Saturday, September 29, 2007

လက်ရှိအခြေအနေများကို သုံးသပ်ချက်



၁. နအဖဟာ အင်တာနက်၊ မိုဘိုင်းလ်ဖုန်းစတဲ့ သတင်းစီးဆင်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ source တွေကို ရအောင်လိုက်ပိတ်ဦးမယ်. တစ်ချိန်တည်းမှာပဲ တရုတ်၊ ရုရှတို့ရဲ့ ထောက်ခံမှုကို စဉ်ဆက်မပြတ်ရနေအောင် ကြိုးစားနေလိမ့်မယ်. KNU, ABSDF, နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ မ၀င်လာနိုင်အောင်လည်း တစ်ပြိုင်တည်းမှာ ပြင်ဆင်နေလိမ့်မယ်. ဒါ့အပြင် တပ်တွင်း ပြိုကွဲမှု မဖြစ်အောင် တန်ပြန်ထောက်လှမ်းရေးတွေလည်း ထားရှိလိမ့်မယ်. ဒါက နအဖရဲ့ Plan A ပါ.

၂. ဆန္ဒပြသပိတ်မှောက်တဲ့ ပြည်သူတွေကို မထွက်ရဲအောင် လမ်းဆုံလမ်းခွတိုင်းမှာ စစ်ကားတွေ၊ အရပ်ဝတ်ရဲတွေ ထားရှိလိမ့်မယ်. ကုလကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ရောက်ရှိနေစဉ်အတောအတွင်းမှာ နအဖကို ထောက်ခံတဲ့ ပြည်သူ့ဆန္ဒပြပွဲ အတုအယောင်တွေကို အင်အားသုံးပြီး ဖန်တီးလိမ့်မယ်. အစစ်အမှန်ဆန္ဒပြသူတွေနဲ့ ရောထွေးခြင်း မရှိအောင် အမှတ်အသားတွေ လုပ်ထားလိမ့်မယ်. ပြည်သူချင်း ရန်တိုက်ပေးလိမ့်မယ်.

၃. ရဟန်းသံဃာတော်တွေရဲ့ အဓိကအင်အားက စာသင်တိုက်တွေပါ. ဒါကြောင့် သံဃာတော်တွေကို နေရပ်ကို အတင်းအကြပ်ပြန်ခိုင်းခြင်း၊ သံဃာ့နာယက ဆရာတော်များကို အပြောင်းအလဲလုပ်ခြင်း၊ ညဖက်တွေမှာ အငိုက်ဖမ်းပြီး ဘုန်းကြီးကျောင်းတွေကို ၀င်စီးခြင်းတွေ လုပ်ပါလိမ့်မယ်.


၎. စစ်တပ်အကြီးအကဲပိုင်းတွေမှာ ရာထူးအပြောင်းအလဲတွေ ရှိလိမ့်မယ်. တပ်မတော်ပြိုကွဲမှာတော့ မဟုတ်သေးဘူး. ဒါပေမယ့် တပ်ထဲက ခပ်ကြီးကြီး အရာရှိတစ်ချို့ ဖြုတ်ထုတ်ရှင်းခံရလိမ့်မယ်. သစ္စာစောင့်သိနိုင်ခြေရှိမယ့် စစ်တပ်အရာရှိတွေကို ပြောင်းလဲ အစားထိုး ခန့်ထားလိမ့်မယ်.

၆. အမျိုးသားညီလာခံက ထောက်ခံပွဲတွေကို လောလောဆယ် သူတို့လုပ်ဝံ့မှာ မဟုတ်သေးဘူး. ဘာလို့လဲဆိုတော့ လူထုက အရမ်းကို ပေါက်ကွဲဒေါသထွက်နေပြီ ဆိုတာကို သူတို့သိတယ်. ဒါကြောင့် ကြံ့ဖွံ့အင်အားများများသုံးပြီး လူထုအနည်းငယ်ရောကာ ပြည်သူ့ဆန္ဒခံယူပွဲတွေကို အရပ်ဝတ်စုံထောက်တွေ၊ ရဲတွေ အများကြီးထည့်ပြီး လုပ်လိမ့်မယ်. မလိုက်ရင်ခြိမ်းခြောက်ပြီး အတင်းအကြပ်လိုက်ခိုင်းလိမ့်မယ်.


ဒါတွေက အကြမ်းဖျင်းပါ.

ကျွန်တော်တို့ ပြည်သူလူထုဖက်က ဘာတွေပြင်ဆင်ဖို့လိုမလဲ. Strategy တွေကို ဆွေးနွေးပေးပါ. ဒါတွေကို ကျွန်တော်တို့ နောက်လုပ်မယ့် အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားပါမယ်.

ရန်အောင်

2 comments:

Anonymous said...

ကိုရန်ရေ..
နံပါတ်လေးအချက်ကို နဲနဲ ပြန် visit လုပ်ပေးပါ။ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြတဲ့ ကရင်တပ်တွေ၊ ချင်းတပ်တွေကိုခေါ်ပြီး အဓိကရုဏ်းနှိမ်နင်းရေးတပ်မများအဖြစ် ထားရှိပါလိမ့်မယ်. ဆိုတာ ကိုပါ။

မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေသာမက၊ အခြားဘာသာဝင်တွေအားလုံးနဲ့ ချင်း၊ကချင်၊မွန်၊ရှမ်း၊ရခိုင် စသဖြင့် အားလုံးက ဒီမိုကရေစီလိုလားသူတွေပါ။

မနေ့က ကျွန်မတို့မြို့မှာ မြန်မာပြည်မှာဗုဒ္ဓဘာသာဘုန်းကြီးတွေကို စစ်တပ်က နှိပ်ကွက်မှု၊ ပြည်သူတွေ သေဆုံးရမှုနဲ့ ပတ်သက်ပြီး ခရစ်ယာန်တွေကော မွတ်စလင်တွေကော စိတ်မကောင်းခြင်းကြီးစွာနဲ့ သွားရောက်ပါဝင် ဆန္ဒပြလို့ ခရစ်ယာန်ဘုန်းကြီးကိုယ်တိုင် ကမကထလုပ် ဆုတောင်းပေးခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာအချင်းချင်းတောင် ရက်စက် နေတာကို ဗုဒ္ဓဘာသာမဟုတ်တဲ့ ကျန်ဘာသာဝင်တွေက ရင်ထုမနာဖြစ်နေချိန်ပါ။
မြန်မာပြည်မှာ ဟိုတုန်းကလို ချင်းတပ်၊ ကချင်တပ်၊ ကရင်တပ် စသဖြင့် မရှိတော့ပါဘူး။ ကရင်တွေ၊ ချင်းတွေထဲမှာလဲ ဗုဒ္ဓဘာသာဝင်တွေရှိပါတယ်။

ဒီအချိန်မှာ ဘာသာအားလုံး လူမျိုးအားလုံး ဒီမိုကရေစီလိုလားပါတယ်။

အဲဒီနံပါတ်လေးကို ပြန် visitလုပ်ပေးပါရန် လေးစားစွာနဲ့ မေတ္တာရပ်ခံပါတယ်ရှင်။

Yan said...

>အိမ့်ချမ်းမြေ့...

ပြင်လိုက်ပါပြီမလေးရေ... ခုလိုမျိုး ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ကွဲလွဲမှုလေးတွေကို ညွှန်ပြပြောဆိုပေးတဲ့ မလေးရဲ့ စေတနာကို လေးစားပါတယ် ခင်ဗျာ...