟုတ်တာပဲ။

တကယ်ဆို
Payday တွေ လည်းရှိသေးတယ်လေ
အဲဒီ့နေ့ကျရင် ဘာလုပ်မလဲ
စဉ်းစားလိုက်စမ်းဟဲ့ နာဂသေန…

ပါးပါးလေးပါ..

လိပ်ပြာကိတ်လေး ၀ယ်စားမယ်.

pika19

ဒါကတော့ သူများတွေနဲ့မတူ တစ်မူထူးခြားလွန်းလို့ ဘလော့ဂ်တိုင်းမ်မှာတောင် အရေးတယူ ဖော်ပြခြင်းခံခဲ့ရတဲ့ မလေးရှားက ဘလော့ဂါအကျော်အမော် ညညလေးအတွက် လိပ်ပြာမွေးနေ့ကိတ်လေးပါ



ညလေးအတွက် မွေးနေ့ကိတ်



မင်းကို လွမ်းလို့ ငိုရှိုက်
သက်ပြင်းမောတွေအခါခါချ
ညတွေ အိပ်ရေးပျက်
ငါ့ 'မိုက်တယ်' တဲ့လား..

မမိုက်ချင်ဘူးတဲ့
ဒီမိုကပြောတယ်
ဘာလုပ်မလဲ ဒီမိုရေ…
အမြဲတမ်းထွန်းလင်း ရှင်းသန့်နေအောင်

အဖြူရောင်ကိတ်မုန့်လေး စားပေါ့

pika18

ဒါကတော့ ဘလော့ဂါတွေအားလုံးရဲ့ ပရိုဖိုင်းလ်နဲ့ နောက်ဆုံးတင်တဲ့ပို့စ်တွေကို ခရေစေ့တွင်းကျသိတဲ့၊ ဆီဘောက်စ်တွေမှာ ခဏခဏမြင်ရတတ်တဲ့၊ ကော်မန့်လည်း ခဏခဏ၀င်ရေးတတ်တဲ့ ဘလော့ဂ်မရှိသေးတဲ့ Demokitto အတွက် မွေးနေ့ကိတ်ပါ.

စတော်ဘယ်ရီသီးလေးတွေက ရေရေလည်လည် စားချင်စရာလေးပဲနော်.

နောက်တော့ကျသွားပြီ. Anyway, happy belated birthday ပါ ဒီမိုလေးရေ…



ဒီမိုကစ်တို အတွက် မွေးနေ့ကိတ်



ဒီမို (စင်ကာပူ) - ဇူလိုင် ၁၂ ရက်
မဂျစ်တူး (စင်ကာပူ) - ဇူလိုင် ၁၅ ရက်
ညလေး (မလေးရှား) - ဇူလိုင် ၁၅ ရက်

ကဲကဲ.. မွေးနေ့လက်ဆောင်အနေနဲ့ ကျွန်တော်အမြဲလိုလို ရွတ်ဖတ်ဖြစ်တဲ့ ဂါထာကောင်းလေး တစ်ပုဒ် လက်ဆောင်ပေးမယ်.. မဖတ်တတ်ရင်တော့ ဘုန်းကြီးတွေသာ လိုက်မေးပေတော့.

ဥာဏ်ပွင့်ပညာဂါထာတော်

ပဉ္စမာရေ ဇိနော နာထော၊
ပတ္တော သမ္ဗောဓိ မုတ္တမံ။
စတုသစ္စံ ပကာသန္တိ (သေန္တိ)၊
သဗ္ဗဝေရီ ပလာယိံသု။

ဤဂါထာကို နံနက် (၇) ခေါက်၊ ည (၇) ခေါက် ရွတ်ဖတ်သော် အသိဥာဏ်ပညာ တိုးပွား၏။ အကြံအစည်ကောင်းများ ပေါ်လာ၏။ လုပ်ငန်းအသစ်တီထွင်သူတို့ အောင်မြင်၏… လို့ ရေးထားတာ သိရှိမှတ်သားခဲ့ရဖူးတယ်ဗျ…

ဘာပဲဖြစ်ဖြစ်ပါ.. ဘလော့ဂါတွေအတွက်လည်း အကျိုးရှိမှာပါလေ. ပို့စ်ကောင်းကောင်း လေးတွေ ရေးဖို့ အကြံဥာဏ်ခန်းနေရင် ဒါလေး ရွတ်ကြည့်ပါ. တစ်ခါတည်း အိပ်ပျော်သွားပါလိမ့်မယ်.

ဩော်….

တစ်ရေးနိုးသော် အကြံပေါ်လေ…

ဆုံးအောင်နားထောင်ကြပါဦး.

ဟတ်ဟတ်ဟတ်

မဂျစ်တူး၊ ညလေးနဲ့ ဒီမိုလေးတို့ရေ…

ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ….



4 comments:

Anonymous said...

မောင်ရန်ရေ.. အထူးကျေးဇူးတင်တယ် ။ မင်းပို့စ်လေးကို သိပ်ကြိုက်တယ်ဟေ့ ။

ဖတ်ပြီး မဂျစ်ကြီး မော်နီတာကိုကြည့်ပြီး ပြုံး၂ကြီးး)

Anonymous said...

ဦးရန် လိပ်ပြာကိတ်လေး တအားလှတယ်။ ကျေးဇူးအထူးပါ။ တကူးတက ရှာဖွေတင်ပေးတဲ့အတွက်။

ပျော်ပါတယ်ဗျာ...

Anonymous said...

ဦးရန်ရေ.. thanks 4 belated b'day wish, post & cake. ကိတ်မုန့်လာစားတယ်..စတော်ဘယ်ရီ ကြိုက်တဲ့ ဒီမို အတွက်တော့ ရှယ်ပဲ.. မမညလေး ပြောသလို ကိတ်ရောလဲစားလို့ရလား.. ဟိဟိ.. ဂါထာကို ရွတ်ပြလေ.. သူပေးတာ သူပဲ ရွတ်ပြသင့်တာပေါ့..နော်.. =)

anyway thanks =)

ပြည့်မွန်သျှံ said...

တစ်ခေါက်လောက်တော့ လာခဲ့ပါအုံးဗျာ ဖိတ်ခေါ်ပါတယ် ..