Wednesday, September 19, 2007

နယူးယောက်မြိှု့ ကုလရုံးရှေ့မှာ အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီးတစ်ခု ပြုလုပ်မည်..



ဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းတို့…

စက်တင်ဘာ ၂၁ ရက်၊ သောကြာနေ့၌ မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူပြည်သားများကို ကယ်ဆယ်ရန်အတွက် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးရေး ဆန္ဒပြအခမ်းအနားတစ်ရပ် စီစဉ်ထားပါတယ်…

အဲဒီ့အခမ်းအနားကို Indiana, North Carolina, Maryland, Ohio, Pennsylvania, Upstate New York နှင့် အခြားသော ပြည်နယ်များရှိ မျိုးချစ်မြန်မာများ ပူးပေါင်းပြီးတော့ စီစဉ်ထားတာပါ.

ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲများကို ကုလသမဂ္ဂမှ ပါဝင်ဖြန်ဖြေဆောင်ရွက်ပေးရေးအတွက် ဆက်လက်လှုံ့ဆော် တွန်းအားပေးသွားကြမှာ ဖြစ်ပါတယ်ခင်ဗျာ.

ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဆန္ဒမပြမီ ကျွန်တော်တို့ ဆန္ဒပြသူများဟာ ရုရှသံရုံးနဲ့ တရုတ်သံရုံးတို့ရှေ့ကို ပထမဦးစွာ ချီတက်ဆန္ဒပြမှာ ဖြစ်ပါတယ်.

ဆန္ဒပြပွဲကို အနယ်နယ်အရပ်ရပ်မှ လာရောက်ပူးပေါင်းပါဝင်အားဖြည့်ပေးမယ့် ဒီမိုကရေစီ ရဲဘော်ရဲဘက်တွေ၊ မျိုးချစ်ကျောင်းသားလူငယ်တွေ၊ နိုင်ငံချစ်တဲ့ အဝေးရောက်သားကောင်းမြန်မာတွေကို ဧည့်ခံကျွေးမွေးဖို့ အစားအစာနဲ့ ရေတို့ကိုလည်း လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ အသိပေးနှိုးဆော်အပ်ပါတယ် ခင်ဗျာ…

ဒီသတင်းကို နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းတို့ထံ ဆက်လက်ဖြန့်ဝေပေးဖို့ မေတ္တာရပ်ခံပါတယ်..

ဆန္ဒပြမည့်အချိန်… နေ့လည် ၁၂ နာရီ

(၁) ဆုံရပ် - Russian Mission to UN, 136 East 67th Street, New York, NY 10021
(၂) ချီတက်မည့်နေရာ - China Mission to UN, 350 East 35th Street, New York, NY 10016
(၃) အခမ်းအနားနေရာ - United Nations, Dag Hammarskjold Plaza, 47th Street and 1st Ave, New York, NY 10017


ဆက်သွယ်ရန်

- ၀င်းရှိန်မောင် - 718-335-5913
- မိုးချမ်း - 646-643-8689

* ဒီဖြန့်ဝေစာမူရင်းပါ စာသားတစ်ချို့ကို ဖတ်ရှုရတာ အဆင်ပြေလွယ်ကူအောင် အနည်းငယ်ပြောင်းလဲ ဖြည့်စွက်ရေးသားထားပါတယ်. ဒီဆန္ဒပြပွဲကို ကျွန်တော်ကိုယ်တိုင်လည်း သွားရောက်အားဖြည့်မှာ ဖြစ်ပါတယ်. သတင်းဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါမယ်ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

2 comments:

(တေးမွန်) said...

ချကွ.... ကိုရန်အောင်ရေ..

နတ်ဆိုး

ညီညီ(သံလွင်) said...

အားပေးပါတယ် ကိုရန်အောင်။ အားလုံး ညီညီညွတ်ညွတ် တိုက်ပွဲရမှ ကျွန်တော်တို့ ပန်းတိုင်ကို ရောက်မှာပါ။ သတင်းဓာတ်ပုံတွေ စောင့်မျှော်နေပါမယ်။