Sunday, April 15, 2007

သင်္ကြန်နှင်းပြေးလေးနဲ့ ဘော်ဘော်ဘလော့ဂါများ


မမျှော်လင့်ဘဲ ကျွန်တော်တို့ဆီမှာ ဒီနေ့ နှင်းကျပြန်တယ်ဗျာ.
လှလိုက်တာ. နှင်းပွင့်လေးတွေ အဆုပ်လိုက် အဆုပ်လိုက်လေးတွေ ကျနေတာ. အပြင်မှာတော့ တော်တော်ကို အေးတယ်ဗျ. အဲဒါနဲ့ ဘယ်မှ မသွားဘဲ အိမ်ထဲမှာပဲ သီချင်းနားထောင်လိုက်၊ Ebook လေးဖတ်လိုက်နဲ့ လုပ်နေတာ. နောက်ကျတော့ နှင်းကျတာလေးကို Video လေးရိုက်ထားရင် ကောင်းမယ်ထင်ပြီး ရိုက်လိုက်တယ်.

ပထမတစ်ခုက အခန်းထဲက ရိုက်ထားတာ. နောက်ကျတော့ ရိုက်ရင်းရိုက်ရင်းနဲ့ စိတ်ပါလာတယ်. အဲဒါနဲ့ပဲ အနွေးထည်နှစ်ထပ်ဝတ်ပြီး အိမ်ပြင်ကို ထွက်ရိုက်လိုက်တယ်.ဩော်. အပြင်ကိုမထွက်ခင် အခန်းထဲမှာ ကော်ဖီကရားလေးကို တည်ခဲ့လိုက်သေးတယ်ဗျ. ကိုယ်တိုင် Brew ထားတဲ့ Nestle Coffee လေးပေါ့ဗျာ.





အပြင်မှာ Video Footage လေးရိုက်ပြီး အိမ်ထဲ ပြန်ရောက်တော့ ကော်ဖီလေးတစ်ခွက်လောက် ကျိုက်လိုက်တယ်. ပြီးတော့ Footage လေးတွေကို Youtube မှာတင်တယ်. ကော်ဖီသောက်နေတော့ သူငယ်ချင်းတွေကို သတိရလိုက်သေးတယ်ဗျာ. သူတို့ခမျာ ချမ်းချမ်းအေးအေးနဲ့ ရေတွေ ပက်နေကြရရှာတယ်. သနားပါတယ်. ကော်ဖီလေးတစ်ခွက်လောက်တောင် သောက်ချင်နေကြမှာပဲနော်.

ဟော.ကြည့်. မဂျစ်တူးက ခေါင်းညိမ့်တယ်. ဘာညာကလည်း ပြုံးနေတယ်ဗျ. မသဉ္ဇာကတော့ ရှေ့မှာ တန်းတောင် စီထားပြီးပြီ. အိမွန်စိုးနဲ့ ညလေးတို့ကတော့ နှစ်ယောက်တစ်တွဲပဲဗျ. နေရာကိုယူထားတာ. မအိမ့်ချမ်းမြေ့ကတော့ သူ့ပန်းပင်လေးတွေကို ရေလောင်းဦးမယ်တဲ့. သူ့အတွက်တော့ ကော်ဖီလေးတစ်ခွက်လောက် ချန်ထားပေးရင်တော်ပါပြီတဲ့. မဟေမာကတော့ Thesis ပြီးပြီဆိုပြီး ဘီဘီဝိုင်းမှာ အကြော့သား ထိုင်နေလေရဲ့. သီချင်းလေးတောင် ဆိုလိုက်သေး..ဘာတဲ့. `တို့ကတော့ တို့ကတော့ တို့ကတော့ ဘုရားကျောင်းထဲ့ကို ထပ်မသွားတော့ပါ. တစ်နှစ်တစ်ခေါက်မို့ ပျော်လိုက်ချင်ပါသေး....´ တဲ့ဗျ.

ဟိုခပ်လှမ်းလှမ်းက ခမောက်လေးဆောင်းပြီး ကော်ဖီသောက်နေတာ ဘယ်သူများလဲမှတ်တယ်. ဩော်. မလင်းလက်ကြယ်စင်လေးပါလား. အင်းသူလေးလည်း သင်္ကြန်တွင်းလေးပဲ တိုင်းရေးပြည်ရေးတွေကနေ ကင်းလွတ်ခွင့်ရရှာတာဆိုတော့ ပျော်ချင်ရှာမှာပဲလေ. သူ့ဘလော့ဂ်က ဓာတ်ပုံလေးနဲ့ သိပ်မတူဘူးနော်. သင်္ကြန်မှာ ပိုလှနေသလိုပဲ.

ယောင်္ကျားလေးတွေကရော…

ကိုစိုးဇေယျကြီးကတော့ နီဂရိုးမလေးတွေကို စောင့်ဦးမယ်ဆိုပြီး လမ်းထိပ်က ထွက်မျှော်နေလေရဲ့. “Yo.. Yo..” ဆိုတဲ့ အသံလေးတွေ ကြားတိုင်း သူ့ကိုများခေါ်နေတာလားလို့ ခေါင်းထောင်ကြည့်ရတာလည်း အမောပဲ. သနားပါတယ်.

ကိုကျော်ဇေယျကြီးကတော့ ရေလည်းလောင်းတယ်. ရန်ကလည်း တွေ့သေးတယ်.
`ကိုယ့်ဘာသာကိုယ်လောင်းတာ ဘာဖြစ်လဲ ဘာဖြစ်လဲ´ တဲ့.

ကိုဝေယံလင်းနဲ့ ကိုဇင်ကိုလတ်တို့ကတော့ ကော်ဖီလောက်တော့ သနားတယ်တဲ့. ဟိုထောင့်မှာ `သောက်ကြမယ်ဟေ့ ကောင်းကောင်း´ လုပ်နေလေရဲ့ဗျာ. ဘာပြောတယ်. ကိုညီညီသံလွင်ကပါ ၀င်ထိုင်မယ်တဲ့လား. လုပ်ဗျာ.. လုပ် လုပ်…

အင်း. ဘယ်သူကျန်သေးလဲ
ဩော်. ကိုမျိုးကျော်ထွန်းကတော့ မဏ္ဍပ်ရှေ့မှာ ထိုင်းအကလေးတွေနဲ့ ဆွဲနေပြီဗျ. ကိုနေဘုန်းလတ်နဲ့ ကိုစေတန်တို့ကလည်း ပြုံးပြုံးပြုံးပြုံးနဲ့ မဏ္ဍပ်ပေါ်ကို လက်ကလေးတွေကာပြီး ရှိုးနေလေရဲ့.

ကိုနတ္ထိကတော့ ဟိုးခပ်လှမ်းလှမ်းမှာ ကြက်ကြော်ကိုက်စားနေတာတွေ့ရတယ်. ပါးစပ်ကလည်း ပွစိပွစိနဲ့ ဘာတွေ ရွတ်နေလဲ မသိပါဘူးဗျာ. ကြက်ကြော်စားနေတာဆိုတော့ ပါဠိလို ဆိုနေတာတော့ ဟုတ်တန်ရာ မထင်ပါဘူး။

ကိုရဲဇေယျရှိန်ဆိုတဲ့ ကျွန်တော့်ရဲ့ နောက်တိုး ဘော်ဘော်လေးတစ်ယောက်ကလည်း သူနဲ့ ရွယ်တူလေးတွေကိုလည်း လောင်း၊ ငယ်သူကိုလည်း အလစ်မပေး၊ ကြီးသူကိုလည်း ညုတုတုလေးနဲ့ စကားတွေ လိုက်ပြောနေတာ တွေ့ရတယ်ဗျ.

ကိုမျက်လုံးကတော့ သူ့နာမည်နဲ့လိုက်အောင် သူ့ရှေ့ မြင်မြင်သမျှကို လိုက်ကြည့်နေတာ တွေ့ရတယ်. ကတဲ့သူတွေ ကောင်းကောင်းကဦးနော်. ကိုမျက်လုံးကြည့်နေတယ်. တော်ကြာ သူ့ဘလော့ဂ်ပေါ်ကောက်တင်လိုက်လို့ ဟုတ်ပေ့ ဖြစ်နေဦးမယ်...

ပျော်စရာကြီးဗျာ.

ဟေ့ ဘာညာရေ. ဈေးပဲ ရောင်းမနေနဲ့ဦးဗျ. လုပ်စမ်းပါဦး တစ်ပုဒ်လောက်.
ကို့ချီကို့ချီ ဟိုတာ့ဟယ် (ရင်ထဲမှာ ဘာညာဘာညာ) ကုလားသီချင်းလေးဖွင့်ပါဦးဗျ.
ကလိုက်ကြရအောင်. ဟိုမှာ မဂျစ်တူးက နည်းနည်းလောက် ဒိုးဒိုးဒန့်ဒန့်လေးတွေ လုပ်ချင်တယ် ဆိုပဲဗျ. မသဉ္ဇာကလည်း Attachment တွေ ပြီးသွားကတည်းက ညောင်းနေလို့ အဲလို အကမျိုးလေးတွေကို တောင့်တနေဆိုပဲ. အိမွန်စိုးတို့ ညညလေးတို့ကတော့ နှစ်ပတ်သုံးပတ်တောင် လှည့်ပြီးစကနေပြီ. ဟာ. လုပ်ပါဦး မလင်းလက်နဲ့ မဟေမာတို့ R&B တွေလုပ်နေပြီ. ကုလားသီချင်းလေးတောင် မစောင့်တော့ဘူးလား...

Kuch Kuch Hota Hai – Koi Mil Gaya ဆိုတဲ့ Hindi သီချင်းလေး တင်ပေးလိုက်ပါတယ်. ကလိုက်ကြစို့တူပျော်ပျော်ပေါ့ဗျာ. တစ်ခါတစ်လေ အဲလို အပြောင်းအလဲလေးတွေ လုပ်ပေးလိုက်တာ ကောင်းပါတယ်. ဟုတ်တယ်ဟုတ်…

Kuch Kuch Hota Hai-Koi Mil Gaya.mp3




ဟူး..မောတယ်ဗျာ.

ကိုစိုးဇေယျကြီးရေ. ဟိုမှာ နီဂရိုးမလေးတွေ လာနေပြီ. ဟာ.. အလယ်က Rapper က ဘယ်သူတုန်းဗျ… အံမယ်မယ်.. ဘယ်သူများလဲလို့ … ကျွန်တော်ပဲဗျ…..

clapclap


15 comments:

Anonymous said...

ဟားဟား မင်းပို့စ်ထဲမှာ လူပေါက်စိ ထည့်ထားတာပါလား ။ မဂျစ်တူးက ကော်ဖီလုံးဝမသောက်ပါဖူးကွယ် ။ ကော်ဖီနံ့တောင် မခံနိုင်တဲ့ လူထူးလူဆန်းစာရင်းဝင်ပါ ။ တိုက်ချင်ရင်တော့ လက်ဖက်ရည်တိုက်နိုင်ပါတယ်း) နောက် ဒန်တန်တန်တွေ ငယ်ငယ်တုန်းကလုပ်ပေမယ့် အသက်ကြီးလာတော့ အနားယူလိုက်ပါပြီ ဟီဟီ ။

မင်းနေတဲ့အိမ်နေရာကို သိကြပြီဆိုတော့ stalker တွေရောက်လာဦးမယ် ။ ချွတ် ချွတ်လို့ အသံကြားရင် လှည့်ကြည့်လိုက် ။ နှင်းတွေကျတာ လွမ်းစရာကြီး ။ နှင်းဖွေးဖွေးတွေနဲ့ပုံ ရိုက်ပြီး တင်ပါဦး ။ နေပူ မိုးရွာဖြစ်နေတဲ့ စင်္ကာပူက အစ်မတို့လိုလူတွေ အားကျလို့ရအောင် ။

Yan said...

ကျွန်တော်သိပါတယ်. အားနာလို့ ကော်ဖီ Group ထဲ ထည့်ထားတာ. ကျွန်တော်တို့ ၀ိုင်းကူးခဲ့လေ. ချန်ထားပါတယ်ဗျ.. ဟဲဟဲဟဲ

Anonymous said...

ဟားဟား..ကိုရန်ကြီးကတော့လုပ်ချလိုက်ပြီ..ဒီနေ့တော့ဘာညာနားထားတယ်ဗျ..အကင်သွားမရောင်းတော့ဘူး။ အင်းယားလမ်းကြီးကိုကြည့်ရတာစိတ်ကုန်လို့။ ကိုရန်ကြီးနဲ့ ကော်ဖီပဲလာသောက်တော့မယ်။

နတ္ထိ said...

05အေးဗျာ… အခု ကော်ဖီ မသောက်နိုင်တော့ဘူး။ espresso အလွန်အကျွန် သောက်တဲ့ ဒုက္ခပေါ့။ ဟိုတုန်းကတော့ ASAPပဲ။ as strong as possibleပေါ့။ strong deep black espresso လေးကို လွမ်းမိပါရဲ့။ အခုတော့ ချောကလက်ဖျော်ရည်နဲ့ အစားထိုးနေရတယ်ဗျာ။

Yan said...

ဘာညာရော ကိုနတ္ထိကိုရော ၀ဲကမ်းပါတယ်ခင်ဗျာ.
ကြိုက်သလောက်သောက်၊ သောက်သလောက် မှောက်လိုက်ကြရအောင်.

ဘာညာကတော့ အင်းလျားကို စိတ်ကုန်တယ်တဲ့ဗျာ. လုပ်ပါနဲ့ တော်ကြာ သီလရှင်ဝတ်သွားမှ ဒုက္ခ. ဘလော့ဂါသူငယ်ချင်းတွေကိုတော့ နှုတ်ဆက်ဖို့ မမေ့နဲ့ဦးနော်.

ကိုနတ္ထကြီးကတော့ အေးအေးဆေးဆေးပဲ. ဆာဒူးကြီးတွေနဲ့ ဆွေးနွေးနေတယ်နဲ့တူပါတယ်. ခင်ဗျားနော်. ကိုယ့်ဘာသာ တရားပေါက်ချင်ရင်ပေါက်. ဘာညာနဲ့ မဂျစ်တူးတို့ကိုတော့ အလွတ်ပေးလိုက်ပါဗျာ. သူတို့တွေကို ဘလော့ဂါလောကကြီးက လိုအပ်နေသေးတယ်.

စိုးဇေယျထွန်း said...

geeeee that too bad
i D't like coffe . Just only beer !
ok ?

စိုးဇေယျထွန်း said...

ကိုရန်အောင် ဘီယာသမားကို ကော်ဖီတိုက်တာ စော်ကားောပေါ့ဗျ

Yan said...

ကိုစိုးဇေယျရေ.. ဆောရီးဗျာ. ကျွန်တော်က ဘီယာနဲ့ ကော်ဖီကို မမှားအောင် တ်ုက်နေရလို့ပါ. မဂျစ်ကတော့ ဘီဘီပဲလားမသိဘူးဗျ. ကော်ဖီကြိုက်ဘူးတဲ့. ကဲကဲ. အားလုံးကို တန်ပေါင်း တောင်းပန်ပါတယ်ဗျ. ဘီဘီလေးတွေအတွက် ဒီဘက်မှာ နေရာလုပ်ထားပါတယ်. မဂျစ်တူး ဟိုဘက် နည်းနည်းရွှေ့လေဗျာ.

ကော်ကော်လေးတွေကတော့ ဟိုဘက်ထောင့်ကိုကြွပါ. ဘာညာရေ. နေရာလေးလုပ်ပေးပါဦးဗျာ. အာလူး ကတ်တလိတ် တစ်ပွဲလောက်ထပ်ချပါဦးဗျို့...

ဟိုဘက်က... .
ဒီဘက်က....

မောလိုက်တာဗျာ. ကျွန်တော် ဘယ်ဝိုင်းကို သွားရင်ကောင်းမလဲ စဉ်းစားနေတာ...

:D

Thinzar said...

ကောင်းပါပေတယ်။ ကော်ဖီကိုတော့ ကြွားတယ်။ ပြီးတော့ တိုက်မယ် မရှိဘူး။ ကလဲ ကခိုင်းလိုက်သေးတယ်.. သူများကို..
by the way, nice video footage! ^_^

Anonymous said...

ဟမ် လင်းလက်ကိုတော့ချန်ထားတယ် တော်ပြီ ကိုရန်အောင်ကို မခေါ်တော့ဘူး .. သူငယ်ချင်းစာရင်းထဲက နှုတ်လိုက်တော့မယ် ဟွန်းးးးးးးးးးးးးးးးးးးးးးးးးး စိတ်ကြီးတယ်နော်

Hay Mar said...

အေးလေ...ဒို့ကိုဆိုပိုတောင်ဆိုးသေးတယ်၊ သူ့သူငယ်ချင်းစာရင်းထဲထည့်တောင်မထည့်ဘူး။ ရပါတယ်လေ...........။

မခင်ချင်လည်း ရပါတယ်...မကြင်နာချင်လည်းရပါတယ်.....
ရင်ထဲကသမီးရဲ့ဦးကို...အမြဲတမ်းနားလည်မယ်...။


မေခလာ

Yan said...

ဟာ. စိတ်ဆိုးပါနဲ့ မလင်းလက်ရယ်. မလင်းလက်က တိုတိုနဲ့ သင်္ကြန်လည်နေမယ်ထင်လို့ မခေါ်မိတာပါ. ကဲလာဗျာ. ဘယ်ဝိုင်းထိုင်မလဲ. ဘီဘီလား. ကော်ကော်လား ၀ဲကမ်းပဲဗျ.

Yan said...

မဟေမာတို့ကတော့ လုပ်ပြီ. သူ့ဘာသာသူ Thesis နဲ့ အလုပ်ရှုပ်နေလို့ Gtalk မှာတောင် ရမ်းသရူးရိုက်နေပြီးတော့ ခုကျတော့ စိတ်ဆိုးတယ်. ရင်ထဲက သမီးရဲ့ဦးကိုတော့ စိတ်ဝင်စားတယ်ဗျာ. ဟဲဟဲ. လာခဲ့နော်. Update လုပ်ပေးမယ်.

Yan said...

>မသဉ္ဇာ...
ဟဲဟဲ. သိတယ်နော်. ဒါတောင် အချင်းချင်းတွေမို့လို့ ကပဲကခိုင်းတာ. ကျေးဇူးကို နှစ်ထပ်ကွမ်းတင်လိုက်မယ်. ဘဲဥဟင်းချက်နည်း ပြောတဲ့ အတွက်ရော. Compliments အတွက်ရောပေါ့.

Thet Htoo@Myat Lone said...

ကိုရန်အောင်ကြီးရေ။ မင်္ဂလာရှိသောနှစ်သစ်ပါခင်ဗျာ။ အစ်ကိုတို့များ အိုင်ဒီယာကလည်း လွှတ်ကောင်းကိုးဗျ။