Saturday, September 29, 2007

အသည်းနာကမ္ဘာမကြေ…

အသည်းနာကမ္ဘာမကြေ…(မာမာအေး)


သံဃာတော်တွေ သွေးမြေကျရပြီတဲ့
တကြော်ကြော် ဟစ်ကြွေးကြသော်ငြား
မကြားချင်ပေါင် ပူလောင်ခံစား
ပင်လယ်ဖြစ်သွားမျက်ရည်များ
တစ်နေ့တစ်နေ့နဲ့အသက်တွေ
ပေးဆပ်ခဲ့ရ ကြာရှည်
ဗမာပြည်သူအဆွေ
မဆုတ်ထိတိုက်မယ့်ခိုက်မယ့်ဇွဲထက်နေ…

Credits:

ဒီသီချင်းစာသားတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သားတော် ရဟန်းသံဃာတော်တွေ သွေးမြေကျခဲ့ရတာကို မြင်ရကြားရပြီးနောက် ရင်ထဲကနေ ပဲ့တင်ထပ်လာတဲ့ ၀မ်းနည်းပူဆွေးသံတွေပါ.
ရေးစပ်သူကတော့ မေမြန်မာဖြစ်ပြီး ရွှေပြည်အေးက တီးခတ်ပါတယ်ခင်ဗျာ. ပိုင်နိုင်စွာနဲ့ ရင်ထဲထိစွဲငြိအောင် သီဆိုပေးသူကတော့ ဒေါ်မာမာအေးပဲ ဖြစ်ပါတယ်ခင်ဗျာ.

ဒီသီချင်းကို ဘလော့ဂ်မှာတင်ပြီး အားလုံးကို ဖြန့်ဝေပေးဖို့ အကြံပြုပေးပို့ပေးခဲ့တဲ့ Burma Point မှ မမေစိုးညွှန့်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.

Right Click ခေါက်ပြီး Download လုပ်ယူနိုင်ပါတယ်. အဆင်မပြေရင် ဒီမှာရယူနိုင်ပါသေးတယ်. အားလုံး ဆက်လက်ဖြန့်ဝေပေးကြပါခင်ဗျာ….

မြန်မာပြည်တွင်းက ဆန္ဒပြသူများအားလုံး…

ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ခွဲခြားမရဘူး. အတူတကွရှိနေမယ်. စိတ်ဓာတ်တွေကို ဆက်လက်ထိန်းသိမ်းပေးထားကြပါ..

တစ်နှစ်အတွင်း မြန်မာပြည် လုံးဝ လွတ်လပ်စေရမည်!!!

(ရန်အောင်)

No comments: