Wednesday, August 06, 2008

ချစ်သူသိပါစေ...

“ကားရပ်ပေးပါနော် မ. ကျွန်တော်ပေးစရာလေး တစ်ခုရှိလို့.”

သူ အတတ်နိုင်ဆုံး တိုးလျှိုးတောင်းပန်ရင်း ပြောခဲ့ပါသည်။ သို့သော် “မ” က သူ့ဆိုလျှင် ခါးသည်းလွန်းလှသည်။ ဘယ်တော့မှ အကောင်းမမြင်တတ်.

“ဘာတွေလာပြောနေတာလဲကွာ. နောက်မှပြောတော့. အခုအချိန်မရှိတော့ဘူး”

“ခဏလေးပါ မရယ်နော်. ခဏလေးပါ. ပေးပြီး ပြန်သွားမှာပါ.”

ကားအရှိန်ကို ထိန်းပြီး လိုက်မောင်းနေရင်း သူမဆီ ဖုန်းဆက်ပြောနေရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသလို အန္တရယ်လည်း များလွန်းလှသည်။ မတော်တဆ လမ်းပြပုလိပ်တွေ့လျှင် အဖမ်းခံချင်ခံရ၊ ဒဏ်ငွေရိုက်ခံချင်လည်း ခံသွားရနိုင်သည်။ သို့မဟုတ် အာရုံများလွန်း၍ ခြေချော်လက်ချော်ဖြစ်ပြီး ယာဉ်တိုက်မှုပင် ဖြစ်သွားနိုင်လောက်သည်။

ဒါကို သူမ မသိ. ကိုယ်ချင်းလည်းမစာ.

“မရပ်နိုင်ဘူးဟေ့. လမ်းလယ်ခေါင်ကြီးမှာ. မရပ်ဘူး. သိပြီလား”

သူ့စိတ်ထဲထောင်းခနဲ ဖြစ်သွားခဲ့သည်။ သည်းခံနိုင်စွမ်းက ဟိုဖက်ကိုလွန်သွားခဲ့လေပြီ. သူမကို ချစ်လွန်း၍သာ ဂျန်းတဲလ်မင်းပီသစွာ၊ ပညာတတ်ပီသစွာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေခဲ့ခြင်းဖြစ်သည်။

ယခုလည်းကြည့်လေ. သူကြိုးစားသီဆိုထားခဲ့သည့် သီချင်းခွေလေးတစ်ခု၊ အထူးသဖြင့် သူမအတွက် ရည်ရွယ်ပြီး သီဆိုထားသည့် သီချင်းလေးတစ်ပုဒ်ကို သူမမွေးနေ့အတွက် လက်ဆောင်အဖြစ်ပေးရန် ကြိုးစားခြင်းကို ကိုယ်ချင်းမစာဘဲ ခါးခါးသည်းသည်း ငြင်းသည်။

စတီယာရင်ပေါ်ကိုင်ထားသော လက်ချောင်းတို့ ချွေးစေးများဖြင့် ရုတ်ချည်းအေးစက်သွားခဲ့ကြသည်။ လီဗာပေါ်တင်ထားသော ခြေထောက်တို့ ကြမ်းပြင်နှင့်ပိုနီးစပ်သွားသလို ခံစားလိုက်ရသည်။

“၀ရော… ၀ရူး… ကျွီ”

ကဲ. ဖြစ်ချင်ရာဖြစ်. သူမကားကို ကျော်တက်ပြီး ပိတ်ရပ်လိုက်သည်။

ကားတံခါးကို ဆောင့်ဖွင့်ပြီး သူမရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်လာခဲ့လိုက်သည်။

သူ့ကို စိုက်ကြည့်နေသော သူမမျက်ဝန်းများကို ဒီတစ်ခါတော့ လွှဲဖယ်ပစ်ရန် မကြိုးစားတော့ဘဲ ပြန်စိုက်ကြည့်ပစ်လိုက်သည်။

သူမကားပြတင်းပေါက်ပေါ် လက်တင်၍ စီဒီခွေကို သူမထံသို့ လှမ်းပေးလိုက်သည်။ သူမကိုကြည့်နေသော သူ့အကြည့်တို့ အနည်းငယ် ရိုင်းစိုင်းလွန်းသွားသည်လားတော့မသိ။ သူမ မျက်လွှာချသွားခဲ့သည်။ သူပေးသော စီဒီခွေကို လှမ်းယူလိုက်သည်။

စိတ်ထဲတွင် ကျိတ်၍၀မ်းသာသွားသော်လည်း မေးကြောများထောင်အောင် တမင် အံကြိတ်လျက် ကားရှိရာဖက်ဆီ လမ်းပြန်လျှောက်လာခဲ့သည်။

ကားတံခါးကို ဂျိုင်းခနဲမြည်အောင်ပိတ်၊ ဂီယာထိုးပြီး လီဗာကိုဆောင့်နင်းလျက် သူမရှေ့မှ ထွက်ခွာလာခဲ့ချိန်မှာတော့ သူတစ်ခုပဲ သတိထားမိခဲ့သည်။

သူ ရင်တွေ တဆတ်ဆတ် ခုန်နေခဲ့ပါသည်။

(ကျန်တာ ဘာဆက်ဖြစ်မလဲ ဆက်သာကြည့်ကြပေတော့ဗျာ... ဟတ်ဟတ်ဟတ်.)



ရေထဲနစ်သူမှာ ဆက်ပြီး အသက်ရှင်စရာ
လေကိုသာ ရှိုက်သွင်းဖို့
ဆာလောင်လိုအပ်သလိုမျိုး
ငါ့ဘ၀အသိစိတ်တစ်ခုလုံး
မင်းအချစ်ငတ်မွတ်နေလို့
ခုထက်ထိငါ…

စားဖို့မရှိတော့လို့ ခိုးဝှက်ရသူလို
မင်းကိုလေငါချစ်ခဲ့
ထိန်းချုပ်မရဘူးကွယ်
မျက်စိကန်းတဲ့လူတစ်ယောက်
ကမ္ဘာတစ်ပတ်လမ်းလျှောက်ခိုင်းသလို
ဒုက္ခတွေရောက်….

မင်းမှမင်းပဲ….
မင်းမှမင်းပဲ…
မင်း.. တစ်ယောက်တည်း…
မင်းမှမင်းပဲ…
မင်းမှမင်းပဲ..
မင်း တစ်ယောက်တည်း မင်းပဲ…

မင်းစိတ်နဲ့ခန္ဓာ အရူးမီးဝိုင်းသလိုငါ
လိုချင်တယ်တောင်းဆု ဆန္ဒတွေပြု
မင်းကလွဲပြီးရင်အခု
ဘာမှလည်းမရချင်ဘူး မရချင်ဘူး…


5 comments:

ကလိုစေးထူး said...

လေးဖြူတွေ့ရင်တော့ မောင်မင်း မူပိုင်ခ အတောင်းခံထိတော့မှာပဲ မောင်ရန်...။ ဟက်ဟက်။ :P

ကိုရင်နော်ခင်လေးငယ် said...

ကြည့်စမ်း.. ကိုရန်အောင်ကြီးက ဒီလိုလည်း
ကြွေတတ်တာဘဲလား..!!
ဟက်..ဟက်..(Blogger လောကမှ
ခင်မင်ဖွယ် ရယ်သံလေးကို သဘောကျ၍
ငှားသုံးမိပါသည်)

thonn thonn said...

ဟင်း .. ဒီကတော့ ဘာများဆက်ဇြစ်မလဲလို့ Firefox နဲ့မရလို့တောင် IE နဲ့ ပြောင်းကြည့်ရတယ် .. ဖြစ်ရမယ် ။

Yan said...

>ကိုစေးထူးကြီး

အင်စပက်တော် လေသံကြီးနဲ့ လာကြိမ်းသွားသကိုးဗျ.
လေးဖြူက ကျွန်တော့် အိုင်ဒီယာတွေ ယူသွားတာပါ. ကျွန်တော်ပို့စ်တင်တာ နည်းနည်းနောက်ကျသွားလို့ဗျ. :)

>ကိုရင်နော်နဲ့ မခင်လေးငယ်.
ကျွန်တော် ခုမှ ကြွေတတ်တာ မဟုတ်ပါဘူး. ကြာပေါ့. ဟတ်ဟတ်ဟတ်.

>မစ်စ်သွန်းသွန်းရေ.
ဘာမှ ဆက်မဖြစ်ဘူးလို့ ဘယ်သူပြောလဲ. :)

WWKM said...

ဟောဗျာ.. ပညာလာယူပြီး ပို့စ်အဟောင်းတွေဖတ်နေမိပါတယ်။ ဒါပဲလားဗျ။
ဘာမှ ဆက်မဖြစ်တော့ဘူးလား။။ ဟတ်ဟတ်
လုပ်ပါ..လုပ်ပါ.. သူလုပ်ချင်သလိုဖြစ်တာဆိုတော့။

သွားပြီ နောက်တစ်ပုဒ်