ကျွန်တော့် Template မှာ Width နည်းနည်း ပြင်လိုက်တယ်. ပြင်ပြီးတော့ မကြိုက်လို့ ပြန်ပြောင်းတယ်. ဒီနေ့ နည်းနည်းပြင်တာ များသွားတယ်. ပညာတွေလည်း တော်တော် ရလိုက်တယ်ဗျ
Widgets အသစ်လေးတွေ ထပ်ထည့်ထားပါတယ်. စမ်းကြည့်ပါ. EOT လည်း လုပ်လိုက်ပါတယ်. Ripway နဲ့တင်ရင် တစ်ချို့နေရာတွေက ဖတ်မရဘူးလို့ မမသဉ္ဇာက ပြောပါတယ်. နောက်မှပဲ Google Pages နဲ့ ပြန်တင်ပေးပါမယ်.
ဒီညတော့ ကျွန်တော် ဒေါင်းသွားပါပြီ. နောက်နေ့မှ ဆက်ပြင်ပါတော့မယ် ခင်ဗျာ.....
အားလုံးပဲ ကောင်းသောနေ့လေး ဖြစ်ပါစေ.

2 comments:
ကိုရန်အောင့် ဘလော့ဂ်ကိုလာလည်ပြီးတော့ ကျနော့်ဘလော့ဂ်ကို ပြန်ငဲ့ကြည့်မိတာ.. အင်း.. ဆီနဲ့ ရေလိုပါပဲလား။ တော်ပါပေတယ်ဗျာ။ ရုပ်ရှင်ကြည့်မလား။ ချက်တင်းလုပ်မလား။ စာဖတ်မလား။ ကျနော်တော့ ဘာမှမတတ်တော့ အခုလို လက်စွမ်းပြထားတာတွေကိုပဲ လိုက်ငေးတော့မယ်ဗျို့။
မဟုတ်ပါဘူး ကိုကလိုစေးထူးရယ်. ကျွန်တော်က ဘလော့ဂ်ဆိုတာ ဘာမှန်းမသိသေးလို့ သိချင်စိတ်တစ်ခုနဲ့ လျှောက်လုပ်ကြည့်နေတာပါ. စက်ဘီးစီးတတ်ခါစ ကလေးတစ်ယောက်လို စက်ဘီးပဲ ပတ်စီးနေတာပေါ့ဗျ. နောက်ကျရင်တော့ အစ်ကိုတို့လို အငြိမ်ပိုင်း ရောက်ပြီး စာပဲ ထိုင်ရေးတော့မယ်.
ခုတော့ နည်းနည်း ထပ်ကြွလိုက်ဦးမယ်ဗျာ..
:D
Post a Comment