Monday, July 28, 2008

စပ်မိစပ်ရာ ဘာညာကွိကွ

အားလုံးပဲ မင်္ဂလာပါ ခင်ဗျား...

သိကြတဲ့အတိုင်းပဲ. ကျွန်တော်လည်း တော်တော်လေးကို ဘလော့ဂ်ဖက်မှာ Active မဖြစ်တော့ဘူးဖြစ်သွားတယ်. လာလည်အားပေးကြတဲ့ မိတ်ဆွေတွေကို အားတော့နာပါရဲ့ဗျာ. အခုတော့ တကယ်လည်း အလုပ်များနေသလို စာရေးဖို့ဖက်ကိုလည်း စိတ်က သိပ်မထက်သန်ဘူးဖြစ်နေလို့ပါ။ ရေးပြီးခဲ့တဲ့ အဟောင်းလေးတွေမှာ ကော်မန့်လေးတွေ ပေးပြီး အမှားလေးတွေ ပြုပြင်ထောက်ပြပေးသွားတဲ့သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်.

မကြာခင်မှာ ကျွန်တော် အပြောင်းအလဲတွေ လုပ်ဖို့ ရှိပါတယ်။ အစကတော့ ဘလော့ဂ်ကို အပြောင်းအလဲအရင်လုပ်မလားလို့လေ။ ပြီးမှပဲ ကျန်တာတွေ ပြောင်းမယ်စိတ်ကူးနေတာ။ အခုတော့ ကျန်တာတွေကို အရင်စပြောင်းဖြစ်တော့မယ်ဗျ။ ဟတ်ဟတ်. ခေါင်းတွေစားကုန်ပြီထင်တယ်.

လောလောဆယ်မှာ ကျွန်တော့်ဘလော့ဂ်အတွက် တစ်ခုပဲ ပြောင်းလဲဖြစ်ပါတယ်. သိတဲ့သူတွေ သိပြီးလောက်ပါပြီ. အခုမှပဲ officially အသိပေးတာပါ. မြန်မာပြည်တွင်းက ပရိသတ်တွေက ကျွန်တော့်ကို ကွန်ပလိန်းတွေ တစ်လိမ်းပြီး တစ်လိမ်း နှစ်လိမ်း သုံးလိမ်း အလိမ်းပေါင်းများစွာ ဆက်တိုက်ပို့ပါတယ်.

သူတို့ပြောသလိုပဲ ပြောပြတော့မယ်.

“အစ်ကို့ ဘလော့ဂ်ကို ၀င်လို့ရ၀ူး. ဘန်းထားဒယ်” တဲ့.

အဲသလို မပီကလာ ပီကလာနဲ့ ချစ်စရာဖြစ်အောင် လုပ်ပြောတတ်တာ စတိုင်လားတော့ မသိဘူး. ကျွန်တော်တောင် ယောင်ပြီး ပြန်မေးမိသေးဒယ်။

“ရ၀ူးရား၊ ဘာယို့ရဲ” လို့လေ.

အဟတ်ဟတ်ဟတ်.

ထားပါဗျာ. အဲဒါနဲ့ပဲ ကျွန်တော်လည်း ဒေါ့ကွန်းလေးတစ်ခုဝယ်ကြည့်တယ်. yanaung.com ပေါ့. ကြည့်လိုက်တော့ Somebody's already parked that domain name တဲ့. Oops!

သွားကြည့်လိုက်တော့လည်း ဘာမှ မဟုတ်ဘူး. အာပလာတွေ လျှောက်တင်ထားတဲ့ ဆိုက်တစ်ခုဖြစ်နေတယ်. မင်းသားရန်အောင် (သို့) ဘလော့ဂါရန်အောင် တစ်နေ့နေ့ ဒေါ့ကွန်းလုပ်ချင်လာလို့ရှိရင် ဒီဒေါ့ကွန်းနာမည်ကို ရောင်းစားမယ်ဆိုတဲ့ စိတ်ကူးနဲ့ တစ်စုံတစ်ယောက်ကများ ၀ယ်ထားသလားမသိပါဘူးဗျာ.

yan-aung.com လို့ လုပ်ချင်ရင်တော့ အဆင်ပြေသား. ကျွန်တော်ကတော့ မလုပ်ချင်ဘူးဗျာ. ဘာလို့လဲဆိုတော့ တစ်ယောက်တည်းနေတာတောင် မတည့်ချင်တဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေထဲမှာ ကျွန်တော့်ရဲ့ ဒေါ့ကွန်းလေးကိုတော့ ရန်နဲ့အောင်နဲ့ ခွဲမထားချင်ပါဘူးဗျာ. ဟုတ်ဝူးလား. အဲ. ဟုတ်ဘူးလား...

ဒါနဲ့ပဲ yanaung.net လေးကို လုပ်ဖြစ်သွားတယ်. လောလောဆယ် အလုပ်များနေလို့ စာလည်း မရေးနိုင်ဘူး၊ ဘလော့ဂ်ကိုလည်း မျက်စိပသာဒဖြစ်အောင် အပြောင်းအလဲမလုပ်နိုင်ဘူးဖြစ်နေတယ်ဗျာ.

အလုပ်များတယ် များတယ်ဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ ဒိုင်ခံပြီး ကမ္ဘာ့အရေး၊ မြန်မာ့အရေးတွေကို ဖြေရှင်းနေတယ်လို့တော့ မထင်ပါနဲ့။ တကယ်လည်း မဖြေရှင်းနိုင်သေးပါ. (lol)

ကျွန်တော် လူငယ်စကားနဲ့ပဲ ပြောတော့မယ်ဗျာ. နော်. လူကြီးတွေ ဖတ်မိရင်လည်း နားလည်ကောင်းနားလည်မှာပါ.

လောလောဆယ် ဘလော့ဂ်ရေးဖို့ အာရုံမလာဘူးဖြစ်နေတယ်။ ဖီးလ်ငုပ်နေတယ်ဗျာ. ဒါကြောင့် အပြင်က ပြန်လာရင် စာဖတ်ချင်ဖတ်၊ သီချင်းနားထောင်ချင်နားထောင်၊ နေ့တဓူဝ ကိစ္စတွေ လုပ်ချင်လုပ်၊ သတင်းတွေလျှောက်ဖတ်ချင်ဖတ်နဲ့ပဲ လုပ်ဖြစ်နေတယ်. ဘလော့ဂ်တစ်ချို့တော့ လိုက်ဖတ်ဖြစ်ပါတယ်.

ကျွန်တော် အကြာကြီးတော့ ဒီလိုမနေပါဘူး. လောလောဆယ် ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ နည်းနည်း လိုင်းပူးတာတွေ ဖြစ်နေလို့ အီးပီစီကို ခေါ်ရှင်းနေရတယ်. အီးပီစီကလည်း လက်ဖက်ရည်ဖိုး တယ်တောင်းသကိုး။ မြင့်တော့မြင့်သား. ဒေါ်လာတန်ဖိုးကျနေလို့တဲ့. လက်ဖက်ရည်ဖိုးကို ဒေါ်လာနဲ့တောင် လက်မခံဘူး. ယူရိုနဲ့ပဲ ပေးပါတဲ့. ကျွန်တော်လည်း ပေးလိုက်ပါတယ်.

"ယူရိုလေ. ရော့ ယူရို. ယူဘူးယား"လို့. ဟတ်ဟတ်ဟတ်.

အေးဗျာ. တစ်ခါတစ်လေတော့လည်း ကျွန်တော် ဘလော့ဂ်လောကကြီးထဲကနေ ထွက်သွားလိုက်ချင်တယ်. စိတ်ညစ်လို့တော့ မဟုတ်ဘူး. စိတ်ပျက်လို့. ခင်ဗျားတို့တော့ မသိဘူး. ကျွန်တော်တော့ ဘလော့ဂ်လောကကြီးကို တော်တော်လေး စိတ်ပျက်နေပြီဗျ.

ကျွန်တော်တို့ စာရေးတယ်၊ ဘလော့ဂ်ရေးတယ်၊ ခင်ကြတယ်၊ မင်ကြတယ်ပေါ့ဗျာ.

လုံလောက်သင့်ပါပြီ. ဘာလို့များ သူများအတွင်းရေးတွေ ဇွတ်သိချင်နေကြရတာလဲ မသိပါဘူး. ဂျီတော့ခ်မှာ တွေ့လိုက်တာနဲ့ “ဟိုင်း၊ နေကောင်းလား၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အလ္လာပ၊ သလ္လာပ နှုတ်ဆက်မယ်၊ ကိုယ်သိချင်တာမေးမယ်၊ သူသိချင်တာဖြေမယ်၊ ရင်းရင်းနှီးနှီးနေမယ်၊ နောက်မယ်၊ ပြောင်မယ်၊ တော်ပြီပေါ့ဗျာ.

ဘယ်သူလဲ၊ ဘာအလုပ်လုပ်လဲ၊ အိမ်ပိုင်လား၊ ကားပိုင်လား၊ လခဘယ်လောက်ရလဲ၊ အိမ်ထောင်နဲ့လား၊ အသက်ကရော ဘယ်လောက်လဲ၊ ရောက်နေတာကြာပြီလား. ဘာ status နဲ့နေတာလဲ၊ ကျောင်းနဲ့လား၊ အလုပ်နဲ့လား၊ ဒုက္ခသည်လား၊ ဘယ်လိုသွားတာလဲ၊ စပွန်ဆာ ဘယ်လိုယူလဲ.

ရပါတယ်. ကျွန်တော်နားလည်ပါတယ်. ဖြေလို့ရသမျှ ဖြေပါတယ်. ထွက်ဖို့ ခက်ခဲတယ်ဆိုတာသိလို့ ပြန်လည်ဝေမျှ ပေးခြင်းလို့လည်း ခံယူပါတယ်. ကျွန်တော်ဘာမှ မလျှိုထားပါဘူး. သိသလောက်ဖြေပါတယ်. တတ်သလောက်ဝေမျှပါတယ်.

အခုတော့ မဟုတ်ဘူးဗျာ. နောက်ကွယ်လည်းကျရော ဖွတော့တာပဲ.

ဟဲ့. သိလား. သူကလေ ဘာဟဲ့.

ဟေ. ဟုတ်လား. ငါက အဲဒါလို့တော့ ထင်သားလား.

အေး. နင်တို့ကသာ အဟုတ်ကြီးမှတ်နေတာ. သူက ဘယ်သူနဲ့ ဘယ်လိုဟဲ့ သိလား

သွားစမ်းပါ. ဟိတ်ကြီးဟန်ကြီးနဲ့လုပ်နေတာ. သူရတဲ့လခက ဒီလောက်ဒီလောက်ပဲ ရှိတာ. လုပ်နေရတာက ဒီအလုပ်. အလကားပါ..

သူက မိန်းမနဲ့ဟဲ့. ကလေးတွေမှ တစ်ပြွတ်ကြီးရယ် ပြီးတော့ လူပျိုလိုလို လုပ်ပြီး မိန်းကလေးတွေကို ညုနေတာ.
ကူလီကူမာနဲ့ဟဲ့.

ဒါမျိုးတွေ ကြားရကြုံရတာများလာတော့လည်း ကျွန်တော်လေ ဂျီတော့ခ်ဆိုတာကြီးကို မုန်းတီးမိလာတယ်.

ကျွန်တော်လူပျိုဖြစ်ဖြစ်မဖြစ်ဖြစ်၊ ကလေးတွေ တစ်ပြွတ်ကြီးပဲ ရှိရှိ၊ နှစ်ပြွတ်ပဲ ရှိရှိ၊ ပြွတ်ချင်သလောက်ပြွတ်ပေါ့ဗျာ. အရေးလား. ဟုတ်တယ်.



စာရေးတယ်၊ စာဖတ်တယ်၊ ဘလော့ဂ်ရေးတယ်၊ ဘလော့ဂ်ဖတ်တယ် တော်ရောပေါ့ဗျာ.

ဘယ့်နှယ့်. အားကြီးစိတ်ညစ်တယ် လို့သာ ဟစ်ပစ်လိုက်ချင်တော့တယ်.

မိတ်ဆွေသဘာဝ သိချင်ကျွမ်းချင် ရင်းနှီးချင်၊ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိချင်တာ သဘာဝကျပါတယ်. အပြစ်မပြောလိုပါဘူး. ကျွန်တော်လည်း တစ်ချိန်က ဒီလိုပဲ ပွင့်လင်းခဲ့ဖူးတာပဲ. အခုတော့ တစ်ချို့တွေက စည်းဆိုတာ မရှိကြတော့ဘူး. လွန်လွန်အားကြီးလာတယ်.

အရင်ကဆို ကျွန်တော့်အကြောင်းတွေကို ဘလော့ဂ်မှာ ရေးပြီး ရင်ဖွင့်ဖူးတယ်. အခုတော့ ကျွန်တော်အဲလို မရေးရဲတော့ဘူး. ကျွန်တော့်ဘလော့ဂ်ဟာ ကျွန်တော့်ရဲ့ ဒိုင်ယာရီလို့ ခံယူထားခဲ့ဖူးတာ. အခုတော့ ကျွန်တော့်ဘလော့ဂ်ကြောင့် ကျွန်တော် ပြန်ပြီး အသတ်မခံနိုင်တော့ဘူး.

ကျွန်တော်စိတ်ပျက်သွားခဲ့တယ်. တော်တော်ကြီးကိုပါပဲ.

တစ်ချို့က ကျွန်တော့်ဘလော့ဂ်မှာ နာမည်ဝှက်နဲ့ ကော်မန့်တွေ လာရေးသွားကြတယ်. ကျွန်တော်မသိဘူးလို့များထင်နေကြလား မသိပါဘူးဗျာ. ဘယ်သူဘယ်ဝါတွေ ရေးသွားတယ် ဆိုတာ အချိန်နဲ့ နာရီနဲ့က အစ ကျွန်တော်သိနေခဲ့တော့ ကျွန်တော်လေ လူတွေကို ပိုပိုပြီး ကြောက်လာတယ်.

အပေါ်ယံကြည့်တော့ ဘယ်လိုမှ မထင်ရက်စရာ၊ ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေးနေတတ်သလို၊ ကိုယ့်ပညာနဲ့ ကိုယ်နေသလိုလိုနဲ့ နောက်ကွယ်မှာ ခြေရှုပ်နေတဲ့ ဘလော့ဂါတစ်ချို့ကြောင့် ဘလော့ဂ်လောကလည်း တော်တော်လေး ဗြောင်းဆန်ကုန်တယ်. ကျွန်တော်ကတော့ စောင်းမပြောတတ်ဘူးဗျ. ပြောရင် ဒဲ့ပဲ ပြောတတ်တယ်. မပြောရင်လည်း ငြိမ်နေတတ်တာပဲ.

ကိုယ့်နေရာနဲ့ကိုယ်နေ၊ ကိုယ့်လမ်းကိုယ်သွားကြစမ်းပါဗျာ.

မကူညီချင်နေ၊ လာပြီး မနှောင့်ယှက်ချင်စမ်းပါနဲ့.

အာရုံနောက်တယ်.

ကြည့်. ပြောရင်းနဲ့ ကျွန်တော်ပါ ဒေါခီးလာပြီ. မဖြစ်ဘူး. နက်ဖြန် အလုပ်သွားရဦးမယ်ဗျ

စိတ်လျှော့ဦးမှ...

.................

သူများအကြောင်းလည်း သိပ်မပြောပါ. စပ်မိစပ်ရာ ဘာညာကွိကွလေးပေါ့ဗျာ. ဟတ်ဟတ်ဟတ်.

ပြောလို့ ကိုသင်္ကြန်ကြီးက သူ့ရဲ့ စပ်မိစပ်ရာလေးကို လာပြီး စော်လကားမော်လကား လာလုပ်ပါတယ် ပြောမှ ဒုက္ခ.

ကိုသင်္ကြန်ကြီး... ပိစ်..

ကျွန်တော် နောက်တစ်ပတ်လောက်နေမှ ဒီဖက်ကို ပြန်လာဦးမယ်ဗျာ. ဒီတစ်ပတ် အလုပ်ထဲ အာရုံနှစ်လိုက်ဦးမယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ခင်မင်လေးစားလျက်

ရန်အောင်

စိုင်းစိုင်းခမ်းလှိုင်ရဲ့ စပ်မိစပ်ရာ ဘာညာကွိကွလေးကို နားဆင်ကြည့်ရှုခံစားလိုက်ပါဦး...




ဒါကတော့ ကျွန်တော့်ရဲ့ ဗားရှင်းလေးပေါ့. ဟတ်ဟတ်ဟတ်.

ကိုယ့်ထမင်းကို ကိုယ့်ဟာကိုယ်စားပြီး
ဘလော့ဂ်တကာလှည့် အတင်းတွေအုပ်တယ်.
ဘာတွေသိချင်လဲ ပြောပါ ဟုတ်ကဲ့.
နာမည်ကြီးတဲ့သူတွေနဲ့ ဗရုတ်ဗရက်
သူတို့အတွင်းရေး သတင်းစုံ အစုတ်အပဲ့
ကြားကနေပြီးတော့ အရောင်းအ၀ယ်လုပ်မယ်
ဟို ဘလော့ဂါ တကယ်ကိုရှုပ်တယ်
ဟို ကောင်မလေးဖက်က တော်တော်ငုပ်တယ်.
ဟိုဘလော့ဂါ အကြောင်း ကြားပြီးပြီလား
အိမ်ထောင်ရှိလျက်နဲ့ ဂျီတော့ခ်မှာ ထိုင်ပွား
ဟိုတစ်ယောက်က ဟိုဟာလုပ်တယ်.
ဒီတစ်ယောက်နဲ့ ဒါတွေဖြစ်တယ်.
ဒီတစ်ယောက်က ဒီလိုလုပ်သွား
ဟိုတစ်ယောက်မှာ အပီအပြင်ခံစား.

အိုး ယဲ..
သူများအကြောင်းလည်း မပြောတတ်ပါ.
စပ်မိစပ်ရာ ဘာညာကွိကွ
သူများအကြောင်းလည်း မရေးတတ်ပါ.
စပ်မိစပ်ရာ ကွိစိကွစ.

ဟ. ဟ. ဟ..
အိုးယဲ. အမ်ဟမ်း. အမ်ဟမ်း.
say what?
ယိုးယိုး. အိုးအိုး.

:D

12 comments:

MgThaJan said...
This comment has been removed by the author.
MgThaJan said...

အနော့်ကို ကြောရာလားလို့ လန့်တွားရာပဲ... :P

Apprenticeship said...

အင်း စကားပြောချင်တဲ့လူတွေ ပြောနေပါစေ.. အချိန်တန်ရင် ပီးသွားမှာပါ..။ အမှန်တရားက စကားပြောပါလိမ့်မယ်.. အားဖြည့်လိုက်ပေါ့.. ကိုယ်ဝါသနာ ပါရာကို သူများတွေကြောင့်တော့ မစွန့်လွတ်လိုက်ပါနဲ့ကိုရန်ရေ.. အဆင်ပြေပါစေ..

Mhaw Sayar said...

ဆိုးသွမ်းနေပါလား ကိုရန်ကြီး. စိတ်လျော့ထားပါဗျာ. မနက်က ကိစ္စတွေ ညနေရောက်တော့လည်း အားလုံး မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ. :)

layma said...

သာမီးက အဲဒါတွေ ကြိုတိရို့ ... ကြောက်ရို့  ဂျီတော့မှာ မပွားရဲဝူး..။ ဂျီတော့ ၀င်ရင်တောင် ကိုယ်ဖျောက်ထားတယ်..။ ကိစ္စရှိ မှ .. နည်းပညာ အခက်ခဲ ရှိမှ အကူညီတောင်းသင့်တဲ့ ဒူကို တောင်းရဲတယ်..။ ဒါတောင် သာမီးကိုရော ဘယ်ဒူတွေ ဘာကြောနေတေးလဲ တိဝူး..။ ဘလော့က မိတ်ချွေဟာ ဘလော့ပေါ်မှာ ဆုံကြတာပဲ ကောင်းပါဒယ်..။ ဦးရေခဲညှပ်ရဲ့ ဗားချင်းတစ်က အားကြီး ချိုလို့ တောင်းတယ်..။ သာမီးကိုတော့ ဘယ်ဒူတွေ ဘာတွေ ကြောမှန်းမတိလို့  မတိလက်စနဲ့ ပဲ ကြော်ကြော်ကြီး ဆက် ဘလော့နေတယ်..။

စိုးထက် - Soe Htet ! said...

ဒီလိုပါပဲ ကိုရန်အောင်ရေ ... ဆက်လျှောက် ... ဟဲ ဟဲ ... အေးဆေးပါ ... :)

မင်းကျန်စစ်။ said...

သီချင်းလိုက်ဆိုကြည့်တာ ရှယ်ပဲ။
ဂွတ်ထ ဂွတ်ထ :D
စိုင်းစိုင်းဂွမ်းလှိုင် ကို အဲဒီသီချင်း ဆိုခိုင်းလိုက် :P

ကိုရင်နော်ခင်လေးငယ် said...

ကိုရန်အောင်ရေ...
အစ အဆုံး ဖတ်ပြီး ဘာပြောရမှန်းကို
မသိတော့တာ....
စပ်စုခံရခြင်းတွေနဲ့ ဝေးပါစေနော်..။

မှတ်ချက် ။ ။
Hip Hop သီချင်းလည်းရေးပါလား
အကိုရာ.. (;P) (;P)

ကျားကျား said...

u yan yal...
cool down par byar. pee thyar mar pop nawt.het het het... hin hin hin... :D

ကျားကျား said...
This comment has been removed by the author.
ကျားကျား said...

tar tar ma par buu naw hin hin hin ;D

Anonymous said...

new lay yay par oo har .. nhar mhar old tway be` read nay ya tal .. d post ko read ter by heart ya tot mal .. :(