ဒီတစ်ခါမျှဝေချင်တာကတော့ ဘလော့ဂ်မှာ Menu Tab လုပ်နည်းလေးပါပဲ. ဒီပို့စ်လေးကို ရေးဖို့ အားခဲထားတာ ကြာပါပြီ. အခုမှပဲ စတင် အကောင်အထည်ဖော်ဖြစ်တော့တယ်ဗျာ. အခု ကျွန်တော့်ရဲ့ ပို့စ်လေးကို ပုံစံ (၁)လို့ နာမည်ပေးထားရတာက နောက်ထပ် ပုံစံကွဲလေးတွေ ရှိသေးလို့ပါပဲ. အဲဒါလေးတွေကိုလည်း ထပ်ရေးပေးသွားပါမယ်. ပို့စ်တစ်ခုတည်းမှာ ရေးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ ခွဲထုတ်ရေးသားဖို့ ရည်ရွယ်ထားတာပါ.
ကဲ. ဒီတော့ Menu Tab ဆိုတာ ဘာလဲဆိုတာကနေ စကြည့်လိုက်ရအောင်. ပုံလေးတွေကို ကြည့်လိုက်ပါ. အဲဒါ Menu Tab လေးတွေပါပဲ.
ဘလော့ဂ်တန်းပလိတ်တိုင်းမှာ Menu Tab မပါကြပါဘူး. ပါတဲ့ တန်းပလိတ် တစ်ချို့ ရှိပါတယ်. ဒါပေမယ့် Wordpress အတွက် အများစုဖြစ်နေကြတယ်. Blogger Platoform အတွက်ကျပြန်တော့လည်း ရှိတော့ရှိပါရဲ့. Classic Template အတွက် ဖြစ်နေတတ်ပြီးတော့ New Blogger Widget Template အတွက် Menu Tab ထည့်ပေးပြီးသား မရှိတတ်ကြပါဘူး. ဒီတော့ ကိုယ်တိုင်ကိုယ်ကျ ထည့်တတ်အောင် လေ့လာသင်ယူလိုက်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလားဗျာ…
ပထမဦးဆုံးအနေနဲ့ ကိုယ်လုပ်မယ့် Menu Tab အတွက် Button လေးတွေကို ဖန်တီးယူရပါမယ်. Photoshop နိုင်နင်းတဲ့သူတွေအတွက်ဆိုရင်တော့ ကိုယ်ပိုင် Button လေးတွေကို ဖန်တီးနိုင်မှာပါ. Flash သမားတွေဆိုရင် ပိုတောင်မှ အဆင့်မြင့်တဲ့ Button လေးတွေ လုပ်ဖို့ အခွင့်အလမ်းအများကြီးရှိပါတယ်. အဲ. ကိုယ်တိုင် မလုပ်တတ်ရင်လည်း စိတ်မပူပါနဲ့. ဒီမှာ အဆင်သင့် လုပ်ပေးပြီးသား Button လေးတွေ ရှိပါတယ်. ကိုယ့်စိတ်ကြိုက် ပုံလေးတွေကို သိမ်းထားနိုင်ပါတယ်.
ကဲ. ပုံလေးတွေ ယူလိုက်ပြီနော်. ဒါဆိုရင် စလိုက်ကြရအောင်.
အဆင့် (၁)
- Blogger ထဲကို Sign in ၀င်ပါ. Layout>Template>Edit Html ကိုသွားပါ.
- တန်းပလိတ်ကို Backup လုပ်ဖို့ လုံးဝ (လုံးဝ) မမေ့ပါနဲ့. ဒါမှ မတော်တဆ အမှားလုပ်ခဲ့မိရင်တောင် ကိုယ့်ဘလော့ဂ်လေး မပျက်စီးနိုင်တော့ဘူးပေါ့.
- Expand Widget Templates ဆိုတဲ့ Box လေးကို Check လုပ်ခဲ့ပါ.
အဆင့် (၂)
- ပြီးသွားရင်တော့ တန်းပလိတ်ထဲမှာ ]]></b:skin> ဆိုတဲ့ Code လေးကို လိုက်ရှာပါ. တွေ့ပြီဆိုတာနဲ့ အောက်မှာ ဖော်ပြပေးမယ့် ကုဒ်ဒင်းလေးတွေကို အပေါ်ကနေ ကပ်လျက်ထည့်ပေးလိုက်ပါ.
/* Menu Tab Starts Here */
tabshori {
float:left;
width:100%;
font-size:13px;
border-bottom:1px solid #2763A5;
line-height:normal;

#tabshori ul {
margin:0;
padding:10px 10px 0 50px;
list-style:none;

#tabshori li {
display:inline;
margin:0;
padding:0;

#tabshori a {
float:left;
background:url("http://www.fileden.com/files/2007/2/17/784534/blackleft.gif") no-repeat left top;
margin:0;
padding:0 0 0 4px;
text-decoration:none;

#tabshori a span {
float:left;
display:block;
background:url("http://www.fileden.com/files/2007/2/17/784534/blackright.gif") no-repeat right top;
padding:5px 14px 4px 4px;
color:#24618E;

/* Commented Backslash Hack hides rule from IE5-Mac \*/
#tabshori a span {float:none;}
/* End IE5-Mac hack */
#tabshori a:hover {
background-position:0% -42px;

#tabshori a:hover span {
background-position:100% -42px;

အပေါ်မှာ ပြထားတဲ့ ကုဒ်ဒင်းလေးတွေထဲမှာ Default အနေနဲ့ Black Button လေးကို ထည့်ပေးထားပါတယ်. ကိုယ်ကြိုက်တဲ့ အရောင် ပြောင်းယူနိုင်ပါတယ်. အနီရောင်ကြိုက်ရင် blackleft.gif နေရာမှာ redleft.gif ဆိုပြီးတော့ တစ်ခါ၊ blackright.gif နေရာမှာ redright.gif ဆိုပြီးတော့ တစ်ခါ နှစ်နေရာမှာ ပြောင်းပေးရပါမယ်. ဒီလောက်ဆို သဘောပေါက်ပြီထင်ပါတယ်.
ဒီနေရာမှာ တစ်ခု ဖြတ်ပြောချင်ပါတယ်. ဘာလဲဆိုတော့ အခုကျွန်တော်ပေးထားတဲ့ Button လေးတွေအတွက် URL တွေကို သူများတင်ပေးပြီးသား လင့်ခ်တွေကို ယူသုံးတာထက် Hosting Site တစ်ခုခုမှာ ကိုယ်ပိုင်ကောက်တင်ပြီး ယူသုံးတာ ကိုယ့်အတွက် ပိုစိတ်ချရပါတယ်. မဟုတ်ရင်တော့ ၀ိုင်းပြီး သုံးသူတွေ များနိုင်တာကြောင့် Bandwidth မနိုင်တာတွေ ဖြစ်လာနိုင်ပြီး ကိုယ့်ဘလော့ဂ်မှာ တင်ထားတဲ့ Menu Tab လေးတွေ ခဏခဏ ဒေါင်းသွားတတ်ပါတယ်.
File Hosting မလုပ်ခင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို အရင်ဆုံး Save လုပ်ပါ. ဖိုင်လ်တွေကို ဘယ်လိုမျိုး Host လုပ်ရလဲဆိုတာကို သိချင်ရင်တော့ ဒီပို့စ်လေးကို ဖတ်ပြီး လေ့လာစမ်းသပ်ကြည့်ပါခင်ဗျာ….
Button လေးတစ်ခုကို အစမ်းသဘောအနေနဲ့ တင်ပြပေးပါမယ်. အစိမ်းရောင်လေးကို ရွေးလိုက်ပါမယ်. တင်ရမယ့် ဖိုင်က နှစ်ခုပါ. Greenleft.gif နဲ့ Greenright.gif ပါ.
Free File Hosting ပေးတဲ့ Site တွေထဲကမှ Fileden ကို ကျွန်တော်ရွေးလိုက်ပါမယ်.
Upload ဆိုတဲ့ Tab လေးကို ရွေးပါမယ်.
ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို Browse ကနေ တစ်ဆင့် ရွေးပါမယ်. ပြီးရင်တော့ Upload လုပ်ပါမယ်.
ကျွန်တော်တင်ချင်တဲ့ Greenleft.gif နဲ့ Greenright.gif ဖိုင်လေးတွေကို ရွေးပြီးတော့ Upload လုပ်ပါမယ်.
နောက်တစ်မျက်နှာမှာ ပေါ်လာမှာကတော့ ကျွန်တော်တို့တင်လိုက်တဲ့ ဖိုင်လေးတွေရဲ့ URL လင့်ခ်လေးတွေပါပဲ. Selection လုပ်ပြထားတဲ့ URL လေးတွေကို ကူးယူလိုက်ရင် File Hosting လုပ်တဲ့ Process အောင်မြင်စွာ ပြီးဆုံးသွားပါပြီ.
အခု ကျွန်တော်တို့ရဲ့ Case မှာတော့ ဒီလင့်ခ်လေးနှစ်ခုကို ယူလာရပါမယ်.
http://www.fileden.com/files/2007/2/17/784534/greenleft.gif နဲ့
http://www.fileden.com/files/2007/2/17/784534/greenright.gif တို့ပဲ ဖြစ်ပါတယ်.
အဲဒီ့လင့်ခ်လေးနှစ်ခုကို အပေါ်မှာ ဆွေးနွေးထားခဲ့သလိုပဲ
http://www.fileden.com/files/2007/2/17/784534/blackleft.gif နဲ့
http://www.fileden.com/files/2007/2/17/784534/blackright.gif ဆိုတဲ့
နေရာလေးတွေမှာ အသီးသီး အစားသွင်းပေးလိုက်ရင် ကိုယ့်စိတ်ကြိုက် Button လေးတွေကို Menu Tab လုပ်တဲ့ အဆင့်ပြီးသွားပြန်ပါပြီ….
အဆင့် (၃)
ဒီအဆင့်က နည်းနည်းခက်ပါတယ်. လန့်မသွားပါနဲ့ဦး. သတိထားပြီး ဖတ်စေချင်လို့ပါ. ဘာလို့လဲဆိုတော့ ဘလော့ဂါတွေ သုံးတဲ့ တန်းပလိတ်တွေက တစ်ခုနဲ့ တစ်ခု မတူကြဘူးမဟုတ်လား. ဒီတော့ အခုပြမယ့် Tricks လေးတွေထဲက တစ်ခုခုနဲ့ အဆင်ပြေမပြေ ကိုယ်တိုင် အရင်စမ်းသပ်ကြည့်ဖို့ လိုပါတယ်. ဒါကြောင့် ဒီအဆင့်လေးကို သတိထားပြီး ဖတ်စေချင်ပါတယ် ခင်ဗျာ.
ပထမဦးဆုံး အခု ကျွန်တော်ပေးလိုက်မယ့် ကုဒ်ဒင်းလေးကို ကော်ပီကူးထားစေချင်ပါတယ်.

မူလစာမျက်နှာသို့

Your Link Name

Your Link Name

ဥပမာ လုပ်ပြပေးထားတဲ့ လင့်ခ်လေးတွေနေရာမှာ ကိုယ့်စိတ်ကြိုက် လင့်ခ်လေးတွေ ထည့်ပေးဖို့တော့ မမေ့ပါနဲ့.
ရပြီဆိုရင်တော့ အဲဒီ့ကုဒ်ဒင်းလေးတွေကို ကော်ပီကူးပြီး အသင့်ပြင်ထားနော်.
ကဲ. ဆက်လုပ်လိုက်ကြရအောင်.
နည်းလမ်း (၁)

ဆိုတဲ့ ကုဒ်ဒင်းလေးကို တွေ့အောင် ရှာပါ. တွေ့ခဲ့ရင်တော့ အခုနက ကျွန်တော်တို့ ကော်ပီကူးထားတဲ့ ကုဒ်ဒင်းလေးတွေကို အခုတွေ့နေရတဲ့
ဆိုတဲ့ ကုဒ်ဒင်းလေးအပေါ်ကနေ ကပ်လျက် ထည့်ပေးလိုက်ပါ.
Template ကို Save မလုပ်ပါနဲ့ဦး. အရင်ဆုံး Preview ကြည့်ကြည့်ပါ. ကြိုက်ပြီလား. အိုကေ. ဒါဆိုရင် Save လုပ်လို့ရပါပြီ.
ဟာ. မဟုတ်သေးဘူး. Menu Tab ပေါ်နေတဲ့ နေရာကို မကြိုက်ဘူး. ဒါဆိုရင်တော့ နောက်တစ်မျိုး ကြိုးစားကြည့်ပါမယ်.
တန်းပလိတ်ထဲမှာ
ဆိုတဲ့ ကုဒ်ဒင်းလေးတွေ အများကြီးရှိပါတယ်. အဲဒါလေးတွေကို ရှာပြီး အပေါ်ကနေ ကပ်လျက်မှာ ကော်ပီကူးဖို့ ပြောထားတဲ့ ကုဒ်ဒင်းလေးတွေကို ထည့်ပေးလိုက်ပါ. တန်းပလိတ်ထဲမှာ
ဆိုတာလေးတွေ အများကြီးပါပါလိမ့်မယ်. ကြိုးစားကြည့်ပါ. ကိုယ့်စိတ်ကြိုက်နေရာမှာ Menu Tab လေးပေါ်လာသည်အထိပေါ့. Preview ခဏခဏ လုပ်ကြည့်ပါ. စိတ်ကြိုက်ရပြီဆိုတော့မှ Save Template လုပ်ပါ.
ဒါက နည်းလမ်း (၁) ပေါ့. တန်းပလိတ်အများစုက ဒီနည်းလမ်းနဲ့ အဆင်ပြေတတ်ကြပါတယ်.
မပြေဘူးဆိုခဲ့ရင်ရော…
Fine! Here is another method…
နည်းလမ်း (၂)
တန်းပလိတ်ထဲမှာ အောက်ပါ ကုဒ်ဒင်းလေးတွေကို လိုက်ရှာပါ.
<b:section class='header' id='header'
maxwidgets='1' showaddelement='no'>
<b:widget id='Header1' locked='true'
title='your blog title (Header)' type='Header'/>
</b:section>
တွေ့ခဲ့ရင် အနီရောင်နေရာလေးတွေကို အခုလို ပြင်လိုက်ပါ.
<b:section class='header' id='header'
maxwidgets='2' showaddelement='yes'>
<b:widget id='Header1' locked='false'
title='your blog title (Header)' type='Header'/>
</b:section>
ပြီးသွားခဲ့ရင်တော့ တန်းပလိတ်ကို Save လုပ်ခဲ့ပါ. ပြီးရင် Page Element> Add Page Element> HTML/Javascript ကို ရွေးပါ. ရပြီဆိုရင်တော့ ခုနက ကော်ပီကူးခိုင်းထားတဲ့ ကုဒ်ဒင်းလေးတွေကို ပေါ်လာမယ့် Content Box လေးထဲမှာ ထည့်ပေးလိုက်ပါ. Save လုပ်ပါ. Preview ကြည့်ကြည့်ပါ.
ကဲ. အဆင်ပြေချောမွေ့ကြပါစေဗျာ. အဆင်မပြေခဲ့တာတွေ ရှိခဲ့ရင်လည်း ကော်မန့်မှာ မေးမြန်းနိုင်ပါတယ်.
Menu Tab တင်နည်း ပုံစံ (၂) ကို မကြာခင် ဆက်လက်ရေးသားဆွေးနွေးပေးသွားပါမယ်.
Acknowledgement:
ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆိုဖြည့်စွက် ရေးသားထားခြင်းဖြစ်ပါတယ် ခင်ဗျာ....
အားလုံးကို ချစ်ခင်လေးစားလျက်
ရန်အောင်.
10 comments:
ကိုရန်အောင်ရေ.. အခုပဲ စမ်းကြည့်လိုက်မယ်..
ပထမဦးဆုံး ကျေးဇူးလာတင်သွားသည်။

အားရင် ပိုစ့်တွေ များများတင်ပါ။
အားပေးလျှက်။
Tea
ko yan aung,
my template isn't fine with method-1 of last stage.
so, i tried with method-2..
for the early part, i was ok.
I can do "Add a page element" at title bar.
but, when i add the link codes..
they are very big.. and not normal.. fonts are extremely huge... i don't know why..
thx..
ကိုရန်အောင်ခင်ဗျား.....
အစ်ကိုပေးထားတဲ့ အတိုင်း လုပ်တာ ပြသနာ ၂
ခု ကြုံ နေလို့  ....
၁ ။ ပထမပေးတဲ့ link ကို ချိတ်လို့  မရပါ ၊ ဒုတိယ နဲ့ 
တတိယ ကချိတ်လို့  ရပါတယ် ။
၂ ။ ဒုတိယ က ဘေးက (Slide Bar) က page elements တွေက အောက် ကို ရောက် သွား တယ် ခင်ဗျ ။
ပြန်စာမျှော်လင့်လျက် .........
လေးစားစွာ ဖြင့်
ကိုသားကြီး
အစ်ကိုပြောတာ စမ်းတဝါးဝါးနဲ့ လုပ်ကြည့်လိုက်တာ အကုန်အဆင်ပြေတယ်ဗျ။ ထည့်လို့တော့ပြီးသွားပေမယ့် သိချင်တာလေး ရှိနေသေးလို့အစ်ကို။ menu tab တစ်ခုချင်း click လိုက်ရင် သူနဲ့သက်ဆိုင်တဲ post လေးတွေပေါ်လာအောင် ဘယ်လိုဆက်လုပ်ရမလေး အစ်ကို။ menu tab တစ်ခုအတွက်ဘလော့အသစ်ထပ်လုပ်ပြီး လင့်ချိတ်ရမလိုဖြစ်နေလို့ ဘလော့တစ်ခုတည်းမှာပဲ အပိုင်းလိုက်ခွဲလို့ရ/မရ သိချင်လို့ပါ။
အဆင်မပြေဘူး...ကျွှန်တော်ကအ၇မ်းကို နားမလည်တော. လုပ်လိုက်တိုင်း တလွဲဖြစ်နေတယ် ကူညီပါအုံး :please:
KO Yan Aung,
I cannot do it.I found what you told but I don't know how should attach adding code.I really need u how can you reply me. my gmail is truemoonrider@gmail.com.I waiting you. I believe you will contact me sooner
အကိုရေ..ဘလော့ နဲ့ ပတ်သက်တဲ့ နည်းပညာလေးတွေကို freebumar2010@gmail.com ကို၊အကိုအားရင်မေးပို့ ပြီးမျှဝေပေးပါဦး။ပြီးတော့ ကျွန်တော့် ဘလော့ ကိုမကျော်ပဲနဲ့ တိုက်ရိုက်ကြည့် လို့ မရဘူးဖြစ်နေတယ်။အဲဒါတိုက်ရိုက်ကြည့် လို့ ရအောင် co.cc အကောင့် ဖွင့် တော့ လဲမှားပြီးနှစ်ခါဖွင့် မိလို့  free domain မဖြစ်ပဲ 3$ တောင်းနေတယ်။အဲဒီမှာလဲ setup လုပ်လို့ မရဘူးဖြစ်နေတယ်။အကိုအကြံပေးပေးပါဦး။ညီ့ ရဲ့ ဘလော့ က http://yakatha.blogspot.com ပါ။
ကိုရန်အောင် ကျွန်တော့မှာ မိန်း-မာတိကာရယ်၊ ကတာဂါရီမာတိကာ လုပ်တာအဆင်မပြေဘူးဖြစ်နေတယ်။ ကျွန်တော်ယူတဲ့တန်းပလိတ်မှာက အဲဒါတွေပါပြီးသားပါ။ သို့သော်လည်း ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူးဖြစ်နေတယ်။ အဲဒါတွေကို ဆက်စပ်မှုရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးခင်ဗျား။ ကိုယ့်ဘလောနဲ့ ကိုယ်မာတိကာ ကိုက်အောင် ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြုပြီး ပြောပြပေးခင်ဗျား။
လာလည်ပါတယ် ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။ ကျွန်တော် blog မှာ အစ်ကိုတို့ blog ကို add ချင်လို့ ဘယ်လို ရလဲဆိုတာလေးပြောပြပေးပါ ခင်ဗျာ။
အစ်ကိုရေ add လို့ရသွားပါပြီကျေးဇူးပါခင်ဗျာ။
Post a Comment