Friday, September 28, 2007

နယူးယောက်မြို့့ကုလရုံးရှေ့မှ ဒုတိယအကြိမ်မြောက်ဆန္ဒပြပွဲ




အမေရိကန်ပြည်ထောင်စုရှိ မြန်မာနှင့် အခြားဗုဒ္ဓဘာသာ သံဃာတော်အပါး ၃၀ ခန့် ဦးဆောင်၍ ကုလသမဂ္ဂ ရုံးချုပ်ရှေ့တွင် စက်တင်ဘာ ၂၇ ရက်နေ့၌ ဆန္ဒပြပွဲ တစ်ရပ် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင်း ဖိနှိပ်သတ်ဖြတ်နေမှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြနေစဉ် နယူးယောက် အခြေစိုက် သတင်းဌာနများနှင့် ကုလသမဂ္ဂဆိုင်ရာ သတင်းဌာနများက သတင်းများစွာ ယူခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသော အခြေအနေများကိုလည်း ဆန္ဒပြနေသော သံဃာတော်များအား မေးမြန်းစုံစမ်းကြသည်။


တက်ရောက်လာသော မြန်မာများကလည်း ဗုဒ္ဓမြတ်စွာဘုရားပုံတော်၊ နိုင်ငံတွင်းဖြစ်ပျက်နေသော ဓာတ်ပုံများနှင့် “China, Russia, UN! Take Action on Burma!!!” စသော အလံများကိုင်ဆောင်၍ အပြင်းအထန် ဆန္ဒပြကြသည်။

ဆက်လက်၍လည်း မြန်မာနိုင်ငံတွင်း သံဃာတော်များနှင့် အခြားကျောင်းသားပြည်သူများ ခံစားနေရသော ဖိနှိပ်ချုပ်ချယ်မှုများကို ပြင်းပြင်းထန်ထန် ဆန္ဒများ ထုတ်ဖော်ပြသသွားမည် ဖြစ်သည်။

Burma Point
P.O. Box 770401, Woodside, NY 11377-0401
Ph: 718-396-1464

www.burmapoint.com

ဓာတ်ပုံများကို DNY မှ ရိုက်ကူးမှတ်တမ်းတင်ပါသည်...

2 comments:

Anonymous said...

်ကိုရန်အောင်ရှင့်။

မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာကိုးကွယ်တဲ့သူတွေဟာလည်း မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသားစစ်စစ်တွေပါ။ စစ်အစိုးရရဲ့ မတရားဖိနှိပ်မှုကို ခံနေကြရတဲ့သူတွေခြင်း အတူတူပါပဲ။ ဒီသပိတ်မှောက်တဲ့ ကိစ္စကို ရဟန်းသံဃာတော်တွေက စတင်ဦးဆောင်ပြီး ပြည်သူတွေအတွက် ရှေ့ ကမားမားမတ်မတ် ရပ်တည်ခဲ့ကြတဲ့ အတွက် ကျွန်မတို့  အရမ်းလေးစားကြည်ညိုမိပါတယ်။ အကို့ ရဲ့ သုံးသပ်ချက် နံပါတ် (၄)မှာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ ကရင်၊ ချင်း တပ်လို့ ရေးထားတဲ့ ကိစ္စကို အနည်းငယ်ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ခရစ်ယာန်တွေဟာ လူနည်းစုဖြစ်ပေမယ့် ကိုယ့်မြန်မာနိုင်ငံကို ချစ်စိတ် အတိုင်းအတာ က တော့အတူတူပါပဲ။ ကိုရန်အောင်ဆိုလိုချင်တာက စကားမပေါက်ရောက်စေချင်တဲ့အတွက် နအဖက ဗမာစကားမတတ်တဲ့ ကရင်၊ချင်း စတဲ့တပ်တွေကို စေခိုင်းတယ်လို့ ပြောချင်တယ်ထင်ပါတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာဝင်တွေ ဆိုတဲ့သတ်မှတ်ချက်ကတော့ ဘာသာရေးဆိုင်ရာ အထင်မှားမှုတွေရှိလာစေနိုင်ပါတယ်။ ဒီကိစ္စဟာ ဘာသာတရားနဲ့ မဆိုင်ဘူးလို့ ထင်မိပါတယ်။ ဦးနှောက်မရှိတဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူတွေသာ ရဟန်းသော သံဃာသော နားမလည်ဘဲ စေခိုင်းရာကိုသာ လုပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အခုဒီသုံးသပ်ချက်ကိုဖတ်ခြင်းဖြင့် ကျွန်မ စိတ်မကောင်း ဖြစ်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီသုံးသပ်ချက်ကို ဖတ်ကြတဲ့သူတွေမှာ ပညာအရည်အချင်း အဆင့်အတန်းက အမျိုးမျိုးရှိကြပြီး အဓိပ္ပါယ်ကောက်ယူမှုအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီလိုနားလည်မှု အမျိုးမျိုး၊ အဓိပ္ပါယ်အမျိုးမျိုး ကြားကနေ ပဋိပက္ခတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ပဋိပက္ခတွေဆီကို ဦးမတည်စေသင့်ဘူးထင်ပါတယ်။ စာအရေးအသားကို အနည်းငယ် သတိထားပေးပါလို့ တောင်းဆိုပါရစေ။

Yan said...

>Sandra...

ဟုတ်ကဲ့. ကျွန်တော်ပြန်ပြင်ပေးပါမယ်ခင်ဗျာ. ခုလိုမျိုးထောက်ပြပြောဆိုတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်.

ခင်မင်လေးစားလျက်
ရန်အောင်