Thursday, April 12, 2007

ပိတောက်တစ်ခက်ရဲ့သစ္စာ



အစကတော့ ဘာမှ မရေးတော့ဘူး လုပ်နေတာ. ခုကျတော့ သူ့ကို အရမ်းသတိရလာတာနဲ့ ရေးလိုက်တယ်. အောက်ကစာလေးတွေကို ဖွင့်မကြည့်ပါနဲ့နော်. သူလေးအတွက် Special ရေးထားတာမို့ပါ. တော်ကြာ ကြားကလူတွေ ရင်တွေ ခုန်နေမှာ စိုးလို့ပါ….


ကလေးရေ...

လွမ်းတယ်ကွာ.
ပြောမပြတတ်အောင်ပဲ.
သင်္ကြန်ကျတော့မယ်နော်.
ဒီနှစ်သင်္ကြန်မှာ ကလေးကို ကိုယ်ရေလောင်းခွင့်ရမယ်လို့ ကိုယ်ယုံကြည်နေခဲ့တာ
ခုလည်း အဲဒီ့ယုံကြည်မှုလေးက ငွေ့ငွေ့လေး ရှင်သန်နေဆဲပါပဲ…

မင်းမရှိတဲ့ နေရာမှာ ….

ခရစ်စမတ်မီးတွေ ထွန်းထားလည်း ဒဂုံမြို့သစ်က မီးသွေးဖိုပိုင်ရှင် တစ်ယောက်ရဲ့ မီးပျက်နေတဲ့ လမိုက်ညတွေလို မှောင်မိုက်နေဆဲပါ…

တရုတ်နှစ်သစ်ကူးဗျောက်တွေဖောက်လည်း ကိုယ့်နားတွေက ပျော်ရွှင်စွာ အော်ဟစ်နေတဲ့ လူတွေရဲ့ အသံတွေကို Norton နဲ့ ပိတ်ထားဆဲပါ… Gong xi fa cai! (Happy New Year) လို့ပြောနေတဲ့ အသံလေးတွေဟာလည်း ကိုယ့်ရဲ့ ဘယ်ဘက်နားထဲမှာ Wo Ai Ni (I Love You) လို့ကြားပြီးတော့ ညာဘက်နားထဲမှာတော့ Wo Xiangnian Ni (I Miss You) လို့ ကြားနေမိတယ် ကလေးရယ်...


မင်းမရှိတဲ့နောက်ပိုင်း ကြုံတွေ့လာရတဲ့ ရင်ခုန်သံတွေဟာလည်း မြ၀တီမဲဆောက်ကြားကသောင်ရင်းမြစ်လိုပါပဲ... ရေတသွင်သွင် စီးလာတော့မယ့် သယောင်ယောင်နဲ့ သောင်တွေပဲ ထွန်းကျန်နေခဲ့တယ်.သိလား

အင်ပါယာစတိတ်အဆောက်အအုံကြီးကို တစ်ညလုံး မီးတွေလင်းနေအောင် ထွန်းထားလည်း ကိုယ့်ဘ၀က Holland Tunnel ထဲကို ၀င်သွားတဲ့ 7 Train လိုပါပဲ.ဘာမှကို မြင်နိုင်စွမ်းမရှိတော့ပါဘူးကွာ.

တကယ်ဆိုရင် မင်းနဲ့ဝေးခဲ့ကတည်းက အာရုံ ၅ ပါးဆိုတာ ဘာမှန်းကို မသိရတော့ပါဘူး.

ခုဆိုရင် Library ရဲ့ ခုံတန်းလျားလေးပေါ်မှာလည်း ကိုယ်အိပ်ပျော်နေတတ်ပြီ.

Instant Noodle တွေကိုလည်း ဆားမထည့်ဘဲ စားတတ်နေပြီ.

ကော်ဖီကိုလည်း အချိုလျှော့သောက်တတ်နေခဲ့ပြီ.

Starbuck ကိုမြင်ရင်လည်း မျက်နှာလွှဲပြီး လမ်းလျှောက်တတ်နေခဲ့ပြီ.

ဘလော့ဂ်မှာလည်း အလွမ်းသီချင်းတွေကို ထိုင်သီနေတတ်ခဲ့ပြီ..

နေ့နဲ့ညမှားပြီး စင်ကာပူ၊ မလေးရှားက ကိုယ့်ရဲ့ သူငယ်ချင်း ဘလော့ဂ်ဂါတွေနဲ့လည်း အပြိုင် Chatting တွေထိုင်နေမိပြီ…

မျက်နှာသစ်တဲ့ Foam လေးကိုလည်း သွားပွတ်တံပေါ်တင်ပြီး သွားတိုက်မိတဲ့ အခါတွေ မနည်းတော့သလို သွားတိုက်ဆေးနဲ့လည်း မျက်နှာသစ်မိတဲ့ အကြိမ်တွေ များလှပါပြီ.

ကိုယ့်ရဲ့ဘ၀မှာ Frequency တွေ လွဲကုန်ပြီ ကလေးရယ်….

မင်းမရှိတော့တဲ့ Gtalk ရဲ့ ကွက်လပ်ကလေးမှာ…

မင်းမသုံးတော့တဲ့ Skype ရဲ့ နာမည်ဟောင်းလေးနေရာမှာ..

မင်းမခေါ်တော့တဲ့ တယ်လီဖုန်းလေးရဲ့ နံဘေးမှာ..

သိလား ကလေး..

ကိုယ့်ရင်ထဲက ပိတောက်ပန်းလေးတစ်ခက် ထိုးစိုက်ထားတယ်…..

ပိတောက်ပန်းက တစ်နှစ်မှ တစ်ခါပဲ ပွင့်လို့ လူတွေက တန်ဖိုးထားတတ်ကြတာပါ.
တစ်နှစ်ပတ်လုံး ပွင့်နေတဲ့ ကိုယ့်ရင်ထဲက ပိတောက်ပန်းလေးကိုတော့ တန်ဖိုးထားတတ်တဲ့သူ မှပဲ သိနိုင်မှာပါကွာ.

ကိုယ်နဲ့ပတ်သက်ခဲ့ဖူးသူတွေ များပါတယ်.
ဒါပေမယ့်သိလား.မင်းနဲ့ချစ်ခဲ့ရတဲ့ အချိန်မှာ မင်းကိုပဲ ကိုယ်ချစ်ခဲ့တာပါ….

ဒီသစ္စာစကားမှန်ရင် နယူးယောက်သင်္ကြန်မှာ ပိတောက်ပန်း လုံးဝမပွင့်ပါစေနဲ့သား….


pika26



3 comments:

ဂျစ်တူး - gyit_tu said...

သူလေးအတွက် စပယ်ရှယ်ဆိုပေမယ့်.. ကြားထဲကဖွင့်ကြည့်လိုက်တယ် ။ ဟဲဟဲ ။ အလဲ့... တယ်ဆိုတဲ့ စာပါလား ။ ပိတောက်ပင်မရှိတဲ့ နယူးယောက်မှာ ပိတောက်ပန်းမပွင့်ရင် မှန်တဲ့သစ္စာတဲ့ ။ တတ်လည်း တတ်နိုင်ပါပေ့ မောင်ရန်အောင်ရယ် ဟားဟား ။ လေးစားပါတယ်း)

Yan said...

ဒီလိုပဲပေါ့ မဂျစ်ရယ်.
ကိုယ့်သစ္စာမှန်ရဖို့ ဘာပဲရင်းရရင်းရပါ.
ဒါပေမယ့်သိလား ရင်ခုန်သံတွေကတော့ မရပ်သေးဘူးဗျ.
ဗျောက်ဖောက်တာထက်တောင် ပိုကျယ်နေသေးတယ်.

:D

BarNyar said...

ဟီး..မဖတ်နဲ့ဆိုမှ ဖတ်လိုက်ပါပြီဗျို့..
မိုက်တယ်...