Tuesday, July 22, 2008

ဖရီးသဲ...



မနေ့ကပေါ့ဗျာ.

ကျွန်တော်တစ်ယောက် စာကြည့်တိုက်ဖက်က ပြန်လာလို့ ရထားပေါ်မှာ စာအုပ်တစ်အုပ်နဲ့ ဇိမ်ကျပြီး ပါလာခဲ့တာပေါ့.

ရှေ့တည့်တည့်မှာ အမျိုးသမီးတစ်ယောက် နေကာမျက်မှန်လေးကို ပင့်ကာပင့်ကာနဲ့ ပဲတွေပေးနေလေရဲ့. အဆိုတော်အောင်ရင်ရဲ့ “နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ်...” ဆိုတဲ့သီချင်းလေးတောင် သတိရလိုက်မိသေး. ဟတ်ဟတ်ဟတ်

ဘေးခုံမှာတော့ ipod လေးတွေနဲ့ ငြိမ့်ပြီး လိုက်လာကြတဲ့ ခရီးသည်တွေရယ်ပေါ့ဗျာ. တစ်ချို့က ငိုက်မြည်းလို့၊ တစ်ချို့က စကားစမြည်ပြောလို့၊ တစ်ချို့ကတော့ တောင့်တောင့်ကြီးထိုင်လို့၊ တစ်ချို့ကတော့လည်း ပတ်ဝန်းကျင်တစ်ခွင်ကို လေ့လာစူးစမ်း စပ်စုဖွေရှာလို့ပေါ့.

ရထားတွဲကြီးကလည်း တစ်ဘူတာဝင်တစ်ဘူတာထွက်နဲ့ ခုတ်မောင်းလာခဲ့ရာက ဘူတာဝင်ခါနီး စက်ရှိန်သတ်လိုက်တယ် ဆိုရင်ပဲ....

ဒလုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း....

Ipod နားထောင်နေတဲ့ အမည်းကောင်တစ်ကောင် ထိုင်နေရာကနေ အလန့်တကြားထခုန်တယ်.

သူခုန်တာနဲ့ သူ့ဘေးနားက ငိုက်နေတဲ့ မိန်းမကြီး ဖျတ်ခနဲ လန့်နိုးသွားတယ်.

ကျွန်တော့်ရှေ့တည့်တည့်က နေကာမျက်မှန်လေးနဲ့ ပဲမမ သူ့ထိုင်ခုံအောက်ကို ငုံ့ကြည့်တယ်.

ကျွန်တော်လည်း စာဖတ်နေရင်းကနေ ရှေ့တည့်တည့်မှာ အဖြူလုံးကြီးတစ်လုံး အရှိန်နဲ့ လိမ့်ဆင်းသွားတာကို မြင်လိုက်ရတယ်.

မနက်ကပဲ သတင်းက ကြေငြာပြီးပြီ. Terrorist Alert တဲ့..

ဘာတုန်းဗျာ..

အဲဒီ့လို အခြေအနေတွေ ရှုပ်ထွေးသွားချိန်မှာပဲ ပိုပြီး ရှုပ်ထွေးသွားစေတာကတော့ တရုတ်တစ်ယောက် ခြေကားယားလက်ကားယားနဲ့ ဟိုးတွဲရဲ့နောက်ဖက်ကနေ ပြေးလာပါတယ်.

အဲ... အဲ. အား.. အား..

အင်္ဂလိပ်လိုလည်း မပြောတတ်၊ တရုတ်လို ပြောလိုက်၊ အဲ.အဲ..အားအား.. အော်လိုက်နဲ့ လူတွေကြားထဲကို အတင်းတိုးဝင်လာပါတယ်.

ရှေ့တည့်တည့်က အလုံးကြီးလည်း အရှိန်သေသွားပါပြီ.

လူတွေလည်း ဘာလဲလို့ စိတ်ဝင်တစားနဲ့ လှမ်းကြည့်လိုက်ချိန်မှာတော့...

ဖရဲသီးတစ်လုံးဖြစ်နေပါတယ်...

ရထားတွဲတံခါးကို ခြေကန့်လန့်ခံပြီး မပိတ်အောင်ကာထားလို့ ဖရဲသီးကို ကျွတ်ကျွတ်အိတ်ထဲကို အမြန်ကောက်ထည့်ကာ ခုနက တရုတ် ပါးစပ်က ပွစိပွစိပြောရင်း အပြင်ကို ထွက်သွားခဲ့ပါတော့တယ်.

တွဲထဲမှာတော့ ခုနက အမည်းက “Oh, Man!” ဆိုပြီး ရက်ပါစတိုင်နဲ့ စိတ်ပျက်လက်ပျက်လုပ်ပြပါတယ်.

စောစောက ငိုက်နေတဲ့ အမျိုးသမီးကြီးလည်း ခုမှပဲ စိတ်အေးသွားရပုံနဲ့ ထိုင်ခုံနောက်ကို မှီချလိုက်ပြီး မျက်လုံးကို ဇွတ်မှိတ်လိုက်ပါတော့တယ်. သူမနှုတ်ခမ်းတွေကတော့ ပြုံးစိစိနဲ့ရယ်ပေါ့.

ရှေ့တည့်တည့်က ပဲမမကလည်း ရယ်ချင်စိတ်ကို မျိုသိပ်ထားပြီး သူမရဲ့ မျက်မှန်လေးကို တစ်ချက်ပင့်ကာ “အဟင်း” ဆိုပြီး ချောင်းတစ်ချက်ဆိုးလိုက်ပါတယ်.

ကျွန်တော်လား

ကျွန်တော်ကတော့ဗျာ. သိတယ်မဟုတ်လား

ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး တခွိခွိနဲ့ ရယ်ပြီး ကျန်နေခဲ့တော့တာပေါ့.

အဲဒါနဲ့ပဲ နားထားတဲ့ ဘလော့ဂ်လေးကို ပြန်ရေးဖြစ်သွားတော့တယ်.

ဟတ်ဟတ်ဟတ်..

ဆိုင်လား မဆိုင်လားတော့မသိဘူး...

ကျွန်တော်စာပြန်ရေးဖြစ်တာ ခုနက တရုတ်နဲ့ ဖရဲသီးကြောင့်ပဲဆိုရင် မှားမယ်မထင်ပါဘူးလေ...

6 comments:

chaos said...

ဆိုင်မဆိုင်တော့မသိဘူး
ဖတ်ပြီး ဖရဲသီးစားချင်တာတော့အမှန်ပဲ

Swe Swe said...

Whatever the reason...welcome back KYA...nice to read ur humorous writing again(-:cheers...

ရွှန်းမီ said...

Oh, man!
nice watermelon! :-)

ကလိုစေးထူး said...

ပို့စ်ချည်းပဲ ဖတ်ရင် အမှန်က ရယ်ရတယ်ကွ။ ဒါပေမယ့် မောင်ရန်က ခေါင်းစဉ်မှာ အစဖော်ထားတော့ ကြိုသိနေသလို ဖြစ်သွားလို့ ဟာသ နည်းနည်းပေါ့သွားတယ်။ နို့မို့ဆိုရင် ရထားပျက်လို့လား၊ ဗုံးကွဲလို့လား လို့ ဟိုဟိုဒီဒီတွေးပြီးမှ... နောက်ဆုံး `သြော်၊ လက်စသတ်တော့ ဖရဲသီးပဲ´ လို့ တွေးမိတော့မှာ။ သို့သော်.....။ :D

ဘလော့ကေးရှင်းကနေ ဆိုင်လာပြန်ခင်းတဲ့အတွက် ဈေးတန်းမှ ကြိုဆိုပါကြောင်း။

layma said...

ဖရဲသီး ဖြစ်နေတာပဲ ကျေးဇူးတင်ရမယ်..။

MELODYMAUNG said...

သူများတွေရဲ့ ကိုးရို့ကားယားစတိုင်လ်ပဲ သရုပ်ဖေါ်တယ် သူကျတော့ ငှက်ငှက် အိုးးးးကိုးရို့ကားယားးးးး ဘာနောက်ဆုံးမှ စာအုပ်ကာပြီး ခွိခွိရယ်တာတုန်း