Wednesday, April 18, 2007

အပြင်းစားအတ္တတစ်ခု


ငါ့နှလုံးသားကို ခြတွေစားနေတယ်
ဒါပေမယ့် ငါခုချိန်ထိ မားမားမတ်မတ် ရပ်နေဆဲပဲ

ငါ့ရဲ့ ရဲရင့်မှုတွေကို အမှောင်ထုက ၀ါးမြိုဖို့ ကြိုးစားနေတယ်.
ဒါပေမယ့် ငါဒီအင်အားတွေကို ကြိုးစားတွန်းလှန်နေဆဲပဲ

ငါ့ရဲ့ ဆင်ခြင်တုံတရားတွေကို ကျရှုံးမှုတွေက လှောင်ရယ်နေကြတယ်
ဒါပေမယ့် ငါကတော့ မြဲမြံတည်ကြည်နေဆဲပဲ.

လောကကြီးက အသာတကြည်နဲ့ မပေးအပ်ခဲ့တဲ့ အရာတွေရှိတယ်
ဒါတွေကို ငါရအောင်ယူနေတယ်



ငါဒီနေ့သေသွားနိုင်တယ်
ငါ့ဝိညာဉ်ကိုတော့ ဘယ်အရာကမှ မသတ်နိုင်ဘူး

ငါဒီနေ့ပျောက်ကွယ်သွားနိုင်တယ်.
ငါ့ရဲ့အရိုးတွန်သံကိုတော့ ဘယ်အရာကမှ မဖျောက်ဖျက်နိုင်ဘူး

ငါဒီနေ့ရှုံးနိမ့်သွားနိုင်တယ်
ငါ့ရဲ့ ယုံကြည်ချက်တွေကိုတော့ ဘယ်အရာကမှ မဖြိုလှဲနိုင်ဘူး

ငါ့ခေါင်းမှာ သွေးတွေရဲနေပြီ
ဒါပေမယ့် ငါဦးမော့နေဆဲပဲ…

ငါ့မျက်လုံးတွေေ၀၀ါးနေပြီ
ဒါပေမယ့် ငါ့အသိဥာဏ်တွေ လင်းလက်တောက်ပနေဆဲပဲ…

ငါ့ခြေဖ၀ါးတွေ ပေါက်ပြဲနေပြီ
ဒါပေမယ့် ငါယုံကြည်စွာ မီးလျှံတွေကို နင်းဖြတ်နေဆဲပဲ..




4 comments:

Hay Mar said...

ရန်ရေ...
ဓာတ်ပုံလေးကချစ်စရာလေးနော်..။
ဒို့ငယ်ငယ်တုန်းကပျောက်သွားတဲပူစီလေးနဲ့သိပ်တူတယ်။
အဲ့ဒီကောင်လေးပျောက်သွားတုန်းဒို့ခုနှစ်တန်းစာမေးပွဲကြီး
ဖြေခါနီးလေ....။ဒို့မစားနိုင်မအိပ်နိုင်ဖြစ်ပြီးစာမေးပွဲတောင်
အနိုင်နိုင်ဖြေယူလိုက်ရတယ်...။
အဲဒီနောက်ပိုင်း....ဒို့ကိုအမေကပူစီမမွေးခိုင်းတော့ဘူး။
သံယောဇာဉ်ဟာလူကိုဒုက္ခပေးတတ်ပါလားဆိုတာလည်း
ဒို့နားလည်လာခဲ့တယ်...။
အဲလိုပူစီအဝါရောင်လေးတွေမြင်တိုင်းသတိရနေတုန်းဘဲ..။
ဘယ်များရောက်သွားပါလိမ့်နော်.....။

Yan said...

အဲဒီ့ပူစီလေးက သူ့ကိုယ်သူ ခြင်္သေံလို့ထင်လို့ အိမ်ကထွက်သွားတာလေ. ခုဆိုသူလည်း သူ့ကိုယ်သူ ပူစီလို့တောင် မထင်တော့ပါဘူးဗျာ. ဟားဟားဟား
ဘာမှမဆိုင်ဘူးနော်. နောက်ကြည့်တာ

Anonymous said...

ဟေး ကဗျာလေးကောင်းတယ်း) စကားလုံးတွေကြိုက်တယ် ။ အတွေးအခေါ်လေး ကောင်းတယ် ။

Yan said...

မဂျစ်တူး>သင့်ခ်ယူဖော်ရွာ ကွန်မန့်… ဘီကော့စ် ယူအာ အင်စပိုင်းယား ဘိုင် မိုင်ဝါဒ့်စ်..
ဝေါင်း (ခြင်္သေ့ရီရီသည်….)