Monday, September 10, 2007

မေတ္တာရပ်ခံချက်


ကျွန်တော်ခုတလော အလုပ်များနေလို့ ဘလော့ဂ်မရေးဖြစ်တာကို ခွင့်လွှတ်နားလည်ပေးကြပါခင်ဗျာ. အလုပ်က မနက်ဆို ၅ နာရီလောက်ကတည်းက ထပြီး ပြင်ဆင်ရတယ်. ၆ နာရီအိမ်ကထွက်ပြီး ကားစီး၊ ရထားစီးနဲ့ ၇ ခွဲအရောက်ဝင်ရတယ်. ညဖက် ၇ နာရီမှ ဆင်းတယ်. ပြန်ရောက်တော့ ၈ ခွဲ ၉ လောက်ဖြစ်သွားရော. ပြီးတော့ ရေမိုးချိုး၊ ထမင်းစား၊ အိုးခွက်တွေ တိုက်ချွတ်ဆေးကြောနဲ့ ၁၀ နာရီနားကပ်သွားရောဗျာ. ၁၁ နာရီခွဲမှာ အိပ်ယာဝင်တယ်ဆိုတော့ ကျွန်တော့်အတွက် ၁ နာရီခွဲလောက်ပဲ တစ်ခုခုလုပ်ချိန်ရှိတော့တယ်. အဲဒီ့အချိန်လေးထဲမှာ အရေးကြီးတဲ့ လုပ်စရာလေးတွေကို စာရင်းချလုပ်၊ Language လေ့လာ၊ Email စစ်၊ စာနည်းနည်းဖတ်၊ ဆီဗုံးမှာ စာပြန်နဲ့ အိပ်ချိန်ကို ရောက်သွားပါလေရောဗျာ.

လောလောဆယ်မှာ အလုပ်က အသစ်ဖြစ်တဲ့အပြင် ကျွန်တော်ကလည်း စောစောထတဲ့ အကျင့်ကို ပြန်လုပ်ယူနေရတော့ အချိန်တွေ fix မဖြစ်သေးဘူးဗျ. ဒါကြောင့် ဘလော့ဂ်ရေးတဲ့ဖက်မှာ လစ်ဟင်းသွားတာပါ. Gmail/Gtalk ၀င်ရင်လည်း စာပို့ပြီးတာနဲ့ ပြန်ထွက်ပါတယ်. အဲဒါကို တစ်ချို့သော သူငယ်ချင်းများက သွေးကြီးတယ်လို့ ထင်နေရင် ခွင့်လွှတ်ပေးပါလို့ ဒီပို့စ်လေးနဲ့ အတူမေတ္တာရပ်ခံပါတယ်ခင်ဗျာ. ကျွန်တော်အားလုံးကို ချစ်ခင်လေးစားပါတယ်. ဒါကြောင့်လည်း ဒီပို့စ်လေးရေးပြီးတော့ ရှင်းပြတာပါ.

ဒီနေ့ Sunday (နားရက်)ပါ. စာရေးမယ်လို့ စိတ်ကူးထားပြီး ရေးစရာတွေ ရှိနေပေမယ့်လည်း လုပ်စရာတွေတန်းစီနေတာကို အရင်ဖြတ်လိုက်ရတယ်. အပြင်ထွက်ပြီး ဈေးဝယ်၊ နက်ဖြန်အတွက် ဟင်းချက်၊ အိမ်ခန်းရှင်းနဲ့ မရေးဖြစ်လိုက်ဘူး.

အလုပ်က ခုတော့ နည်းနည်းနားလည်ပြီး အသားကျသွားပါပြီ. ဒါကြောင့် မကြာခင် စာရေးဖို့ အချိန်ထွက်လာမှာပါ. ဘာသာပြန်ဆိုသင့်တဲ့ ဘလော့ဂ်လမ်းညွှန်ပို့စ်လေးတွေကိုလည်း လေ့လာနေပါတယ်. မကြာခင် အသစ်ကလေးတွေ ချပြသွားပါမယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.

ချစ်ခင်လေးစားလျက်

ရန်အောင်

No comments: