Thursday, August 30, 2007

မောဟစက္ခု




ရွေးချယ်မှုတွေကြားမှာ
ရှင်သန်လာခဲ့ရ ငါ့ဘ၀မှန်
ရံဖန်ရံခါ ပြတ်သားစွာ
ရံဖန်ရံခါ တွေဝေစွာ
ရံဖန်ရံခါ ၀မ်းမြောက်စွာ
ရံဖန်ရံခါ ဆို့နင့်စွာ
ရံဖန်ရံခါ လှိုက်မောစွာ
ရံဖန်ရံခါ နာကျည်းစွာ
ရံဖန်ရံခါ ဖြူစင်စွာ
ရံဖန်ရံခါ ညစ်နွမ်းစွာ
ရံဖန်ရံခါ တည်ငြိမ်စွာ
ရံဖန်ရံခါ တုန်လှုပ်စွာ


ဘာတွေငါဘယ်လိုမှားခဲ့မှန်ခဲ့
ငါရဲ့ရွေးချယ်မှုအတွက်
နေ့ရက်တွေကို နောက်ကြောင်းပြန်ခွင့်မရှိဘူး
ငါမလျှောက်ခဲ့တဲ့လမ်းမှာ ပန်းတွေပွင့်နေကြတယ်တဲ့
ပွင့်ကြပါစေကွာ
ငါပြန်မှမလာနိုင်တော့တာ
ငါလျှောက်နေတဲ့လမ်းမှာ ပန်းပင်တွေစိုက်နေတုန်းပဲ
အမုန်းတရားတွေနဲ့ကြည့်ရင်တော့
ဟော့ဟိုမှာ ရွှံ့အိုင်တွေကိုမင်းတွေ့မယ်
မြတ်နိုးခြင်းတွေနဲ့ငေးမောရင်တော့
ဟော…
ဟိုမှာ ပန်းတစ်ပွင့်ငွားစွင့်စွာ တင့်တယ်နေလေရဲ့…



2 comments:

Anonymous said...

ငါလျှောက်တဲ့လမ်းက
ပန်းပင်တွေကို ရေလောင်းနေရတုန်းမို့
ငါမလျှောက်တဲ့ လမ်းက
အလှအပတွေ မခံစားနိုင်အားသေးဘူး
နွံအိုင်တွေ မမြင်နိုင်သလို
ပန်းပွင်လေးကို့လည်း မငေးနိုင်သေးဘူး
ငါမခူးရက်ပေမယ့် လန်းဆန်းစေချင်တဲ့
ပန်းပင်လေးတွေကို ရေလောင်းနေရတုန်းမို့ပါ…

လေးစားလျက်
မဇင် (မွန်းသက်ပန်)

hnin said...

ပန်းစိုက်တဲ့လူကိုယ်တိုင်က ပန်းတစ်ပွင့်ပဲလေ။ အချိန်တန်ရင် ဖူးမယ်၊ ပွင့်မယ်၊ ဝေကမယ်။ ပန်းတွေကို အလှသက်သက်ကြည့်တတ်တဲ့လူရှိသလို ခူးဆွတ်ပြီး ဘုရားတင်ရင်တင်၊ ပန်ချင်ပန်၊ မွှေးလိုမွှေး လိုရာသုံးကြတာလည်း ရှိတာပဲ။ လူရယ်လို့ဖြစ်လာမှတော့ အချိန်တန် ဖူး၊ ပွင့်၊ ဝေက သွားတာနဲ့စာရင် တစ်ခုခု အသုံးတည့်တာက ကောင်းတာပေါ့။ ပန်းတွေကို အလှဆုံး ဖူးပွင့်နိာင်အောင် ပြုစုပေးနိုင်တဲ့ ဥယျာဉ်မှူးကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။