Friday, September 21, 2007

နိုင်ငံအနှံ့သံဃာ့ဆန္ဒပြပွဲများ အနှစ်ချုပ်သတင်း...



Source: DVB

2 comments:

PMK said...

အထိကရုဏ်းများဖြစ်ပြီး တိုင်းပြည် ကမောက်ကမဖြစ်လျှင် ကြုံတွေ့လာနိုင်ဖွယ်ရှိသော ဆိုးကျိုးများ
၁။ တိုင်းပြည်မတည်မငြိမ်ဖြစ်လျှင် ကုန်သည်မှ အစ လက်လုပ်လက်အစား အဆုံး စီးပွားရေး ကျပ်တည်းလာလိမ့်မည်။
၂။ အုပ်ချုပ်ရေး ယန္တရားများ မတည်မငြိမ်ဖြစ်နေချိန်တွင် ပတ်ဝန်းကျင် တွင် မကျေမနပ်ရှိသူများက ၄င်းတို့ မျက်မုန်းကျိုးမုန်းတီးသူများအား လက်ရဲဇက်ရဲ ပြုလုပ်လာနိုင်ပါသည်။
၃။ တိုင်းပြည်မငြိမ်သက်သည် ကို အကြောင်းပြု၍ ၀ိသမလောဘ သမားများက နိုင်လိုမင်းထက် အများပြည်သူပိုင် ဆိုင်ခန်း၊ ပစ္စည်းဥစ္စာများအား လုယက်လာနိုင်ပါသည်။
၎။ ကျောင်းသူကျောင်းသားများ အနေဖြင့် လည်း တိုင်းပြည်မတည်မငြိမ် ဖြစ်နေချိန်ဖြစ်၍ ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားလျှင် စာသင်နှစ် နှောင့်နှေးကြံ့ကြာခြင်းဖြစ်ပေါ်လာနိုင်ပါသည်။
၅။ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် ပြည်သူပြည်သားများ၏ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့လာနိုင်ပါသည်။

ကျွန်တော်က ဆန္ဒပြသူတွေကို အပြစ်တင်လိုခြင်းမဟုတ်ပါဘူး။ ဒီအချက်တွေနဲ့ ခြောက်လှန့်ချင်တဲ့ ဆန္ဒ လုံးဝ မပါပါဘူး။ မိမိဆန္ဒကိုလွတ်လပ်ရဲဝံ့စွာ ဖော်ထုတ်ပြသသူတွေကို လေးစားသလို ကြိုလဲကြိုဆိုပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တတ်တယ်ဆိုတာ သတိပြုစေလိုလို့ပါ။ ကျွန်တော်တို့ ၁၉၈၈ တုန်းကလို သွေးစွန်းတဲ့ အထိကရုဏ်းမျိုး လုံးဝ မလိုလားပါဘူး။ အဓိက ထိခိုက်နစ်နာမှာက ပြည်သူတွေသာဖြစ်ပါတယ်။ အရှေ့က လူတွေက မွန်မြတ်စွာ ဆန္ဒပြကြပေမယ့် အချောင်သမား ဒုစရိုက်သမားများက ပွဲလန့်တုန်းဖျာခင်း၊ တောင်မီးလောင် တော့ တောကြောင် လက်ခမောင်းခတ် လာနိုင်ပါတယ်။ ထိခိုက်နစ်နာမှုတွေကို စိုးရွံ့မိလို့ ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။ တိုင်းပြည် ပျက်လျှင် ဒီလိုဘေးထွက် ဆိုးကျိုးတွေ ကြုံတွေ့လာနိုင်တယ်ဆိုတာ အားလုံး သတိပြုပေးကြပါခင်ဗျာ။

Anonymous said...

ဆဒန်ဆင်မင်း ဇာတ်တော်

ဆဒန်ဆင်မင်းဇတ်တော် ဆိုတာ လူတိုင်းသိပါတယ် ဇာတ်တော်ထဲမှာ ဘုရားလောင်းဆင်မင်းက မုဆိုးကို သတ်ဖို့လုပ်နေတုံး မုဆိုးက သင်ကန်းကို ပစ်ချပေးလိုက်တယ်။ ဘုရားလောင်းဟာ သင်ကန်းကြောင့် စွယ်တော်ကို ဖြတ်ခွင့်ပေးလိုက်တယ် ဒီနေရာမှာ ကျွန်တော်တာဆိုရင် ဖြတ်ခွင့်ပေးနိုင်မယ်မထင်ဘူး ဒါစဉ်းစားသင့်တယ် ကျွန်တော်တို့က ပုတုစဉ်လူတွေလေဗျာ . . . ဒါကဒီနေ့ခေတ်ဇာတ်တော်ကျတော့ . . . . ဘယ်သူကအစွယ်ကိုမပေးချင်တဲ့ဆင်မင်းလဲ ဘယ်သူက သင်ကန်းဝတ် မုဆိုးလဲ အစွယ်ကို လိုချင်တဲ့ မိဖုရားက ဘယ်သူတုံး . . . ဇာတ်တော်ကြည့်နေကြတဲ့ လူတွေက ဘာတွေလဲ (၀ိုင်းလှော်ကြတာလား) ကျွန်တော်လား. . . ? သင်ကန်းဝတ် မုဆိုးတွေလာရင် အိမ်တိုင်ချွတ်ယူသွားမှာ ကြောက်တယ်. . . . .