Thursday, August 09, 2007

မှန်ကွဲစသီအိုရီ...



ငါ့အတ္တတွေနဲ့ နပန်းလုံးနေတုန်း
အချိန်ရထားကြီးက တဂျုံးဂျုံးနဲ့ ငါ့ဘေးက ခုတ်မောင်းသွားခဲ့တယ်
ဝပ်တွားချင်ယောင်ဆောင်နေတဲ့ မာနတွေကို
အသေအချာ ခ၀ါမချနိုင်သေးသရွေ့
ငါဘယ်လောက်ပြေးပြေး
ငါနဲ့ဝေးနေဦးမှာပါပဲလေ…

ရေးတေးတေးမှတ်မိနေတဲ့ ခံပြင်းချက်တွေကို
မျက်ရည်စက်လက်နဲ့ ထွေးပိုက်ထားရင်း
ငါနဲ့ငါအချင်းတွေများနေခဲ့လိုက်တာ
ကာယကံရှင်တောင် မသိရှာဘူး
ရူးချက်က ကမ်းကုန်ပဲ
လဲကျတာမှ မဟုတ်တာ
လှဲချတာဖြစ်နေခဲ့ပြီ
မျက်ရည်မြစ်ကို တာဖို့မလို့လား
ခြားနားခြင်းကို ထပ်တူပြုရင်တော့
မဆင်ခြင်ခုရတက်ပွေဦးမှာမလွဲ
အစွဲတွေ ချေဖျက်
အရုဏ်မလာခင် မင်းခရီးကိုဆက်….


3 comments:

နေနေ said...

ကျနော်လည်း ဒီသတင်းမှာ စိတ်မကောင်းပါ၊ အလားတူအဖြစ်အပျက်တွေကို လည်းမကြာမကြာကြားနေပါတယ်၊

hninhnin said...

ခုတလော ရှေ့ ခရီးဆက်ဖို့တွေချည်း ရေးနေတာပါလား။ ဒီပို့စ်ကို ဖတ်ရတာ သဘောကျတယ်။ တစ်နေကုန် ကိုယ့်ကိုယ်ကိုယ် အလိုမကျဖြစ်နေတာ။
မျက်ရည်စက်လက်နဲ့ထွေးပိုက်ရင်း
ငါနဲ့ငါ အချင်းတွေများနေခဲ့လိုက်တာ... တဲ့
သဘောကျတယ်။
မှန်တယ်။
thank you

pandora said...

လဲကျတာမှမဟုတ်တာ လှဲချတာပဲ.. ပြန်ထပေါ့ကွယ်.. ခရီးက အရှည်ကြီးရှိသေးတာ..
ကလေးငယ်တစ်ယောက်ဟာ လမ်းမလျှောက်တတ်ခင် အကြိမ်ပေါင်း ဘယ်လောက် လဲကျခဲ့ရသလဲ ဆိုတာ သိလား..