တကယ်ဆို ကျွန်တော်နေတဲ့မြို့ကလေးကနေ နယူးယောက်ကို ရထားနဲ့ သွားမယ်ဆိုရင် ၂ နာရီလောက်ပဲ သွားရတာပါ. ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ နားရက်ရတိုင်း နယူးယောက်မြို့ပေါ် တက်လည်ကြပေမယ့် ကျွန်တော်ကတော့ အကြောင်းကိစ္စမရှိရင် မသွားဖြစ်ခဲ့ပါ. ဘာလို့လဲဆိုတော့ ရထားခတွေ၊ ကားခတွေ၊ Lunch ခတွေ ကုန်လို့ပါပဲ. နောက်တစ်ခုကလည်း နယူးယောက်မြို့မှာ မနှစ်က ၃ လနီးပါးလောက် နေခဲ့တာဆိုတော့ အထွေအထူး သွားစရာလာစရာလည်း မရှိသလောက်ပါပဲ.
ဒီတစ်ခါတော့ နယူးယောက်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ပြန်ပြီ. အလုပ်ကိစ္စအတွက်ပေါ့
ကျွန်တော်လျှောက်မယ့်အလုပ်က ဗုဒ္ဓဟူးနေ့တစ်ရက်ပဲ မနက် ၁၀ နာရီကနေ ၁၂ နာရီအတွင်းမှာ form လက်ခံတယ်. ကျွန်တော့်မြို့က အစောဆုံးထသွားရင်တောင် တော်တော်ကသီတယ်လေ. နောက်တစ်ခုက ကျွန်တော့်ရဲ့ ခရီးဆောင်အိတ် အကြီးကြီး တစ်လုံးကို နယူးယောက်က သူငယ်ချင်းအိမ်မှာ ထားထားခဲ့တယ်. အဲဒီ့အိတ်ထဲမှာ အင်္ကျီဘောင်းဘီ ကောင်းကောင်းလေးတွေ သိမ်းထားတယ်လေ. အခု ဒီမြို့လေးကိုလာတော့ အလုပ်လုပ်ဖို့ ရည်ရွယ်ချက်ပဲရှိတယ်. ဒါကြောင့် ဘာအ၀တ်အစားမှ မယူလာခဲ့ဘူး.
ဒီအကြောင်းတွေကြောင့် ကျွန်တော် အင်္ဂါနေ့ညနေကတည်းက နယူးယောက်ကို သွားပြီး တစ်ရက်ညအိပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်. အလုပ်ရှင်ကို အရင်တစ်ပတ် ကတည်းက ကြိုပြောထားလို့ ခွင့်နှစ်ရက်ယူခဲ့ပါတယ်.
အင်္ဂါနေ့ မနက်ခင်းတစ်ခုလုံး ကျွန်တော် အလုပ်နည်းနည်းများနေခဲ့ပါတယ်.
ညနေခင်း ၃ နာရီလောက်မှာ အလုပ်ရှင်ရဲ့သား အိမ်ပြန်ရောက်လာပါတယ်. ကျွန်တော့်ကို ဘူတာရုံလိုက်ပို့ပေးဖို့ပေါ့. သူလာတော့ ကျွန်တော်မပြီးသေးပါဘူး. Gmail ကိုဖွင့်ရင်း အရင်တုန်းက ရေးထားပြီးသား application form ကို ပြန်ရှာနေခဲ့ပါတယ်. သူက မြန်မြန်လုပ်လို့ပြောတာနဲ့ Cover ကို ပိတ်ပြီး တစ်ခါထဲ ကျောပိုးအိတ်ထဲကို ထိုးထည့်၊ ဖိနပ်မြန်မြန်စီး၊ သွားတိုက်တံနဲ့ Hair Cream ဘူးကို လက်တစ်ဖက်စီမှာကိုင်ပြီး၊ ဖိနပ်တောင် ကြိုးမချည်အားဘဲ အိမ်အပြင်ကို ပြေးထွက်ခဲ့ရပါတော့တယ်. သူ့ကိုလည်း အားနာတယ်လေ. တကယ်ဆို ကျွန်တော့်ကို လိုက်ပို့ပေးဖို့ တကူးတက အိမ်ကိုပြန်လာခဲ့ရတာကိုး..
ရေသန့်ဘူးနှစ်ဘူးကိုတော့ အပြင်မထွက်ခင် ကျောပိုးအိတ်ထဲ ထိုးထည့်ခဲ့ သေးတယ်. နယူးယောက်မှာက ရေသန့်ဘူးလည်း ဈေးကြီးတာပဲဗျ. ဘူးပါရင် ရေဖြည့်လို့ရတဲ့နေရာတွေ ကျွန်တော်သိနေတယ်လေ. ဒီတော့ ရေဘူးကိုသာ ပါအောင် ယူခဲ့ရတော့တာပေါ့. (ဟတ်ဟတ်)
ကားပေါ်ရောက်မှ အိတ်ထဲကို ပြန်စမ်းမိတယ်. သွားပွတ်တံပါပေမယ့် သွားတိုက်ဆေးကျန်ခဲ့တယ်. သူငယ်ချင်းဆီက ယူတိုက်လည်းရပါတယ်လေ ဆိုပြီး အဲဒါကို ခေါင်းထဲက ထုတ်ပစ်လိုက်တယ်. ပုတီးကျန်ခဲ့တယ်. ကိုးန၀င်း ပျက်ပြန်ပြီပေါ့. တနလာင်္နေ့ကျမှပဲ ပြန်စိပ်ရဦးမယ်. ကျွန်တော်နဲ့အမေက အတူတူစိပ်နေတာဆိုတော့ အမေ့ကိုလည်း အသိပြန်ပေးရဦးမယ်. ဒါလည်း negotiable ပါပဲ. တဘက်ကျန်ခဲ့တယ်. ဩော်. အဲဒါလည်း မြို့ပေါ်က အိတ်ထဲမှာ တဘက် အပိုပါသေးတယ်ဆိုပြီး ခေါင်းထဲက ဖယ်လိုက်ပြန်တယ်.
ဘာကျန်သေးလဲ …
ဘာကျန်သေးလဲ…
ကျန်ခဲ့ပါသေးတယ်.
ဒါပေမယ့်လည်းလေ
ကိုယ်ပြန်လည်ရယူဖို့ မဖြစ်နိုင်တော့တဲ့ ကျန်ခဲ့တဲ့အရာတွေကိုပဲ တမ်းတပြီး စိတ်မကောင်းဖြစ်နေမယ်ဆိုရင် ရှေ့ဆက်လုပ်ရမယ့် အရာတွေအတွက် စိတ်ဓာတ် အင်အားတွေ ဖြုန်းတီးလိုက်သလို ဖြစ်ကုန်တော့မှာပေါ့..
စိတ်ကို ယတိပြတ်ဖြတ်ပြီး ကားကက်ဆက်ထဲက လွင့်မျောလာတဲ့ နောက်ဆုံးပေါ် Rap သီချင်းသံစဉ်လေးတွေကို ခံစားရင်း Tony (ပိုင်ရှင်ရဲ့သား) နဲ့ စကားပြောရင်း လိုက်လာခဲ့တယ်. တစ်ကိုယ်လုံးမှာ ရှိတဲ့ တင်းမာမှုတွေကို ကြိုးစားဖြေလျော့ရင်း တိုက်ပွဲအတွက် အားအင်သစ်တွေကို ဖြည့်တင်းနေခဲ့တယ်…
ဘူတာရုံထဲကားအ၀င်မှာ နာရီကို ကြည့်လိုက်တော့ ၃ နာရီ ၃၀ မိနစ်. ရထားက ဟိုး Poughkeepsie ဘက်ကနေ လာမှာဆိုတော့ ကျွန်တော်ရှိတဲ့ ဘူတာရုံကို ရောက်ဖို့ ၁၀ မိနစ်လောက် စောင့်ရဦးမယ်. Ticket Machine ရှိတဲ့နေရာကို ခပ်သွက်သွက်လှမ်းလျှောက်ခဲ့ပြီး New Hamburg to Grand Central လက်မှတ်တစ်စောင် ၀ယ်လိုက်တယ်. $ 12.75 ပေးရတယ်.
အပျင်းပြေနားထောင်ဖို့ Mp3 Player လည်း မရှိ၊ ကွန်ပြူတာဖွင့်ပြီး နားထောင်ဖို့လည်း Headphone က ကျန်လာခဲ့တယ်၊ စာဖတ်ချင်စိတ်လည်း မရှိတာနဲ့ ဒိုင်ယာရီစာအုပ် အဟောင်းလေးကို ပြန်ဖွင့်ပြီး ရှေ့ကနေ ပြန်ဖတ်နေခဲ့မိတယ်.
ငါဘာတွေဖြစ်ခဲ့လဲ.
ငါဘာတွေလုပ်ခဲ့လဲ.
ငါဘာတွေ မပြီးပြတ်ခဲ့ဘူးလဲ
ငါဘာတွေလုပ်ရဦးမလဲ
ငါဘာတွေ ခံစားခဲ့ရလဲ.
ငါဘယ်လို ရှုံးနိမ့်ခဲ့ရလဲ.
ငါဘယ်လို ကျော်လွှားဖို့ကြိုးစားခဲ့ရသလဲ
…
…
ဆိုတာတွေကို ပြန်ပြီး catch up လုပ်ရင်း ပြောင်းလဲလာခဲ့တဲ့ တန်ဖိုးတွေ အကြောင်း အတွေးနယ်ချဲ့နေခဲ့မိတယ်…
ရထားတစ်စီး ၀ှီးခနဲ ဖြတ်သွားလို့ လန့်သွားခဲ့ရသေးတယ်. ရထားများ လွတ်သွားပြီလားပေါ့. တကယ်ဆို ဘူတာရုံထဲမှာ ကျွန်တော်တစ်ယောက် တည်းရယ်. ကျွန်တော်က ရထားစောင့်တဲ့ အဆောက်အဦးလေးထဲမှာ ၀င်ထိုင်နေတာဆိုတော့ ကျွန်တော့်ကို မမြင်လို့ ရထားမရပ်ပေးတာလား ဆိုပြီးတော့တောင် တွေးနေမိသေးတယ်. အဲဒါနဲ့ စာအုပ်ကို အိတ်ထဲပြန်ထိုးထည့်၊ အပြင်ကို ထွက်ပြီး သံတန်းလေးကို နောက်မှီရင်း prepaid sim card အသစ်ကို ဖုန်းထဲကိုထည့်၊ ဖုန်းစာအုပ်ထဲက အရေးကြီးနံပါတ်တစ်ချို့ကို ဖုန်းထဲကူးပြောင်း နေခဲ့တယ်.
ဒီတစ်ခေါက်ရထားစောင့်ရတာ တော်တော်ကြာပါတယ်. ဘာလို့လဲဆိုတော့ ကျွန်တော် ဘူတာရုံမရောက်ခင်လေးတင် ရထားတစ်စီးထွက်သွားလို့ပါပဲ… ခုနက ဖြတ်မောင်းသွားတဲ့ ရထားက လိုင်းမတူပါဘူး. ဒီဘူတာမှာ မရပ်ပါဘူး.
အချိန်က ၄ နာရီခွဲတော့မယ်. တစ်နာရီနီးပါး ရထားစောင့်နေခဲ့ရတယ်ဗျာ. ပူလိုက်တာလွန်ရော. ညနေစောင်းနေက ကျွန်တော်ရပ်နေတဲ့ နေရာတည့်တည့်ကို ထိုးကျလာခဲ့တယ်.
အင်္ကျီကြယ်သီးတွေကိုဖြုတ်၊ ဖိနပ်ကြိုးကို အသာလျှော့ထားပြီး ရှားရှားပါးပါး တိုက်ခတ်လာမယ့် လေပြည်ညှင်းလေးကို မက်မောစွာ မျှော်လင့်နေခဲ့ မိတယ်…
ရထားလာပါပြီ…
ပူပင်သောကတွေ သိမ်းထုပ်
ဆက်လုပ်ရမယ့် အရာတွေကို
မထွေမပြား အာရုံစိုက်နိုင်ဖို့
ငါ့တိုက်ပွဲကို ငါဖန်တီးခဲ့ပြီ
လေဟုန်ကိုဆန်လျက် ရှေ့ကိုသာတက်…
(ရေခဲငှက်)
To be continued....
2 comments:
ကိုရန်ရေ မမီတုန်းကတော့ မန်းလေး အပြန် ဘာကျန်သေးလဲ ဘာကျန်သေးလဲ
ကျန်တာတွေများလွန်းလို့ ရှုပ်တယ်ကွာ မန်းလေးအိမ်မှာ အကုန်ရှိတာပဲ
ခေါင်းထဲက ထုတ်ပစ်လိုက်မယ်ဆိုပြီး ဘူတာလဲရောက်ရော နေရာယူဖို့ စဉ်းစားတော့မှ တွဲနံပါတ်က သိပြီးသား ခုံနံပါတ် ဘီလားစီလား သေချာတိုက်ကြည့်မယ်ဆိုတော့မှ အဟီး ရထားလက်မှတ်ကျန်နေခဲ့ဖူးသကွ။ အဲဒီမှာမှ ဖုန်းဆက်ပြီှး ရန်ကုန်အိမ်ကလူတွေ အသည်းအသန် လိုက်ပေးတာ မီလို့ တော်ပါသေးရဲ့ ပေါ့။
လယ်ထွန်သွားနွားမေ့လေ အဟီး :P
Hi!
ko yan aung.
I m jeep from Singapore. I m also from Mandalay. I m really glad to read your blog. Then i got some ideas and knowledge from u. I always read ur blog and like most of them including "traveling to NY". Pls post that kind of article again. JEEP
Post a Comment