ချစ်သူငယ် ဘယ်ဝယ်ရောက်
ကွယ်ပျောက်လေတော့ စိုးလှသည်။ ။
ညစဉ်မှာ တွေ့စမြဲပေမို့
ရှောင်လွှဲကာ ချစ်သူပုန်းလေတော့
ချုံးကျလို့ စိတ်မတည်။ ။
ရင်ခွင်မှာ မသွေအစဉ်ထားလိုငဲ့
သူမမြင်သာ ရွှေဘ၀င်မဲ့သည်ကြောင့်
စူဆောင့်လို့ ရှောင်ပြေးပြီ
ပွေလီတဲ့ စိတ်ထဲ။ ။
မိန်ရာသီ နေခြည်မလင်းခင်ပ
ချိန်ခါမှီ လေပြည်သင်းစေဖို့
မာန်တင်းခါ မှိုင်တွေစောင့်
တောင့်တောင့်ထိုင်ဆဲ။ ။
လေးချိုး .......... ရေခဲငှက်
2 comments:
တောင့်တောင့်ထိုင်ပြီး စောင့်နေတဲ့ ကိုရေခဲငှက်ကို မြင်ယောင်လာတယ်..။
ဘာလို့  ချစ်သူပျောက်တဲ့ ကဗျာတွေ ခဏခဏ ရေးတာလဲ..။ အလွမ်းဓါတ်ခံ ရှိတာလား..။
ခံစားချက်တွေကိုရိုးရှင်းလှပစွာဖွဲ့ဆိုပုံပါပဲ....ကဗျာဆရာရဲ့ဒုက္ခကြီးမားပုံကိုစာနာမိပါတယ်....
Post a Comment